သင်၏ ဝန်ထမ်းများသည်ကုမ္ပဏီလုပ်ငန်း၏ လိုအပ်ချက်ဖြစ်သည့် အင်္ဂလိပ်စာအရည်အချင်းများ ရှိ၊ မရှိ မည်သို့သိရှိနိုင်ပါသလဲ။
Aptis စာမေးပွဲသည် သင်၏ ဝန်ထမ်းများ (သို့မဟုတ်) စာမေးပွဲဖြေဆိုမည့်သူများ၏ အင်္ဂလိပ်စာအရည်အချင်းကို မှန်ကန်တိကျသော နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြု၍ သိရှိစေနိုင်ပါသည်။
ဤသို့အားဖြင့် Aptis စာမေးပွဲသည် သင့်ကို အောက်ပါအချက်များ ပိုမိုလွယ်ကူစေရန် ပြုလုပ်ပေးနိုင်ပါသည်။
- မှန်ကန်သောဝန်ထမ်းခန့်ထားမှုနှင့် ရာထူးတိုးမြှင့်ပေးနိုင်ပါသည်။
- ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်အကျိုးအမြတ်ရရှိသည်ကို တွေ့မြင်နိုင်ရန် သင်၏သင်တန်းပေးခြင်းကို အကောင်းဆုံးနယ်ပယ်နေရာများတွင် အာရုံစိုက်ထားနိုင်ပါသည်။
- သင့်ဝန်ထမ်း၏ အင်္ဂလိပ်စာ အရည်အချင်းကို သတ်မှတ်နိုင်ပြီး ယင်းတို့၏ အားသာချက် အားနည်းချက်များကို သိရှိနိုင်ပါသည်။
အဘယ်ကြောင့် Aptis စာမေးပွဲကို ရွေးချယ်သင့်ပါသနည်း။
- Aptis စာမေးပွဲသည် လွယ်ကူစွာ စီစဉ်စစ်ဆေးပေးနိုင်ပြီး သင်၏ရွေးချယ်မှုများအတိုင်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လွယ်ကူအဆင်ပြေစွာ စစ်ဆေးပေးနိုင်သည့် စာမေးပွဲတစ်ခုဖြစ်ပါသည်။
- ၎င်းစာမေးပွဲများကို ကွဲပြားခြားနားသော အင်္ဂလိပ်စာအရည်အချင်းစွမ်းရည်များဖြစ်သည့် Listening, Writing, Speaking, Reading နှင့်အတူ Grammar and Vocabulary စာမေးပွဲပါဝင်သည့် ပုံစံအမျိုးမျိုးဖြင့် စစ်ဆေးပေးနိုင်စေရန် ပြုလုပ်ထားပါသည်။
- သင်သည် သင်၏လုပ်ငန်းနှင့် ဆီလျော်သည့်စွမ်းရည်ကို စစ်ဆေးသောပုံစံမျိုးကိုလည်း ရွေးချယ်နိုင်ပါသည်။
- နေရာအမျိုးမျိုးပြောင်းလဲမှုပေါ်မူတည်၍ ရေးဖြေ (pen and paper) သို့မဟုတ် ကွန်ပျူတာဖြင့် အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးခြင်း အစရှိသည့်ပုံစံများဖြင့် ဆောင်ရွက်ပေးနိုင်ပါသည်။
- Aptis စာမေးပွဲသည် တစ်ချိန်တည်းမှာပင် အင်္ဂလိပ်စာအရည်အချင်းမြင့်မားသူများနှင့် အင်္ဂလိပ်စာအားနည်းသူများအားလုံးကို တစ်ပြိုင်တည်း တိကျစွာ စစ်ဆေးပေနိုင်သည့် စာမေးပွဲဖြစ်ပြီး ကွဲပြားခြားနားသော အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက် (A1 - C) အဆင့်ရလဒ်များကို စစ်ဆေးသိရှိနိုင်ပါသည်။
မည်သည့်အဖွဲ့အစည်း အမျိုးအစားများမှ Aptis စာမေးပွဲအား အသုံးပြုနေကြသနည်း။
Adecco Poland – a branch of Adecco Global, an international leading provider of HR solutions.
Adecco ကုမ္ပဏီသည် customer များကိုကြိုဆိုရသည့်နေရာတွင် အလုပ်လုပ်သော ဝန်ထမ်းများ၏ အင်္ဂလိပ်စာအရည်အချင်းအဆင့်ကို သတ်မှတ်နိုင်ရန် Aptis စာမေးပွဲကို အသုံးပြုပါသည်။
NetSol Technologies Inc. Pakistan, an international IT provider for the finance and leasing industry
Netsol ကုမ္ပဏီသည်အလုပ်တာဝန်အမျိုးမျိုးအတွက် လိုအပ်သည့် အင်္ဂလိပ်စာအရည်အချင်း ကိုက်ညီမှုရှိမရှိ နှိုင်းယှဉ်သတ်မှတ်ရန် Aptis စာမေးပွဲကို အသုံးပြုပါသည်။ ထို့အပြင် ဝန်ထမ်းများ၏ အင်္ဂလိပ်စာအရည်အချင်းတိုးတက်ကောင်းမွန်လာစေရန် သင်တန်းပေးခြင်းအတွက် လိုအပ်သည့် လေ့လာဆန်းစစ်မှုများအတွက် ဝန်ထမ်းများ၏ ဘာသာစကားကျွမ်းကျင်မှုကို စစ်ဆေးပါသည်။ ဝန်ထမ်းခန့်အပ်ခြင်းဆိုင်ရာ ကိစ္စများတွင်လည်း Aptis စာမေးပွဲကို အသုံးပြုခဲ့ပါသည်။