IELTS သည် စာမေးပွဲတစ်ခုဆိုသည်ထက် ဖြေဆိုသူများ၏ ကြိုးစားအားထုတ်မှု၊ ဘဝတိုးတက်မှု တို့နှင့်အတူ အနာဂတ်ဘဝအတွက် အထောက်အကူဖြစ်စေသည့် ခရီးလမ်းတစ်ခုဖြစ်ပါတယ်။
သင်၏ ဘဝ အနာဂတ်ခရီးလမ်းအတွက် ပထမဆုံးခြေလှမ်း ဖြစ်သည့် အစမ်းစာမေးပွဲဖြေဆိုသည်မှ စတင်ပြီး ဘဝပြောင်းလဲစေနိုင်တဲ့ ရလဒ်ကို ရရှိသည်အထိ ခြေလှမ်းတိုင်းတွင် သင်၏ ကြိုးစားအားထုတ်မှုများ၊ စိတ်အားထက်သန်မှုများနဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုတို့ ပါဝင်လျက်ရှိသည်မှာ ဧကံပင်ဖြစ်သည်။
၂၀၂၅ ခုနှစ်တွင် British Council သည် British Council IELTS Prize 2025 ကို ထပ်မံဂုဏ်ယူစွာဖြင့် မိတ်ဆက် ပေးလိုက်ပါပြီ။
ဤပြိုင်ပွဲသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံမှ IELTS ဖြေဆိုသူများ၏ စိတ်ဝင်စားဖွယ်ကောင်းသော စာမေးပွဲအောင်မြင်မှု အတွေ့အကြုံကောင်းများကို ဂုဏ်ယူ စွာဖော်ပြနိုင်ရန် ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း British Council နှင့်အတူ IELTS ကို ဖြေဆိုခဲ့သူ များအနေနှင့် ဤပြိုင်ပွဲတွင်ပါဝင်ကာ ၎င်းတို့၏ စာမေးပွဲအတွေ့အကြုံကောင်းများနှင့် ရည်ရွယ်ချက်များကို (၂)မိနစ်စာ ဗီဒီယိုရိုက်ကူးပြီး မိမိကြိုက်နှစ်သက်ရာ Social Media အကောင့်တွင် Public ဖြင့်မျှဝေပို့စ် တင်ပေးလိုက်ရုံပါပဲ။
ဆွတ်ခူးနိုင်မည့် ဆုများ
Grand Prize Winners (၅) ဦး
တစ်ဦးလျှင် (၄,၅၀၀,၀၀၀) ကျပ်
Finalists (၅)ဦး
တစ်ဦးလျှင် ကျပ် (၂) သိန်း တန် Gift Voucher
Key Dates
- ကန်ပိန်း စတင်မည့် နေ့: 1 June 2025
- Phase I [ဗွီဒီယို နှင့် Application Form စတင်လက်ခံသည့်ကာလ]: 1 June – 30 September 2025
- ဆန်ခါတင် (၁၀) ဦး ကြေငြာမည့်နေ့: 8 October 2025
- Phase II [အနိုင်ရရှိသူ (၅)ဦး ရွေးချယ်မည့်ကာလ]: 9 October – 15 October 2025
- အနိုင်ရရှိသူများ ကြေငြာမည့်နေ့: 24 October 2025
(မှတ်ချက်: ပြိုင်ပွဲဝင်များသည် British Council နှင့်အတူ IELTS အား (၁)ရက် ဇန်နဝါရီလ မှ (၂၅)ရက် စက်တင်ဘာလ အတွင်း စာမေးပွဲဖြေဆိုထားသူများဖြစ်ရပါမည်။
ပြိုင်ပွဲတွင်ပါဝင်ရန် အဆင့်ဆင့်
Step 1: Video ရိုက်ကူးပါ။
(အရည်အသွေးကောင်းမွန်သော ဗီဒီယိုရိုက်ကူးနိုင်ရန် ရိုက်ကူးပုံနည်းလမ်းများကို အောက်တွင်ဖော်ပြပေးထားပါသည်။)
အောက်ပါအကြောင်းအရာများပါဝင်သော ဗီဒီယိုမှတ်တမ်း ကို အင်္ဂလိပ်ဘာသာဖြင့် အများဆုံး ၂ မိနစ် အတွင်းရိုက်ကူးရပါမည်။
- What is your IELTS success story and what does it mean to you personally and professionally?
- What were the biggest challenges you faced during your IELTS journey? How did you overcome them?
- Can you share your preparation process? How did the British Council help you succeed?
Step 2: ရိုက်ကူးထားသော မိမိ ကြိုက်နှစ်သက်ရာ (Facebook,Tiktok,Instagram,Youtube အစရှိသော) Social Media Channel တွင် Public Mode ဖြင့် အောက်ပါ hastags ၃ခုဖြင့် တင်ပါ။
- #IELTSPrize2025
- #IELTSJourney
- #BritishCouncilIELTS
(အထူးသတိပြုရန်: Video များကို PUBLIC Mode ဖြင့်တင်ပါရန်)
Step 3: လျှောက်လွှာဖြည်သွင်း ပါရန်။
(Application Form အား (၃၀)ရက် စက်တင်ဘာလ မြန်မာစံတော်ချိန် ည ၁၁:၅၉ မိနစ်အထိလက်ခံပါမည်။)
လျှောက်လွှာဖောင်ကို အောက်ပါ ( https://bit.ly/bcieltsprize2025 ) တွင်ဖြည့်ပါ။
လျှောက်လွှာဖောင်တွင်
- ကိုယ်ရေးအချက်အလက်များ နှင့် စာမေးပွဲ Reference Number များဖြည့်ပါ။
- စာလုံး (၁၅၀) ပါဝင်သော Essay ၂ ပုဒ်အားဖြေဆိုပါ။
What specific challenges or needs will this fund/grant help you address, and why is it important for you to receive support at this time?
Why did you choose to take IELTS with British Council?
3. ဗီဒီယိုလင့်ခ် url ကို ထည့်သွင်းပါ။
IELTS Prize တွင် လျှောက်ထားခွင့်ရှိသူများ
- မြန်မာနိုင်ငံသားတိုင်းပါဝင်ခွင့်ရှိပါသည်။
- အသက် (၁၆) နှစ်နှင့် အထက်ရှိသူတိုင်းပါဝင်နိုင်ပါမည်။ (အသက် ၁၈ နှစ်အောက်ပြိုင်ပွဲဝင်သူများအနေနှင့် Minor Consent Form ကို မိဘများ(သို့) အုပ်ထိန်းသူလက်မှတ်ထိုး၍ ခွင့်ပြုချက်လိုအပ်ပါသည်။ To Download Minor Consent Form )
- (၁)ရက် ဇန်နဝါရီလ မှ (၂၅)ရက် စက်တင်ဘာလ ၂၀၂၅ အတွင်း British Council နှင့်အတူ IELTS (သို့) IELTS for UKVI (Academic သို့ General Training) ဖြေဆိုထားသူဖြစ်ရပါမည်။
- ရရှိလာသော IELTS ရလဒ်သည် Overall Band Score 4 ရရှိရမည်ဖြစ်ပြီး Session တစ်ခုချင်းစီ တွင် Band Score 4 အနည်းဆုံးရှိရပါမည်။
ရွေးချယ်မှုစံနှုန်းများ
အဆင့် (၁) Top 10 Candidates ကို အောက်ပါအချက်များဖြင့်ရွေးချယ်မည်။ (1 June - 30 September 2025) |
ရိုက်ကူးထားသော ဗီဒီယိုအတွင်း အနည်းဆုံး၂၀% သည် ပြိုင်ပွဲဝင် ရုပ်ပုံဖော်ပြရမည်။ AI နှင့် ထုတ်ယူထားသော စာသားများမဖြစ်ရပါ။ |
အဆင့် (၂) ဆန်ခါတင် Top 5 Winners ကိုအောက်ပါအချက်များဖြင့်ရွေးချယ်မည်။ (9 October - 15 October 2025) |
*1 reaction = 1 point
|
ဆုချီးမြှင့်မှု လုပ်ငန်းစဉ်
- ဆုငွေသည် ငွေပြန်အမ်းခြင်း၊လဲလှယ်ခြင်း မပြုလုပ်နိုင်ပါ။
- ဆုကြေးငွေသည် မြန်မာကျပ်ငွေဖြင့်သာ Bank အကောင့်မှ တစ်ဆင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။
- တစ်ဦးချင်းဆီ၏ Grand Prize ဆုငွေ ၄,၅၀၀,၀၀၀ ကျပ်ကို ဘဏ်မှ တစ်ဆင့် အနိုင်ရရှိသူများ အကောင့် သို့ တိုက်ရိုက် လွှဲအပ် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
- အနိုင်ရရှိသူသည် မိမိကိုယ်ပိုင် ဘဏ်အကောင့်မရှိခဲ့ပါက မိမိ၏ မိဘ (သို့) ဆွေမျိုးသားခြင်း (သို့) သူငယ်ချင်း များထံမှ ဘဏ်အကောင့်အား ၎င်းတို့၏ သဘောတူညီမှု သက်သေခံစာရွက်စာတမ်းရယူကာ တင်ပြနိုင်ပါသည်။ ထို သက်သေခံ တတိယသူသဘောတူညီမှု အထောက်အထားပါရှိမှသာလျှင် ဗြိတိသျှကောင်စီမှ ဆုငွေကိုလွှဲအပ်ပေးမည်ဖြစ်သည်။
- ဆန်ခါတင် ပါဝင်ခဲ့သူ (၅)ဦး အား ကျပ် (၂)သိန်တန် Gift Voucher ကို ဗြိတိသျှကောင်စီ ရုံး၌ လာရောက်ထုတ်ယူလိုခြင်းဖြစ်စေ၊ e-voucher အဖြစ် ဖြစ်စေ အီးမေလ်နှင့် တကွ ပေးပို့ပေးပါမည်။ (ပေးအပ်မည့် Gift Voucher အပေါ်မူတည်၍)
ဆုငွေ ထုတ်ယူခြင်း (သို့) ပေးအပ်ခြင်း
ရွေးချယ်ခံရသူ (၁၀) ဦး အနက် အမှတ် အများဆုံး (၅)ဦး သည် တစ်ဦး လျှင် မြန်မာကျပ်ငွေ (၄,၅၀၀,၀၀၀) ကျပ် ရရှိမည်ဖြစ်ပြီး ကျန် (၅)ဦးသည် (၂)သိန်းတန် Gift-voucher အား အသီးသီးပေးအပ်သွားပါမည်။ ဗြိတိသျှကောင်စီမှ အနိုင်ရရှိသူ များကို (၂၄)ရက် အောက်တိုဘာလတွင် British Council Facebook Page တွင် ကြေငြာပေးသွားမည်ဖြစ်ပြီး လိုအပ်သော စာရွက်စာတမ်းအထောက်အထားများပြည်စုံပါက ရက် (၃၀) မှ (၄၅)ရက် အတွင်း ဆုငွေကို သက်ဆိုင်ရာ ဘဏ်အကောင့်သို့ လွှဲအပ်ပေးပါမည်။
အသေးစိတ်သိရှိလိုပါက British Council Myanmar Call Centre 09-940,070,099 သို့ နေ့စဉ် နံနက် (၉)နာရီမှ ညနေ (၅)နာရီ အတွင်း (အများပြည်သူရုံပိတ်ရက်မှအပ) သော်လည်းကောင်း၊ zinhtet.aung@britishcouncil.org သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
စည်းကမ်းသတ်မှတ်ချက်များ
- ကန်ပိန်း ဖောင်ကို (၃၀)ရက် စက်တင်ဘာလ မြန်မာစံတော်ချိန် ည ၁၁:၅၉ အထိလက်ခံပါမည်။
- ပြိုင်ပွဲဝင်များသည် ကန်ပိန်း၏ စည်းမျဉ်းစည်းများကို လိုက်နာရမည်။ အထက်ရှိသူတိုင်းပါဝင်နိုင်ပါမည်။ (အသက် ၁၈ နှစ်အောက်ပြိုင်ပွဲဝင်သူများအနေနှင့် Minor Consent Form ကို မိဘများ(သို့) အုပ်ထိန်းသူလက်မှတ်ထိုး၍ ခွင့်ပြုချက်လိုအပ်ပါသည်။
- ပြိုင်ပွဲဝင်များသည် ဗြိတိသျှကောင်စီနှင့်အတူ IELTS (သို့) IELTS For UKVI (Academic or General Training) ၏ On Paper/on Computer test တစ်ခု ကို (၁)ရက် ဇန်နဝါရီလ မှ (၂၅)ရက် စက်တင်ဘာလ အတွင်း ဖြေဆိုထားသူဖြစ်ရပါမည်။ (One Skill Retak နှင့် LifeSkills စာမေးပွဲများမပါဝင်ပါ။)
- ဗြိတိသျှကောင်စီ နှင့်အတူ ယခင် ပြိုင်ပွဲများတွင်ပါဝင်၍ အနိုင်ရရှိပြီးသူများ ပါဝင်ခွင့်မရှိပါ။ (ဥပမာ - 2023 IELTS Prize Winners, British Council IELTS Prize Champ Winners, Women in STEM, Going Global Partnerships, အစရှိသော အနိုင်ရရှိသူများ ပြန်လည်ပါဝင်ခွင့်မရရှိနိုင်ပါ။)
- ဗြိတိသျှကောင်စီ ဝန်ထမ်းများ ပါဝင် ယှဉ်ပြိုင်ခွင့်မရှိပါ။
- ရိုက်ကူးထားသော ဗီဒီယိုများသည် မိမိကိုယ်ပိုင်မူရင်းဖြစ်ရမည်ဖြစ်ပြီး ဗြိတိသျှကောင်စီမှ ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများအား လိုက်နာရမည်။
- မသင့်တော်သောအကြောင်းအရာများပါဝင်ခြင်း သို့မဟုတ် သတ်မှတ်ချက်များနှင့်မကိုက်ညီခြင်းများရှိပါက ဝင်ရောက်ပြိုင်ဆိုင်ခွင့် ပယ်ဖျက်ခြင်းခံရမည်ဖြစ်ပါသည်။
- Engagement metrics (ဥပမာ - Like သို့မဟုတ် Share အတုများ) ကို လိမ်လည်ကြံစည်ပြုလုပ်ခြင်းများရှိပါက ပါဝင်ခွင့်မှ ထုတ်ပယ်ခံရမည်ဖြစ်ပါသည်။
- ဆုငွေများကို British Council ၏ ငွေလဲနှုန်းအရ မြန်မာကျပ်ငွေဖြင့် ချီးမြှင့်မည်ဖြစ်သည်။
- Grand Prize (၅ ဆု) ကို ဆုရှင်တို့၏ ဘဏ်အကောင့်သို့ Bank to Bank Transfer ဖြင့်လွှဲပေးမည်ဖြစ်သည်။ ဆုရှင်အနေဖြင့် ကိုယ်ပိုင်ဘဏ်အကောင့်မရှိပါက မိသားစု၊ သူငယ်ချင်း သို့မဟုတ် ဆွေမျိုးတို့၏အကောင့်သို့လွှဲပြောင်းရန် လိုအပ်ပါက ဆုငွေလွှဲပေးခွင့်သက်သေအထောက်အထားတစ်ရပ်ကို British Council ထံတွင် တင်ပြရမည်ဖြစ်ပါသည်။
- British Council အနေဖြင့် အစီအစဉ်အပြောင်းအလဲ၊ ပယ်ဖျက်ခြင်း သို့မဟုတ် မည်သည့်အကြောင်းအရာ၊ အချိန်ဇယား၊ အစီအစဉ်အစိတ်အပိုင်းများကိုမဆို မည်သည့်အချိန်တွင်မဆို လိုအပ်သလို ပြင်ဆင်ပြောင်းလဲခွင့်ရှိပါသည်။
- ပြိုင်ပွဲအတွင်း မည်သည့်လိမ်လည်မှုမျိုးကိုမဆို ပြုလုပ်ခြင်း သို့မဟုတ် သံသယရှိပါက ဝင်ရောက်ယှဉ်ပြိုင်ခွင့်မှ ပယ်ဖျက်မည်ဖြစ်ပါသည်။
- ပြိုင်ပွဲအတွင်း အငြင်းပွါဖွယ်ရာ တစ်စုံတစ်ရာရှိပါက British Council ၏ဆုံးဖြတ်ချက်သည်သာလျင် အတည်ဖြစ်ပါသည်။
ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်
IELTS Prize 2025 အတွက် လျှောက်လွှာတင်သွင်းလိုက်သည်နှင့် သင်၏ကိုယ်ရေးအချက်အလက်များကိုအသုံးပြု၍ ပြိုင်ပွဲဝင်ဆိုင်ရာ အကဲဖြတ်ဆောင်ရွက်ခြင်းများ၊ သင့်အားဆက်သွယ်ခြင်းနှင့် အရောင်းမြှင့်တင်ရေးဆိုင်ရာရည်ရွယ်ချက်များအတွက် ဗြိတိသျှကောင်စီ မှ အသုံးပြုနိုင်ခြင်းကို သင်သဘောတူကြောင်း လက်ခံသည်ဟု ယူဆပြီးဖြစ်သည်။ ကိုယ်ရေးအချက်အလက်ဆိုင်ရာ ထိန်းသိမ်းခွင့် အကြောင်းအရာအချက်အလက်အသေးစိတ်ကို ဤ နှိပ် ၍ ဖတ်ရှုနိုင်ပါသည်။
ဗီဒီယို ရိုက်ကူးရန် Guideline
Minor Consent Form
အသက် ၁၈ နှစ်အောက်ပြိုင်ပွဲဝင်များအတွက် မိဘအုပ်ထိန်းသူသဘောတူမှုထောက်ခံစာ ဖြစ်ပါသည်။ ပြိုင်ပွဲဝင်သူသည် အသက်၁၈ နှစ်အောက်ဖြစ်ပါက မိဘ (သို့) အုပ်ထိန်းသူ တစ်ဦးဦး ၏ လက်မှတ်ရယူကာ ဤ ဖောင်ကို လက်မှတ်ထိုးပြီး Google Drive Folder ဖြင့် Application Form ထဲတွင် URL လင့်ခ်ဖြင့် တင်ရပါမည်။
Frequently Asked Questions (အမေးများသောမေးခွန်းများအားဖတ်ရှုရန်)
We have made planning and booking your IELTS test easy for you, so that you can focus on what matters most – getting the score you need. Find out about test format (computer/paper, online), test centres, test schedules, important deadlines and more.
Choose your format. Click here
Find your closest test centre, dates, fees, and application process here.