Are you a government ministry or NGO

သင်၏ လုပ်ငန်းသည် အစိုးရဌာနဆိုင်ရာ (သို့မဟုတ်) NGO အဖွဲ့အစည်းဖြစ်ပါက သင်၏လုပ်ငန်းတွင်လုပ်ကိုင်နေသော ဝန်ထမ်းများ၏ အင်္ဂလိပ်စာအရည်အချင်းဖွံ့ဖြိုးတိုးတက်မှုများကို အင်္ဂလိပ်စာအရည်အချင်းစစ် Aptis စာမေးပွဲအား အသုံးပြု၍ တိုင်းတာစစ်ဆေးနိုင်ပါသည်။ Aptis စာမေးပွဲသည် အပြည်ပြည်ဆိုင်ရာနှိုင်းယှဉ်မှုပြုလုပ်နိုင်သည့် အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်သည်နှင့်အညီ လက်ရှိအင်္ဂလိပ်စာအရည်အချင်းမည်မျှရှိသည့်ဝန်ထမ်းမဆို ဖြေဆိုရန်သင့်လျော်ပြီး မည်သည့်လုပ်ငန်းပတ်ဝန်းကျင်အတွက်မဆို လွယ်ကူအဆင်ပြေစွာ စစ်ဆေးပေးနိုင်သည့် အင်္ဂလိပ်စာစာမေးပွဲ ဖြစ်ပါသည်။

  • အစိုးရအဖွဲ့အစည်း (သို့မဟုတ်) NGO တစ်ခုအနေဖြင့် သင်၏ လက်ရှိအင်္ဂလိပ်စာအရည်အချင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းများအတွက် အင်္ဂလိပ်စာအရည်အချင်းစစ် Aptis စာမေးပွဲဖြင့် စစ်ဆေးပြုလုပ်၍ အကောင်အထည်ဖော်နိုင်ပါသည်။
  • သင်သည် Aptis စာမေးပွဲကို မတူညီကွဲပြားသော အရည်အချင်းရှိသည့် ဝန်ထမ်းများအတွက် လိုအပ်သောလေ့ကျင့်မှုဆိုင်ရာသင်တန်းများသတ်မှတ်ပြုလုပ်ပေးနိုင်ရန် စိစစ်စမ်းသပ်သည့် ကိရိယာတစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်ပါသည်။
  • ကျွန်ုပ်တို့မှ သင်၏စစ်ဆေးလိုသည့် အင်္ဂလိပ်စာစွမ်းရည်များအတိုင်း ဆောင်ရွက်စစ်ဆေးပေးနိုင်ပါသည်။

အဘယ်ကြောင့် Aptis စာမေးပွဲကို ရွေးချယ်သင့်ပါသနည်း။

  • စာမေးပွဲကို ကွဲပြားခြားနားသော အင်္ဂလိပ်စာအရည်အချင်းစွမ်းရည်များဖြစ်သည့် Listening, Writing, Speaking, Reading နှင့်အတူ Grammar and Vocabulary စာမေးပွဲပါဝင်သည့် ပုံစံအမျိုးမျိုးဖြင့် စစ်ဆေးပေးနိုင်စေရန် ပြုလုပ်ထားပါသည်။
  • သင်သည် သင်၏လုပ်ငန်းနှင့် ဆီလျော်သည့်စွမ်းရည်ကို စစ်ဆေးသောပုံစံမျိုးကိုလည်း ရွေးချယ်နိုင်ပါသည်။
  • Aptis စာမေးပွဲသည် လွယ်ကူစွာ စီစဉ်စစ်ဆေးပေးနိုင်ပြီး သင်၏ရွေးချယ်မှုများအတိုင်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လွယ်ကူအဆင်ပြေစွာ စစ်ဆေးပေးနိုင်သည့် စာမေးပွဲတစ်ခုဖြစ်ပါသည်။
  • Aptis စာမေးပွဲသည် တစ်ချိန်တည်းမှာပင် အင်္ဂလိပ်စာအရည်အချင်းမြင့်မားသူများနှင့် အင်္ဂလိပ်စာအားနည်းသူများအားလုံးကို တစ်ပြိုင်တည်း တိကျစွာ စစ်ဆေးပေနိုင်သည့် စာမေးပွဲဖြစ်ပြီး ကွဲပြားခြားနားသော အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့် သတ်မှတ်ချက် (A1 - C) အဆင့်ရလဒ်များကို စစ်ဆေးသိရှိနိုင်ပါသည်။
  • နေရာအမျိုးမျိုးပြောင်းလဲမှုပေါ်မူတည်၍ ရေးဖြေ (pen and paper) သို့မဟုတ် ကွန်ပျူတာဖြင့် အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးခြင်း အစရှိသည့်ပုံစံများဖြင့် ဆောင်ရွက်ပေးနိုင်ပါသည်။

External links

Aptis case study: Rwanda Education Board 

Aptis case study: Sri Lanka Bureau of Foreign Employment