©

Main photo credit: Mark Wallinger’s White Horse (2013) exhibited outside British Council Head Quarters, Spring Gardens, London. Image © Peter White

Image: Mark Wallinger’s White Horse (2013) exhibited outside British Council Head Quarters, Spring Gardens, London.  Main photo credit © Peter White

ကျွန်ုပ်တို့၏ အနုပညာဆိုင်ရာလုပ်ငန်းများသည် ယူကေ၏ အမျိုးမျိုးကွဲပြားခြားနားသော ယဉ်ကျေးမှု၊ တီထွင်မှုနှင့် ဆန်းသစ်ပြောင်းလဲမှုများကို နိုင်ငံရပ်ခြားရှိ လူအများသိအောင် ပြုလုပ်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့သည် အနုပညာအစီအစဉ်များနှင့် ပူးပေါင်းလုပ်ဆောင်မှုအခွင့်အလမ်းများတိုးတက်ရန် အနုပညာ အမျိုးမျိုးနှင့် သတင်းအချက်အလက်များ ဖလှယ်၍ ဗြိတိသျှ၏ အကောင်းဆုံးပါရမီထူးသူများနှင့်အတူ လုပ်ဆောင်လျက်ရှိပါသည်။

ဗိသုကာ၊ ဒီဇိုင်း နှင့် ဖက်ရှင်

Back of the Envelope သည် ကျွန်ုပ်တို့၏ Architecture, Design and Fashion အဖွဲ့၏ blog ဖြစ်ပါသည်။ ထို blog က ယူကေ ကဏ္ဍမှ သတင်းများနှင့် ကမ္ဘာအရပ်ရပ်ရှိ စီမံချက်တို့၏ တိုးတက်မှုအသစ်များ အကြောင်းကို အသိပေးပါသည်။

တီထွင်နိုင်စွမ်းရှိသော စီးပွားရေး

ဖန်တီးနိုင်စွမ်းရှိသော စီးပွားရေးစွမ်းဆောင်ရှင်များ၊ ယဉ်ကျေးမှုခေါင်းဆောင်များ၊ မူဝါဒပြုလုပ်သူများ နှင့် ပါဝင်နိုင်သော အခွင့်အလမ်းများဆိုင်ရာ ကွန်ယက်ကို အထောက်အကူပြုလျက်ရှိသော ဗြိတိသျှကောင်စီ၏ တီထွင်နိုင်စွမ်းရှိသော စီးပွားရေးလုပ်ဆောင်ချက်များအကြောင်းကို သိရှိအောင် ထပ်မံရှာဖွေပါ။

ရုပ်ရှင်

ဗြိတိသျှကောင်စီ ရုပ်ရှင် သည် ဆန်းသစ်သော တီထွင်မှုများ၊ အမျိုးအစားများနှင့် ဗြိတိသျှ ရုပ်ရှင်၏ ထူးချွန်မှုများ၏ သတင်းအချက်အလက်များစုစည်း၍ သတင်းဆောင်းပါးအနေဖြင့် ကမ္ဘာအနှံ့ရောက်စေခြင်း အပြင် ဖန်တီးဆန်းသစ်သော ဖလှယ်မှုများပြုလုပ်နိုင်မည့် အခွင့်အရေးများကို ရှာဖွေခြင်းဖြင့် ဗြိတိသျှ ရုပ်ရှင်နှင့် ထုတ်လုပ်သူများကို နိုင်ငံတကာ ပရိသတ်သစ်များဖြင့် မိတ်ဆက်ပေးပါသည်။

စာပေ

ဗြိတိသျှကောင်စီ Literature Site တွင် ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များ၊ ဆောင်ရွက်လျက်ရှိသော စီမံချက်များ၊ ယူကေ စာပေနှင့် ပုံနှိပ်ထုတ်ဝေသော အဖွဲ့အစည်းများထံမှ သတင်းအချက်အလက်များ၊ ကမ္ဘာအနှံ့ပွဲတော်လမ်းညွှန်နှင့် စာသင်ခန်းထဲတွင် ခေတ်ပေါ် ဗြိတိသျှ စာပေကို လေ့လာနိုင်ရန် အမှီအငြမ်း များပါဝင်ပါသည်။

တေးဂီတ

ကျွန်ုပ်တို့သည် လျှပ်စစ်တေးဂီတမှ ဂျက်(စ်)ဂီတသို့၊ ရိုးရာဂီတမှ ကျေးလက်ရိုးရာဂီတသို့၊ ရှေးဟောင်း ဂန္ဓ၀င်ဂီတမှ တီးဝိုင်းသို့ အမျိုးမျိုးသော တေးဂီတများ၏ သတင်းအချက်အလက်များကို ဖလှယ်၍ ဆောင်ရွက်ပါ သည်။ တေးဂီတအဖွဲ့တွင် ကိုယ်ပိုင်အပတ်စဉ် ရေဒီယိုအသံလွင့်အစီအစဉ်ရှိပါသည်။ Selector ကတော့ ယူကေ ၏ အကောင်းဆုံး တေးဂီတသစ်များကို အသားပေးထားပါသည်။ ဤနေရာတွင် ဗြိတိသျှကောင်စီ၏ တေးဂီတအကြောင်း နောက်ထပ် အချက်အလက်များကို ရှာဖွေပါ။

ပြဇာတ်နှင့်အက

ကျွန်ုပ်တို့သည် စီစဉ်တင်ဆက်မှု အသစ်များဖြင့် နယ်လှည့်ခရီးစဉ်များ သွားခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ များပြုလုပ်ခြင်း၊ အလုပ်သင်ခြင်း၊ နှီးနှောဖလှယ်ပွဲများနှင့်ညီလာခံများကျင်းပခြင်း၊ စင်တင်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံရပ်ခြားမှ ပြဇာတ်နှင့်အကကို လက်တွေ့ လုပ်ဆောင်သူများကို ယူကေ လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်း အစရှိသော လှုပ်ရှားမှုမျိုးစုံဖြင့် ယူကေ ၏ ဖျော်ဖြေရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိပါသည်။ ပြဇာတ်နှင့်အက အကြောင်းကို ထပ်မံ၍ ရှာဖွေကြည့်ပါ။

ရုပ်ပါဝင်သော အနုပညာ (Visual Arts)

ကျွန်ုပ်တို့သည် နယ်လှည့်ပြပွဲများပြုလုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ညီလာ ခံများကျင်းပခြင်း အစရှိသော လှုပ်ရှားမှုအမျိုးမျိုးအပြင် British Visual arts ကို တိုးတက်အောင် ဆောင်ရွက်ပါ သည်။ ၈,၅၀၀ ခန့်ရှိသော British art ၏ လက်ရာပေါင်းချုပ် အကြောင်းကို ရှာဖွေဖတ်ရှုပါ။

မျှဝေပါ