သင့်အဖွဲ့အစည်းအတွက် Aptis စာမေးပွဲကို မည်သည့်ပုံစံဖြင့် စစ်ဆေးလိုပါသလဲ။
- သင်ကိုယ်တိုင်စာမေးပွဲကိုကြီးမှူးကျင်းပခြင်း - Aptis စာမေးပွဲစစ်ဆေးရန် သင်လိုအပ်မည့်စာမေးပွဲဆိုင်ရာလိုအပ်ချက်အားလုံးကို ကျွန်ုပ်တို့မှ ထောက်ပံ့ပေးမည်ဖြစ်ပြီး အဆင်ပြေသင့်လျော်သည့်အချိန်နှင့်နေရာတွင် သင်ကိုယ်တိုင်ဦးဆောင်စစ်ဆေးနိုင်စေရန် ပြုလုပ်ပေးပါသည်။
- ဗြိတိသျှကောင်စီမှ စာမေးပွဲကိုကြီးမှူးကျင်းပခြင်း - သင့်စီးပွားရေးလုပ်ငန်း (သို့မဟုတ်) အဖွဲ့အစည်းသည် စာမေးပွဲစစ်ဆေးမှုကို ဦးဆောင်စီမံရန်အချိန်မပေးနိုင်သောကြောင့် ဗြိတိသျှကောင်စီမှ သင့်အဖွဲ့အစည်းအတွက် Aptis စာမေးပွဲကို စီမံကြီးကြပ်၍ လိုအပ်သည်များကိုပြင်ဆင်ပေးခြင်းမှစပြီး စာမေးပွဲရရလဒ်များထွက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးပါသည်။ ထို့အပြင် စာမေးပွဲအခန်းအတွင်း လုံခြုံစိတ်ချစွာဖြင့် စစ်ဆေးပေးနိုင်စေရန် စာမေးပွဲကြီးကြပ်သူများကိုလည်း စေလွှတ်ပေးပါသည်။
စာမေးပွဲရလဒ်များ
စစ်ဆေးထားသည့်စွမ်းရည်အသီးသီး၏ရမှတ်များမှာ အမှတ် ဝ မှ ၅ဝ အထိသတ်မှတ်တိုင်းတာပြီး ယင်းအမှတ်များကို စာမေးပွဲဖြေဆိုသည့် အုပ်စုအတွင်းရှိ ဖြေဆိုသူတစ်ဦးချင်းစီ၏ရမှတ်များ နှိုင်းယှဉ်ရာတွင် အသုံးပြုနိုင်သည့်အပြင် ဒုတိယအကြိမ်ဖြေဆိုပါက တိုးတက်မှုအခြေအနေကို တိုင်းတာရာတွင်လည်း အထောက်အကူပြုပါသည်။