Aptis for teachers

Aptis for Teachers စာမေးပွဲပုံစံသည် Aptis General စာမေးပွဲပုံစံမှ မတူညီကွဲပြားသော ဆရာ၊ ဆရာမများအတွက်ရည်ရွယ်သည့် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲဖြစ်ပါသည်။ ၎င်းစာမေးပွဲကို ပညာရေးဆိုင်ရာအစိုးရဌာနများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှ ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည် (သို့မဟုတ်) ဆရာဖြစ်သင်တန်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာအရည်အချင်းများကို စစ်ဆေးသိရှိနိုင်စေရန် အသုံးပြုပါသည်။ ပညာရေးကဏ္ဍအတွက် အဓိကဒီဇိုင်းပြုလုပ်ထားသော အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲဖြစ်သော Aptis for Teachers စာမေးပွဲသည် ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာအရည်အချင်းကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးသိရှိနိုင်ပြီး အင်္ဂလိပ်စာသင်တန်းအစီအစဉ်များ၏ ပြီးမြောက်အောင်မြင်မှုကို စစ်ဆေးသိရှိနိုင်ပါသည်။

Aptis for Teachers စာမေးပွဲ၏ မေးခွန်းပုံစံဖွဲ့စည်းပုံနှင့်ကြာချိန်မှာ Aptis General စာမေးပွဲနှင့် တူညီသော်လည်း စာမေးပွဲအတွင်းပါရှိသည့် အကြောင်းအရာများမှာ ဆရာ၊ ဆရာမများနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ နေ့စဉ်ကြုံတွေ့ရသည့် သင်ကြားရေးဆိုင်ရာအကြောင်းအရာများနှင့် ဖွဲ့စည်းထားပါသည်။ ထိုသို့ဖွဲ့စည်းထားသောကြောင့် စာမေးပွဲမေးခွန်းပုံစံများမှာ ဆရာ၊ ဆရာမများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး မေးခွန်းပါအကြောင်းအရာထက် ဖြေဆိုသူ၏ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုကို ပိုမိုအလေးထား၍ ဖြေဆိုနိုင်ပါသည်။

Aptis for Teachers စာမေးပွဲကို အောက်ပါအတိုင်း စစ်ဆေးရန်အသုံးပြုနိုင်ပါသည်။

  • ကမ္ဘာတစ်ဝှမ်းရှိကျောင်းများတွင် စာသင်ကြားနေသော အင်္ဂလိပ်စာဆရာ၊ ဆရာမများ
  • ကမ္ဘာတစ်ဝှမ်းရှိကျောင်းများတွင် အခြားဘာသာရပ်များသင်ကြားနေသည့် ဆရာ၊ ဆရာမများ
  • ဘာသာရပ်ဆိုင်ရာအကျယ်တဝင့် သင်ကြားသည့် သင်တန်းအစီအစဉ်များတွင် သင်ကြားနေသည့် အင်္ဂလိပ်စာဆရာ၊ ဆရာမများ
  • တက္ကသိုလ်များ၊ ဆရာဖြစ်သင်တန်းများရှိ ကျောင်းသား၊ ကျောင်းသူများ
  • ပညာရေးနယ်ပယ်တွင် အလုပ်လုပ်ကိုင်နေသော အခြားကျွမ်းကျင်ပညာရှင်များ

See also

မျှဝေပါ