Are you a school, university or college?

အင်္ဂလိပ်ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုများကို မည်သို့တိကျစွာ စစ်ဆေးသိရှိနိုင်ပါသနည်း။

Aptis စာမေးပွဲသည် နိုင်ငံတကာတွင် နှိုင်းယှဉ်မှုများပြုလုပ်နိုင်သည့် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲတစ်ခုဖြစ်သောကြောင့်

  • သင့်ကျောင်း၏ အင်္ဂလိပ်စာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်လည်းကောင်း၊
  • သင်၏ ဆရာ၊ ဆရာမများ (သို့) ကျောင်းသားများ အတွက် လိုအပ်သည့် လေ့ကျင့်မှုဆိုင်ရာသင်တန်းများ ပြုလုပ်အကောင်အထည်ဖော်ရန် စစ်ဆေးပေးသည့် ကိရိယာတစ်ခုအနေဖြင့်လည်းကောင်း၊
  • သင့်အင်္ဂလိပ်စာသင်တန်းများ၏ အကျိုးသက်ရောက်မှုများကို လေ့လာသုံးသပ်နိုင်ရန် သင်တန်းမစတင်မီ (သို့မဟုတ်) သင်ကြားဆဲကာလ (သို့မဟုတ်) သင်တန်းပြီးဆုံးချိန်များတွင် Aptis စာမေးပွဲစစ်ဆေးခြင်းဖြင့်လည်းကောင်း၊
  • စာမေးပွဲဖြေဆိုသူ၏ အင်္ဂလိပ်ဘာသာ အရည်အချင်း အားသာချက်၊ အားနည်းချက်များကို သိရှိနိုင်စေရန်လည်းကောင်း အင်္ဂလိပ်စာအရည်အချင်းစစ် Aptis စာမေးပွဲကို အသုံးပြုနိုင်ပါသည်။

အကျိုးသက်ရောက်မှုများ

  • Aptis စာမေးပွဲသည် ဖြေဆိုသူမည့်သူတစ်ဦးချင်းအတွက် ဆီလျော်သော အင်္ဂလိပ်စာစာမေးပွဲ ဖြစ်ပါသည်။
  • မိမိစစ်ဆေးလိုသော ဖြေဆိုသူ၏ အင်္ဂလိပ်စာစွမ်းရည်(၄)မျိုးစလုံးဖြစ်စေ (သို့မဟုတ်) တစ်မျိုးတည်းကိုဖြစ်စေ စစ်ဆေးရရှိနိုင်ပါသည်။
  • အပြောစွမ်းရည် (speaking) နှင့် အရေးစွမ်းရည် (writing) များကို အဆင့်မြင့် တိကျမှန်ကန်စွာ စစ်ဆေးပေးနိုင်သော အင်္ဂလိပ်စာစွမ်းရည်ကျွမ်းကျင်သူများအဖွဲ့မှ စစ်ဆေးစိစစ်ပေးပါသည်။
  • Aptis စာမေးပွဲသည် အချိန်မရွေး၊ နေရာဒေသမရွေး စစ်ဆေးပေးနိုင်ပြီး ရလဒ်အမှတ်များကို တိကျမြန်ဆန်စွာထုတ်ပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

Aptis စာမေးပွဲသည် အဆင်ပြေသက်သာ၍ ယုံကြည်စိတ်ချရသော အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲဖြစ်ပြီး သင့်ကျောင်းသား၊ ကျောင်းသူများ (သို့မဟုတ်) ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည်နှင့် ပတ်သက်သည့် မှန်ကန်တိကျသော စစ်ဆေးမှုတစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။

စာမေးပွဲ၏ ရလဒ်များကို Common European Framework of Reference for Languages ဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နှိုင်းယှဉ်နိုင်ပါသည်။ ထို့အပြင် ၎င်းသည် မည်သည့်အင်္ဂလိပ်စာစွမ်းရည်တိုးတက်မှုလိုသည်ကို သိရှိပြီး ဆီလျော်သည့် အင်္ဂလိပ်စာသင်တန်းများ ပြုလုပ်ပေးနိုင်စေရန် အထောက်အကူပြုပါသည်။

Aptis စာမေးပွဲကို သင့်ကျောင်း၊ ကောလိပ် (သို့မဟုတ်) တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းအစီအစဉ်များတွင် သင်တန်းမတိုင်မီနှင့် သင်တန်းပြီးဆုံးပြီးချိန် အကဲဖြတ်စစ်ဆေးသည့် ကိရိယာတစ်ခုအနေဖြင့်  ပေါင်းစည်းအသုံးပြုနိုင်ပါသည်။

သင်၏ အဖွဲ့အစည်းအတွက် Aptis စာမေးပွဲ အဘယ်ကြောင့် စစ်ဆေးသင့်ပါသလဲ။

  • သင် စစ်ဆေးလိုသည့် အင်္ဂလိပ်စာစွမ်းရည်များကို ရွေးချယ်ပေါင်းစည်း၍ စစ်ဆေးပေးနိုင်ခြင်း
  • သင်၏ အဖွဲ့အစည်းအနေဖြင့် Aptis စာမေးပွဲကို အသုံးပြုစစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း
  • Aptis စာမေးပွဲကို ဗြိတိသျှကောင်စီမှ အင်္ဂလိပ်စာကျွမ်းကျင်ပညာရှင်များမှ အကဲဖြတ်စစ်ဆေးပေးခြင်း
  • စာမေးပွဲအား လိုအပ်သလို အင်္ဂလိပ်စာစွမ်းရည်အမျိုးအစားများကို ပြောင်းလဲစစ်ဆေးပေးနိုင်သောကြောင့် သင့်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သင့်လျော်မှုရှိခြင်း
  • စာမေးပွဲစစ်ဆေးပေးချိန်တွင် ဖြေဆိုသူတစ်ဦးချင်း (သို့မဟုတ်) ဖြေဆိုသည့်အဖွဲ့အလိုက် အသေးစိတ်ရမှတ်အချက်အလက်များကို ပေးစွမ်းနိုင်ခြင်း

Aptis စာမေးပွဲအား မည်သည့်အဖွဲ့အစည်းအမျိုးအစားများမှ အသုံးပြုကြပါသလဲ။

အစိုးရအဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းများ၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် Aptis ကိုအသုံးပြုကြပါသည်။

External links

Aptis case study: Punjab Education