Speaking Test တွင် အပိုင်း ၄ ပိုင်း ပါဝင်ပြီး ဖြေဆိုချိန် ၁၂ မိနစ်ခန့် ကြာမြင့်ပါသည်။
သင်၏ ဖြေဆိုသည့်အသံကို သက်မှတ်ချိန်အတွင်း အသံသွင်းထားမည်ဖြစ်ပြီး အသံဖိုင်ကို ဗြိတိသျှကောင်စီ အကဲဖြတ်စာစစ် ဆရာ၊ ဆရာမများမှ ပြန်လည်နားထောင်၍ အမှတ်ပေးမည်ဖြစ်ပါသည်။ ဖြေဆိုရာတွင် အရေးပါသည့်အချက်များမှာ
- မေးထားသည့်မေးခွန်းများကို သေချာနားလည်အောင် ဖတ်ရှုနားထောင်ပြီး သင့်လျော်သည့် အဖြေကို ပြည့်စုံစွာပြန်လည်ဖြေကြားပေးရပါမည်။
- ကြိုးစား၍ သင် ပြောနိုင်သမျှ ရှင်းလင်းဖြေဆိုသင့်ပါသည်။
- သင်စကားပြောစဉ်တွင် မိုက်ခရိုဖုန်းမှကြားရသည့်သင့်အသံသည် ပြတ်သားရှင်းလင်းမှုရှိမရှိ သေချာစွာ စစ်ဆေးပြီးမှသာ စတင်ဖြေဆိုသင့်ပြီး သက်မှတ်ထားသည့်ဖြေဆိုချိန်ကိုလည့် ဂရုပြုသင့်ပေသည်။
- စာမေးပွဲမတိုင်မီ သင် တက်နိုင်သမျှ လေ့ကျင့်မှု များပြုလုပ်ပြီး အမှားများအတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ သင်ဖြေဆိုရမည့် အကြောင်းအရာကိုသာ အာရုံစိုက်၍ဖြေဆိုသင့်ပါသည်။
- သင်၏ အသံကို အစမ်းအသံသွင်း၍ စကားလုံးဝေါဟာရများ အသံထွက်များ မှန်ကန်တိုးတက်အောင် လေ့ကျင့်ထားသင့်ပါသည်။