Some teenagers using EnglishScore Tutors with the British Council

တစ်ဦးချင်းသင်ကြားသော  အင်္ဂလိပ်စာသင်တန်းသည်  သင့်အတွက် လိုက်ဖက်ညီထွေမှုရှိအောင် ပြုလုပ်ထားသည် 

EnglishScore Tutors သည်အသက် ၁၃ နှစ်မှ ၁၇ နှစ်ကြား British Council မှ တစ်ဦးချင်းသင်ကြားသော သင်တန်းပလက်ဖောင်းဖြစ်သည်။

  • သင်၏ ကိုယ်ပိုင်အရှိန်ဖြင့် သင်ယူနိုင်သော စက်ရှင်များနှင့် မိမိကိုယ်ကိုယ်ယုံကြည်မှု တည်ဆောက်ပါ။
  • သင့်အတွက် အကောင်းဆုံးသင်တန်းဆရာကို ရှာပါ – ကျွန်ုပ်တို့၏ အရည်အချင်းပြည့်သင်တန်းဆရာများစာရင်းမှ  ရွေးချယ်ပါ။ 
  • သင်အလိုရှိသည့်အခါ လေ့လာပါ၊ စက်ရှင်များကို ၂၄/၇ ရနိုင်သည်။
  • သင်၏အနီးနားရှိ စိတ်ကြိုက်ဒီဇိုင်းပြုလုပ်ထားသောစက်ရှင်များဖြင့်  သင်၏ပန်းတိုင်များကို တိုးတက်စေပါ။

သင်၏ ကိုယ်ပိုင်အရှိန်ဖြင့် သင်ယူပါ

လူတိုင်းတွင် သူတို့၏ကိုယ်ပိုင်သင်ယူမှုနည်းလမ်းများရှိသည်ကို ကျွန်တော်တို့နားလည်ပေးပါသည်။ EnglishScore Tutors  စက်ရှင်များသည် သင်၏ တတ်မြောက်မှုအဆင့်၊ လိုအပ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်များအတွက် စိတ်ကြိုက်ပြုလုပ်ထားသည်။ သင်ရွေးချယ်ထားသော သင်တန်းဆရာနှင့်အတူ၊ သင့်အတွက်အရေးပါသော နယ်ပယ်များကို အဓိကထားသော/အာရုံစိုက်သော သင်ယူမှုအစီအစဥ် တစ်ခုကို သင်ဖန်တီးလိမ့်မည်။ 

စက်ရှင်တိုင်း၌ သင့်အားတစ်ဦးချင်းသင်ကြားပေးသောကြောင့် ကျွန်ုပ်တို့၏သင်တန်းဆရာများသည် သင့်ထံမှ အကောင်းဆုံးရပါလိမ့်မည်။  သင်၏ စက်ရှင်များသည် ပျော်စရာကောင်းပြီး ၊ စကားပြောလေ့ကျင့်ရန် သင့်အားအချိန်များစွာပေးပါလိမ့်မည်။

သင်၏ ဆန္ဒသဘောအတိုင်းဖြစ်သည်/ထိန်းချုပ်နေသည် 

ကျွမ်းကျင်သောသင်တန်းဆရာနှင့် မည်သည့်နယ်ပယ် အာရုံစိုက်မည်ကိုသင်ဆုံးဖြတ်သည်။ 

  • အင်္ဂလိပ်စကားပြောရာတွင် သင်၏ယုံကြည်မှုကို တိုးတက်စေပါ။
  • သင်စိတ်ဝင်စားသောအကြောင်းအရာများအားဖြင့် လက်တွေ့ဘဝအင်္ဂလိပ်စာလေ့ကျင့်ပါ။
  • အင်္ဂလိပ်လိုပြောဆိုဆက်ဆံရာတွင် အထောက်အကူပြုရန် စကားဝိုင်းကျွမ်းကျင်မှုကို ဖွံ့ဖြိုးစေပါ။
  • အင်္ဂလိပ်စာစာမေးပွဲအတွက် ပြင်ဆင်ပါ။

ပြောင်းလွယ်ပြင်လွယ်သင်ယူမှု

သင်နှင့်ကိုက်ညီသောအချိန်များတွင် အစည်းအဝေးများကိုရွေးချယ်ပါ။ သင်အလိုရှိသည့်အခါ သင်ယူနိုင်စေရန် ကျောင်း၊ ပိတ်ရက်လှုပ်ရှားမှုများနှင့် အားလပ်ရက်များတို့နှင့် အံကိုက်စေပါ။ သင်၏ တိုးတက်မှုကိုအချိန်တိုင်းခြေရာခံရန် ကိုယ်ပိုင် dashboard  ကို ဝင်ရောက်နိုင်ပါမည်။ 

စတင်ခြင်းသည်  လွယ်ကူသည်

စတင်ခြင်းသည်လျင်မြန်ပြီး ၊ ရေရှည်အပ်နှံလုပ်ဆောင်ရန်မလိုအပ်ပါ။

$ 1 မိတ်ဆက် စက်ရှင်

သင်တန်းဆရာတစ်ဦး အားရွေးချယ်နိုင်ပြီး စက်ရှင်များမည်သို့အလုပ်လုပ်သည်ကိုစိတ်၀င်စားနိုင်သည့်မိနစ် ၃၀ မိတ်ဆက် session ကိုကျွန်ုပ်တို့ကမ်းလှမ်းသည်။ ဤမိတ်ဆက်သင်ခန်းစာအပြီးတွင် သင်ဆက်လက်သင်ယူရန် သင်ခန်းစာထုပ်လိုက်တစ်ထုပ်ကို  ၀ယ်ရန်၊ မ၀ယ်ရန် သင်ဆုံးဖြတ်နိုင်သည်။ သင်၏ပထမဆုံး session ကို $ 1 ဖြင့်စမ်းကြည့်ပါ။

  • သင်နှင့်အတူ လေ့လာလိုသောဆရာတစ်ဦးကိုရွေးချယ်ပါ။
  • သင်၏လက်ရှိဘာသာစကားအဆင့်နှင့် သင်တိုးတက်နိုင်သောနယ်ပယ် များကိုနားလည်ပါ။
  • ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကိုရယူပါ။

ယုံကြည်စိတ်ချရသော၊ ကျွမ်းကျင်သော အင်္ဂလိပ်သင်တန်းဆရာများထံမှ သင်ယူပါ

ကျွန်ုပ်တို့၏သင်တန်းဆရာများသည် အောင်မြင်ရန် သင်လိုအပ်သောကျွမ်းကျင်မှုများကို နားလည်ပြီး လမ်းတစ်လျှောက်သင်နှင့်အတူရှိနေမည်။ သင်တန်းဆရာတစ်ဦးစီသည် သင်ကြားရေးဆိုင်ရာအရည်အချင်းများကို ရရှိထားပြီး၊ အွန်လိုင်းပေါ်တစ်ဦးချင်းတွေ့ဆုံသင်ကြားခြင်း အတွေ့အကြုံနှစ်ပေါင်းများစွာရှိသည်။

ကျွန်တော်တို့သည် သင့်အားသင့်အိမ်မက်များနှင့် ပိုမိုနီးစပ်အောင် ကူညီရန်ကြိုဆိုဖို့ရန် အလွန်မျှော်လင့်နေပါသည်။

ကျွန်တော်တို့ထံ သင်ယူသူတို့ ဘယ်လိုတုံ့ပြန်သနည်းဆိုလျှင်

‘တကယ်တော်တဲ့ ဆရာတွေ! အံ့သြဖွယ် သင်ခန်းစာများ အဆင်ပြေသော ပလက်ဖောင်း!’ Adriano C ၊ ဘရာဇီး

“ကျွန်တော် Andrew H နဲ့ သင်ယူခဲ့ဖူးတယ်… သူကသင်သတိမမူလောက်အောင် အရမ်းရိုးရှင်းပြီး၊ အစွမ်းထက်တဲ့နည်းလမ်းကိုသုံးပြီး သင့်အားသင်ယူစေမည်။ သူကမင်းကိုလုံခြုံမှု၊ ကြိုဆိုနွေးထွေးမှု ခံစားစေတယ်၊ သင်ယူဖို့စိတ်အပန်းဖြေစေတယ် ... ဒါသည်  အရမ်းကောင်းတဲ့သင်ယူမှုခရီးတစ်ခုလို့ ပြောရမယ်။ ပလက်ဖောင်းကိုချစ်တယ်။ စက်ရှင်တိုင်းကို ငါပျော်ခဲ့တယ်။ ကျေးဇူးအများကြီးတင်ပါတယ်၊ Andrew ရေ၊ ဒါဟာပျော်ရွှင်စရာပါ။’ 'Nicolas R ၊ ကိုလံဘီယာ

‘ကျွန်တော် EnglishScore ကိုသုံးနေတာတစ်နှစ်နီးပါးရှိပြီ၊ ငါ့ရဲ့သင်ယူမှုခရီးက အရမ်းကောင်းတယ်။  EnglishScore ကိုကျေးဇူးတင်ပါတယ်၊ ကျွန်ုပ်အား အလွန်ထူးချွန်သောဆရာများနှင့် ကျွန်ုပ်၏အင်္ဂလိပ်စာကိုဖြီးလိမ်းရန် အခွင့်အလမ်းပေးသည်။ ဒါ့အပြင် အရေး၊ အဖတ်နှင့် စကားပြောကဲ့သို့နယ်ပယ်များစွာမှာ ကျွန်တော်အရမ်းတိုးတက်ခဲ့တယ်။ Subscribe လုပ်ဖို့နှင့် စမ်းကြည့်ဖို့ သင့်ကိုကျွန်တော်အကြံပေးနိုင်ပါတယ်။ ဒီ(EnglishScore) သင်တန်းဟာ ယခုထိ ‘ကျွန်တော် English လေ့လာသမျှထဲမှာ အကောင်းဆုံးနည်းပညာဖြစ်ပါတယ်!’ Guillaume P ၊ ပြင်သစ်

မွ်ေဝပါ