Aptis စာမေးပွဲများသည် သင့်လိုအပ်ချက်နှင့် စပ်လျဉ်းသည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို စစ်စေးပေး ပါသည်။ အင်္ဂလိပ်စာကျွမ်းကျင်မှုစွမ်းရည် လေးခုစလုံးဖြစ်သည့် အဖတ်၊ အရေး၊ အကြားနှင့် အပြော စွမ်းရည်တို့ကို အဖွဲ့အစည်း / အင်စတီကျူးရှင်းအနေဖြင့် ဆန်းစစ်ပေးနိုင်ပြီး အဓိကအရေးပါသော မဖြစ်မနေ ပါဝင်ရမည့်အစိတ်အပိုင်း (သဒ္ဒါ နှင့် ဝေါဟာရ) တို့ပါဝင်ပါသည်။ (သို့) ဥပမာ - အရေး ကဲ့သို့သော ကျွမ်းကျင်မှု တစ်မျိုးတည်းကိုသာ စစ်ပေးခြင်းတို့ပါဝင်ပါသည်။
Aptis အဖတ်စွမ်းရည်စစ်ဆေးခြင်းစာမေးပွဲသည် မည်သို့နည်း။
အဖတ်စွမ်းရည်စစ်ဆေးခြင်း စာမေးပွဲသည် မိနစ် ၃၀ ကြာမြင့်ပြီး ဆောင်ရွက်ချက်လေးခု ရှိပါသည်။ အဆိုပါ ဆောင်ရွက်ချက်များသည် တစ်ခုနှင့်တစ်ခုပိုမို ခက်ခဲသွားပါသည်။
- စာကြောင်းဖြည့်စွက်ခြင်း ထိုအပိုင်းတွင် သင့်အနေဖြင့် စာကြောင်းကိုဖြည့်စွက်ရန် (ပေးထားသည့် စာလုံး သုံးလုံးမှ) တစ်လုံးရွေးပေးရပါသည်။ ဖြည့်စွက်ရမည့်စာကြောင်းငါးခုရှိပါသည်။ စာကြောင်းတစ် ခုစီသည် လွတ်လပ်မှုရှိပါသည်။ ဆိုလိုသည်မှာ စာကြောင်းတစ်ကြောင်းကို ဖြည့်စွက်ရန် စာကြောင်း အားလုံးကို နားလည်ရန် မလိုပါ။ အဆိုပါအပိုင်းက စာကြောင်းတစ်ကြောင်း ကို ဖတ်နိုင်သည့်၊ စာကြောင်းကို ဆီလျော်သည့်စကားလုံးဖြင့် ဖြည့်စွက်ပေးနိုင်သည့် သင့်အရည်အသွေးကို ဆန်းစစ်ခြင်းဖြစ်ပါသည်။
- စာပိုဒ်၏ စည်းလုံးညီညွတ်မှု အဆိုပါအပိုင်းတွင် သင့်အနေဖြင့် စာကြောင်း ၇ ကြောင်း တွေ့မြင်ရပါ မည်။ ယင်းတို့ကို ဖရိုဖရဲစီစဉ်ထားပြီး ဇာတ်လမ်းတစ်ခုနှင့် ပတ်သတ်နေပါသည်။ ဇာတ်လမ်းတစ်ပုဒ် ဖြစ်စေရန် အဆိုပါ စာကြောင်းများကို စုစည်းရပါမည်။ သင့်တာဝန်မှာ အဆိုပါစာကြောင်းများအပေါ် click နှိပ်ပြီး ဇာတ်လမ်းတွင် မှန်ကန်သည့်အစီအစဉ်ကို စီစဉ်ပေးရန်ဖြစ်ပါသည်။ အဆိုပါအပိုင်းသည် စာပိုဒ်၏ညီညွတ်မှုအတွက် သင်၏ သိနားလည်မှုကို ဆန်းစစ်ခြင်းဖြစ်ပါသည်။ စာကြောင်းတစ်ကြောင်း စီတွင် သက်သေခံချက်များဖော်ပြထားခြင်းကို သင့်အနေဖြင့် ရှာဖွေကာ အခြားစာကြောင်းများနှင့် မည်သို့ ချိတ်ဆက်မည်ကို စဉ်းစားဖော်ထုတ်ရပါမည်။
- စာပိုဒ်အတို ဖတ်ရှုဖြည့်စွက်ခြင်း အဆိုပါအပိုင်းတွင် စာပိုဒ်ကို (စာလုံးရေ ၁၅၀ ခန့်) ဖတ်ရန်လိုအပ်ပါသည်။ အဆိုပါ လုပ်ဆောင်မှုတွင် ဆီလျော်သည့်စကားလုံးများကို (ပေးထားသည့်စာ ရင်းထဲမှ) ရွေးချယ်ခြင်းဖြင့် စာပိုဒ်တွင် ဖြည့်စွက်ရပါမည်။ အဆိုပါစာပိုဒ်တစ်ခုလုံးကို ဖြည့်စွက်ရန် အတွက် သင့်အနေဖြင့် စာကြောင်းတစ်ကြောင်းထက်ပိုမိုနားလည်ရန်လိုအပ်ပါသည်။ အဆိုပါအပိုင်း သည် စာပိုဒ်တိုများဖြင့် သင်၏စာဖတ်နိုင်မှုနှင့် နားလည်သဘောပေါက်နိုင်မှုစွမ်းရည်ကို စစ်ဆေးခြင်းဖြစ်ပါသည်။
- စာပိုဒ်အရှည် ဖတ်ရှုဖြည့်စွက်ခြင်း အဆိုပါအပိုင်းတွင် ခေါင်းစဉ်ငယ်များ ပါဝင်သည့် စာပိုဒ်အရှည်ကို (စာလုံးရေ ၇၅၀ ခန့်) ဖတ်ရန်လိုအပ်ပါသည်။ အဆိုပါ လုပ်ဆောင်မှုတွင် စာပိုဒ်ထဲရှိ ခေါင်းစဉ်ခွဲများကို စာပိုဒ်များဖြင့် တွဲခြင်း (၇ ခုတွဲပေးရပါမည်။) စာပိုဒ်နှင့် မဆီလျော်သည့် ခေါင်းစဉ်ခွဲအပို အမြဲပါ မည်ဖြစ်ပါသည်။ အဆိုပါအပိုင်းသည် စာပိုဒ်ရှည် များဖြင့် သင်၏စာဖတ်နိုင်မှုနှင့် နားလည်သဘော ပေါက်နိုင်မှုစွမ်းရည်ကို စစ်ဆေးခြင်းဖြစ်ပါသည်။ ထို့အပြင် အဆိုပါခေါင်းစဉ်ခွဲများသည် စာပိုဒ်များအား ပုံစံအမျိုးမျိုးဖြင့် မည်သို့ ထင်ဟပ်နေသည်ဟူ သည့်အပေါ် သင်၏ နားလည်သဘောပေါက်မှုကို ဖော်ပြနိုင်မည်ဖြစ်ပါသည်။ (တစ်ခါတစ်ရံတွင် တူညီသော စကားလုံးများအသုံးပြုပါသည်။ တစ်ခါတစ်ရံ တွင် တူညီသော သဘောတရား (သို့) မျှဝေထားသောခေါင်းစဉ်ကို အသုံးပြုပါသည်။
Aptis score ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။
Common European Framework of Reference (CEFR) ပေါ်မူတည်သည့် ရလဒ်များကို ရရှိပါမည်။ စစ်ဆေးသည့် ကျွမ်းကျင်မှုတစ်ခုစီအတွက် သင့်၏ CEFR (A1-C2) အဆင့်ကို သူတို့က ဖော်ပြပေးပါလိမ့်မည်။ ကျွမ်းကျင်မှုလေးခုစလုံးအတွက် စာမေးပွဲဖြေဆိုမည်ဆိုလျှင် သင့်အနေဖြင့် CEFR အဆင့်ကို ခြုံငုံရရှိမည်ဖြစ်ကာ အမှတ်အနေဖြင့် (ဝ မှ ၅ဝ) ရရှိမည်ဖြစ်ကာ ကျွမ်းကျင်မှု အဆင့်တစ်ခုခြင်း ကို ဖော်ပြပေးမည်ဖြစ်ပါသည်။
စာဖတ်စွမ်းရည်စစ်ဆေးခြင်းကို အသုံးပြုကာ သင့်အဖွဲ့အစည်းအတွင်းရှိသူများ / ဆရာ၊ဆရာမများ / ကျောင်းသားများကို ဆန်းစစ်နိုင်ပါသည်။ ထိုသို့ပြုလုပ်လိုလျှင် Aptis အဖွဲ့နှင့်ဆက်သွယ်ပါ။ ထိုအဖွဲ့က အဆိုပါလုပ်ငန်းစဉ်မှတစ်ဆင့် သင့်ကို ၀ိုင်းဝန်း လမ်းညွှန်ပေးပါလိမ့်မည်။