- Aptis သည် သင်၏ လုပ်ငန်းအဖွဲ့အစည်းအတွင်း အင်္ဂလိပ်စာအရည်အချင်းကျွမ်းကျင်မှုနှင့် ပတ်သက်၍ တိကျမှန်ကန်သော ရလဒ်များကို ဖြည့်ဆည်းပေးပါသည်။ ဤသို့အားဖြင့် သင်သည် သင့်အဖွဲ့အစည်းအတွက် လိုအပ်သော ဝန်ထမ်းများ ခန့်အပ်ခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သင်တန်းများနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များအား ချမှတ်နိုင်ပါသည်။
- Aptis သည် အချိန်မရွေး၊ နေရာမရွေး လွယ်ကူအဆင်ပြေစွာ စစ်ဆေးပေးနိုင်သော အင်္ဂလိပ်စာစာမေးပွဲဖြစ်သောကြောင့် သင်၏ ဝန်ထမ်းများ၏ အင်္ဂလိပ်စာအရည်အသွေးကို မြန်ဆန်သက်သာစွာဖြင့် အကဲဖြတ်သိရှိနိုင်ပါသည်။
- ထို့အပြင် Aptis စာမေးပွဲသည် သင့်အဖွဲ့အစည်းနှင့်ကိုက်ညီသော အင်္ဂလိပ်စာအရည်အချင်းများကို မှန်ကန်တိကျစွာ စစ်ဆေးပေးပြီးနောက် ရလဒ်များကို လျင်မြန်စွာရရှိနိုင်ပါသည်။
စာမေးပွဲများကို မည်သို့ဖွဲ့စည်းထားပါသနည်း။
-
Aptis စာမေးပွဲတွင် grammar & vocabulary အပါအဝင် အခြားအင်္ဂလိပ်စာစွမ်းရည် (၄) မျိုးဖြစ်သည့် speaking၊ writing၊ listening၊ reading တို့ကို စစ်ဆေးအကဲဖြတ်ပေးပြီး လိုအပ်ပါက မိမိနှစ်သက်ရာစွမ်းရည် ၁ မျိုး (သို့မဟုတ်) ၂ မျိုးကို စစ်ဆေးနိုင်ပါသည်။
-
စာမေးပွဲအား စတင်ဖြေဆိုရာတွင် ယျေဘုယကျသော မေးခွန်းများဖြင့် အစပြုပြီးနောက် ပိုမိုကျွမ်းကျင်အားထုတ်မှုလိုအပ်သော မေးခွန်းများကို ဆက်လက်ဖြေဆိုရမည့် ပုံစံဖြစ်ပါသည်။ စာမေးပွဲ၏ အပိုင်းအသီးသီးတွင် အင်္ဂလိပ်စာအဆင့်သတ်မှတ်ချက် (CEFR) A1 မှ C အထိ သတ်မှတ်ထုတ်ပြန်ပေးပါသည်။
သင် လိုအပ်သည့် Aptis စာမေးပွဲကို မည်သို့ရွေးချယ်မည်နည်း။
သင်သည် သင့်အဖွဲ့အစည်းအတွက် အသင့်တော်ဆုံးဖြစ်သော အင်္ဂလိပ်စာစွမ်းရည် တစ်မျိုးမျိုးကို စစ်ဆေးခြင်း (သို့မဟုတ်) အင်္ဂလိပ်စာစွမ်းရည် (၄) မျိုးစလုံး (အရေး၊ အဖတ်၊ အပြော၊ အကြား) စသည်တို့ကို ရွေးချယ်နိုင်ပါသည်။
ဥပမာအားဖြင့် သင်သည် ဧည့်သည်များနှင့် တိုက်ရိုက်ဆက်ဆံရန်လိုအပ်သည့် ဝန်ထမ်းခန့်အပ်ခြင်းအတွက် တာဝန်ယူရသော ဝန်ထမ်းရေးရာ မန်နေဂျာတစ်ယောက်ဖြစ်ပါက သင်၏ ဦးစားပေးရွေးချယ်မှုမှာ အင်္ဂလိပ်စာအပြောစွမ်းရည်နှင့် အရေးစွမ်းရည်တို့ကို အဓိကထားစစ်ဆေးပေးရပါလိမ့်မည်။ သို့သော်လည်း သင်သည် ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည်အားလုံးကို အကဲဖြတ်ရန်လိုအပ်ပါက အင်္ဂလိပ်စာစွမ်းရည် (၄) မျိုးစလုံးကို စစ်ဆေးရန်လိုအပ်ပါလိမ့်မည်။
ကျွန်ုပ်တို့မှ သင်၏ အဖွဲ့အစည်းအတွက် သင့်လျော်ကိုက်ညီဆုံးနည်းလမ်းဖြင့် Aptis စာမေးပွဲစစ်ဆေးရန် အကြံပြုပေးနိုင်ပါသည်။
သင့်စာမေးပွဲလိုအပ်ချက်များသည် ဝန်ထမ်းခန့်အပ်ခြင်းဖြစ်စေ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများအတွက်ဖြစ်စေ Aptis စာမေးပွဲသည် သင့်အဖွဲ့အစည်းအတွက် အလိုအပ်ဆုံးဖြစ်သည့် ခေတ်မှီသော အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲတစ်ခုဖြစ်ပါသည်။
Aptis စာမေးပွဲအမျိုးအစားများ
သင်၏ လုပ်ငန်းနှင့် သင့်လျော်မှန်ကန်တိကျသော စာမေးပွဲပုံစံအမျိုးမျိုးကို သင် စစ်ဆေးစေလိုသည့်အတိုင်း စာမေးပွဲများကို အောက်ပါပုံစံများအတိုင်း စစ်ဆေးပေးပါသည်။
Aptis General
Aptis General စာမေးပွဲသည် အသက် ၁၆ နှစ် နှင့်အထက် ဖြေဆိုမည့်သူများအတွက် အခြေခံအင်္ဂလိပ်စာ စစ်ဆေးသည့် စာမေးပွဲပုံစံဖြစ်ပါသည်။ ဤစာမေးပွဲပုံစံတွင် အင်္ဂလိပ်စာစွမ်းရည် အမျိုးအစားအလိုက်ခွဲခြားထားသော package စုစုပေါင်း (၁၅) မျိုးအနက် သင်၏ လုပ်ငန်းအဖွဲ့အစည်းနှင့် ကိုက်ညီမည့် စာမေးပွဲ package ကို ရွေးချယ်စစ်ဆေးပေးနိုင်ပါသည်။
Aptis for Teachers
Aptis for Teacher စာမေးပွဲသည် သင်၏ လုပ်ငန်းအဖွဲ့အစည်းတွင် သင်ကြားပို့ချနေသော ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည်ကို တိုးတက်စေရန် အဓိကအားဖြင့် ပညာရေးနယ်ပယ်တွင် လုပ်ကိုင်နေသော သူများကို အင်္ဂလိပ်စာစစ်ဆေးရာတွင် အဓိကအသုံးပြုနိုင်ပါသည်။
ဤစာမေးပွဲပုံစံနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်သည်။
Aptis for Teens
Aptis for teens စာမေးပွဲပုံစံသည် အသက် (၁၃) နှစ်မှ (၁၅) နှစ်အတွင်းရှိသော လူငယ်များအတွက် ရည်ရွယ်စစ်ဆေးပေးသော ယျေဘုယအင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲတစ်မျိုးဖြစ်ပါသည်။ ဤစာမေးပွဲပုံစံသည် အဓိကအားဖြင့် အင်္ဂလိပ်စာအရည်အချင်း တိုးတက်အောင်ဆောင်ရွက်ရာတွင် ငယ်ရွယ်သော အင်္ဂလိပ်စာလေ့လာသင်ယူနေသည့် လူငယ်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ထားပါသည်။
ဤစာမေးပွဲပုံစံနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်သည်။