Aptis သည် ကမ္ဘာတစ်ဝှမ်းမှ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ကော်ပိုရေးရှင်းများ၊ တက္ကသိုလ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာကျောင်းများအတွက် အင်္ဂလိပ်စာအရည်အချင်းအဆင့်ကို နှိုင်းယှဉ်နိုင်ရန် လုပ်ငန်းရှင်များအသုံးပြုသည့် အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲဖြစ်ပါသည်။
Aptis စာမေးပွဲကို အင်္ဂလိပ်စာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသင်တန်းအစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသုံးပြုနိုင်ပါသည်။ သင်၏လုပ်ငန်းခွင်တွင် face-to-face သင်တန်းများတွင်ဖြစ်စေ၊ e-learning အတွက်ဖြစ်စေ Aptis စာမေးပွဲကို သင်တန်းများမစမီ ကြိုတင်၍ အင်္ဂလိပ်စာအရည်အချင်းစစ်ဆေးခြင်းအားဖြင့်လည်းကောင်း၊ သင်တန်းအပြီး အင်္ဂလိပ်စာအရည်အချင်း ပြန်လည်စစ်ဆေးသုံးသပ်ခြင်းတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ ထိုသို့အသုံးပြုခြင်းဖြင့် ဖြေဆိုသူများ၏ သင်တန်းမစတင်မီ နှင့် သင်တန်းပြီးစီးပြီးချိန်တွင် ဖြေဆိုသူများ၏ အရည်အချင်းမည်မျှတိုးတက်လာသည်ကို သင်တွေ့မြင်နိုင်ပါသည်။
Aptis စာမေးပွဲသည် Common European Framework of Reference for Languages ကိုအသုံးပြု၍ အပြည်ပြည်ဆိုင်ရာအဆင့်နှိုင်းယှဉ်သတ်မှတ်ပေးနိုင်သောစာမေးပွဲဖြစ်သည်နှင့်အညီ သင့်ဝန်ထမ်းများ၏ အင်္ဂလိပ်စာအရည်အချင်းကို မှန်ကန်တိကျသောစစ်ဆေးမှုနည်းလမ်းဖြင့် သိရှိနိုင်ပါသည်။