Taking the Aptis test

Aptis ဆိုသည်မှာအဘယ်နည်း

ကျွန်ုပ်တို့သည် ကမ္ဘာတဝှမ်းလုံးတွင် အင်္ဂလိပ်ဘာသာစကား စစ်ဆေးခြင်းများပြုလုပ်ခဲ့သည့် အတွေ့အကြုံမှာ နှစ်ပေါင်း ၇ဝ ကျော်ရှိခဲ့ပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များသည် Aptis စာမေးပွဲအား အင်္ဂလိပ်ဘာသာစကား စစ်ဆေးခြင်းနှင့် ပတ်သက်ပြီး နောက်ဆုံးပေါ်သုသေသနပြုလုပ်ချက်များအားအခြခံ၍ ဖန်တီးပြုလုပ်ခဲ့ပါသည်။ 

Aptis သည် သင်၏ အင်္ဂလိပ်စာအဆင့်အား ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာစွမ်းရည် ၄ မျိုးဖြစ်သည့် အရေး၊ အဖတ်၊ အပြော နှင့် အကြား စွမ်းရည်တို့ကို စစ်ဆေးပေးခြင်းဖြင့် သိရှိနိုင်ပါသည်။ ဤစာမေးပွဲသည် အင်္ဂလိပ်သဒ္ဒါနှင့်ဝေါဟာရ ဆိုင်ရာကျွမ်းကျင်မှုကိုပါ တွဲဖက်စစ်ဆေးပေးပါသည်။ သင်သည် မည်သည့်ကျွမ်းကျင်မှုစွမ်းရည်အား အစစ်ဆေးခံရန် လိုအပ်သည်ကို သင်၏ သက်ဆိုင်ရာ အလုပ်အဖွဲ့အစည်းမှ ရွေးချယ်ပေးနိုင်မည်ဖြစ်ပါသည်။ (ဥပမာ - သင်၏အလုပ်ရှင် (သို့မဟုတ်) သင်တန်းပေးမည့်သူ)

Aptis အား မည်သို့ဖြေဆိုနိုင်မည်နည်း

Aptis ဖြေဆိုခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များအား သင်၏ အလုပ်ရှင်၊ တက္ကသိုလ် (သို့မဟုတ်) ကျောင်း မှ အသိပေးပြောကြားပေးမည်ဖြစ်ပါသည်။ Aptis စာမေးပွဲဖြေဆိုရန်အတွက် သင်ကိုယ်တိုင် ကျွန်ုပ်တို့ထံတွင် တိုက်ရိုက်စာရင်းပေးသွင်းရန် မလိုအပ်ပါ။ 

Aptis စာမေးပွဲရမှတ်များ၏ အဓိပ္ပာယ်နှင့် ရှင်းလင်းချက်

သင်သည် Aptis စာမေးပွဲရမှတ်များအား Common European Framework of Reference (CEFR) အပေါ်အခြေခံ၍ ရရှိမည်ဖြစ်ပါသည်။ ကျွမ်းကျင်မှုစွမ်းရည်တစ်ခုချင်းစီ၏ ရမှတ်များသည် CEFR (A1 -C) အဆင့်သတ်မှတ်ချက်များဖြင့် ဖော်ပြပေးမည်ဖြစ်ပါသည်။ သင်သည်  ကျွမ်းကျင်မှုစွမ်းရည် လေးမျိုးစလုံးအား ဖြေဆိုပါက စွမ်းရည်တစ်ခုချင်းစီ အတွက် CEFR အဆင့်ရမှတ်များအားရရှိမည့်အပြင် ကျွမ်းကျင်မှုစွမ်းရည် လေးမျိုးစလုံး၏ ပျမ်းမျှ CEFR အဆင့်သတ်မှတ်ချက်တစ်ခုကိုလည်း ရရှိမည်ဖြစ်ပါသည်။ သင်၏ CEFR အဆင့်သတ်မှတ်ချက် ရလဒ်အမှတ်သည် (ဝ မှ ၅ဝ) အထိဖော်ပြပေးမည်ဖြစ်ပြီး ၄င်းရလဒ်အမှတ်သည် သင်၏ကျွမ်းကျင်မှုစွမ်းရည် တစ်ခုချင်းစီ၏ အဆင့်သတ်မှတ်ချက်အား ထင်ဟပ်ပြသပေးမည်ဖြစ်ပါသည်။ 

နမူစာမေးပွဲရလဒ်အား လေ့လာနိုင်ပါသည်။

"ဗြိတိသျှကောင်စီ သည်အင်္ဂလိပ်စာ စစ်ဆေးမှုတွင် တန်းတူညီမျှမှု၊ မတူညီကွဲပြားမှု နှင့် အားလုံးပါဝင်စေမှု စသည်တို့တွင် အလေးအနက်ထားမြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ Aptis စာမေးပွဲသည် ဖြေဆိုလိုသောမည်သူ့ကိုမဆို စစ်ဆေးပေးနိုင်ရမည်ဟု ကျွန်တော်တို့ လက်ခံယုံကြည်ထားပါသည်။  လူတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် Aptis စာမေးပွဲတွင် ၄င်းတို့ ၏အကောင်းဆုံး စွမ်းဆောင်နိုင်မှု အရည်အချင်းကို ပြသနိုင်ခွင့် ရှိသင့်ကြောင်း ကျွန်တော်တို့ လက်ခံယုံကြည်ထားပါသည်။

သင်သည်မသန်စွမ်းသည့် အခြေအနေတစ်ခုတွင်ရှိနေပြီး Aptis စာမေးပွဲကို ဖြေဆိုနိုင်စွမ်းမရှိခြင်း (သို့) စာမေးပွဲပုံစံသည် သင်၏အင်္ဂလိပ်စာ အဆင့်အစစ်အမှန်ကို ဖော်ပြနိုင်ရန် အဆင်မပြေဖြစ်နေသည် ဟုယုံကြည်ထားပါက ကျွန်တော်တို့ ဗြိတိသျှကောင်စီ သို့ ဆက်သွယ်၍ သင်၏လိုအပ်ချက်အတိုင်း စာမေးပွဲဖြေဆိုမည့် ပုံစံကို ပြုပြင်ပေးနိုင်မည့် နည်းလမ်းများကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။  စာမေးပွဲဖြေဆိုသည့်ပုံစံကို ဥပမာ - ရေးဖြေပုံစံ၊ မျက်မမြင်ဖတ် Braille နှင့် ပုံနှိပ်စာလုံးကြီး၊ အချိန်ပိုနှင့် အခြားပုံစံမျိုးစုံဖြင့် ချိန်ညှိကာ စစ်ဆေးပေးနိုင်ပါသည်။

စာမေးပွဲနှင့်ပတ်သက်၍ သင့်အတွက်မျှတမှုရှိစွာ စစ်ဆေးပေးနိုင်ရန် နှင့် Aptis စာမေးပွဲ၏ အဆင့်မြင့်သောစံချိန်စံညွှန်း နှင့် ယုံကြည်စိတ်ချနိုင်မှု တို့ကိုလည်း ထိန်းသိမ်းနိုင်ရန် အတွက် ကျွန်တော်တို့နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Aptis စာမေးပွဲအတွက်မည်သို့ပြင်ဆင်ရပါမည်နည်း