ကမ္ဘာတစ်ဝှမ်းတွင် ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်စာစစ်ဆေးမှုအတွက် လိုအပ်ချက်ဖြစ်သည့် အင်္ဂလိပ်စာစကားကို ယင်းတို့ကျောင်းနေချိန်မှစ၍ လေ့လာသင်ကြားလာကြပါသည်။ ကျောင်းများနှင့် မိဘများသည် ယင်းတို့၏ တပည့်များနှင့် သားသမီးများကို နိုင်ငံတကာနယ်ပယ်တွင် ပညာများသင်ယူပြီး လေ့လာကျွမ်းကျင်စွာ အလုပ်လုပ်ဆောင်နိုင်စေရန် အင်္ဂလိပ်စာစွမ်းရည်ကျွမ်းကျင်မှုကို အရေးပါသော အတိုင်းအတာတစ်ခုအနေဖြင့် သတ်မှတ်ထားကြပါသည်။
Aptis for Teens ဆိုသည်မှာ
- Aptis for Teens သည် ဗြိတိသျှကောင်စီမှ စစ်ဆေးပေးသည့် အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲပုံစံအသစ်တစ်ခုဖြစ်ပြီး အဓိကအားဖြင့် ဆယ်ကျော်သက်အရွယ် ဖြေဆိုသူများ၏ အင်္ဂလိပ်စာအရည်အချင်းကို ၎င်းတို့ရင်းနှီးကျွမ်းဝင်နိုင်သည့် ပုံစံမျိုးဖြင့်စစ်ဆေးပေးနိုင်ရန် ဒီဇိုင်းပြုလုပ်ထားပါသည်။
- အဓိကအားဖြင့် အသက်၁၃နှစ်မှ ၁၇နှစ်အတွင်းရှိ ဆယ်ကျော်သက်လူငယ်များအတွက်ရည်ရွယ်ပြီး Aptis for Teens စာမေးပွဲသည် သတ်မှတ်ထားသော အင်္ဂလိပ်စာအရည်အချင်းစွမ်းရည်များကို စစ်ဆေးပေးပြီး ရလဒ်များကို လျင်မြန်စွာလက်ခံရရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်ပါသည်။
- စာမေးပွဲ၏မေးခွန်ပုံစံများသည် ဆယ်ကျော်သက်လူငယ်တစ်ယောက်၏ နေ့စဉ်ဘဝတွင်ကြုံတွေ့ရသည့် လုပ်ငန်းဆောင်တာအဖြစ်အပျက်များဖြင့် စီစဉ်ပြုလုပ်ထားပါသည်။ ဥပမာအားဖြင့် social media များ၊ အိမ်စာများ၊ ကျောင်းပွဲတော်များနှင့် အားကစားနှင့်ပတ်သက်သည့် မေးခွန်းများဖြင့် စာမေးပွဲနှင့်ရင်းနှီးကျွမ်းဝင်စေရန်ပြုလုပ်ထားပါသည်။ ယင်းစာမေးပွဲစစ်ဆေးသည့်ပုံစံသည် ဖြေဆိုသူလူငယ်များ၏ အင်္ဂလိပ်စာဗဟုသုတနှင့် စွမ်းရည်ကိုပြည့်စုံစွာဖော်ဆောင်ပြနိုင်စေရန်ရည်ရွယ်ပြုလုပ်ထားပါသည်။
- Aptis for Teens စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်စာအရည်အချင်းအား အချိန်နှင့်တပြေးညီအဆင်ပြေစွာနှင့် အကျိုးသက်ရောက်မှုရှိစေရန် လက်ရှိပညာရေးစနစ်များအတိုင်း ချိတ်ဆက်ထားပါသည်။
Aptis for Teens ကို ဘယ်သူတွေ အသုံးပြုနိုင်ပါသလဲ။
- အခြေခံပညာအလယ်တန်းကျောင်းများ
- ကမ္ဘာတစ်ဝှမ်းရှိ ပညာရေးဆိုင်ရာအစိုးရဌာနများ
- ဘာသာစကားဆိုင်ရာကျောင်းများ
- ပုဂ္ဂလိက အင်္ဂလိပ်စာနည်းပြဆရာ၊ ဆရာများ
- အင်္ဂလိပ်စာသင်ကြားသည့်ကျောင်းများ
Aptis for Teens က မည်သည်တို့ကို လုပ်ဆောင်ပေးနိုင်ပါသလဲ။
- အင်္ဂလိပ်စာကျွမ်းကျင်မှုအရည်အချင်းအဆင့်များအတိုင်း သင်ယူမည့်သူများအားး သင်ကြားပေးနိုင်ခြင်း
- ကျွမ်းကျင်မှုဆိုင်ရာအသိအမှတ်ပြုစာမေးပွဲများ ဖြေဆိုခြင်းအတွက် အင်္ဂလိပ်စာဘာသာစကားဆိုင်ရာကျွမ်းမှုများအဆင်သင့်ဖြစ်စေရန် စစ်ဆေးပေးခြင်း
- နိုင်ငံခြားတွင်ပညာသင်ကြားခြင်းနှင့် နိုင်ငံတကာသင်တန်းများတွင် ပါဝင်နိုင်စေရန် အင်္ဂလိပ်စာစွမ်းရည် စစ်ဆေးပေးနိုင်ခြင်း
- သင်ကြားရေးပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူပြုစေရန်နှင့် အင်္ဂလိပ်စာသင်ကြားခြင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအားသာချက် အားနည်းချက်ကို သိရှိစေနိုင်ရန် စစ်ဆေးပေးခြင်း
- သင်ကြားရေးဆိုင်ရာ အစီအစဉ်များကို ပြန်လည်သုံးသပ်နိုင်ခြင်း
- သင်ကြားစဉ်ကာလအပြီး ကျောင်းသားများ၏စွမ်းရည်ကို စစ်ဆေးပေးနိုင်ခြင်း
ဖြေဆိုပြီးရလဒ်များအားတစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက်ပုံစံ နှစ်မျိုးစလုံးဖြင့် ရရှိနိုင်ပါသည်။
စစ်ဆေးထားသည့်စွမ်းရည်အသီးသီး၏ရမှတ်များမှာ အမှတ် ဝ မှ ၅ဝ အထိသတ်မှတ်တိုင်းတာပြီး ယင်းအမှတ်များကို စာမေးပွဲဖြေဆိုသည့် အုပ်စုအတွင်းရှိ ဖြေဆိုသူတစ်ဦးချင်းစီ၏ရမှတ်များ နှိုင်းယှဉ်ရာတွင် အသုံးပြုနိုင်သည့်အပြင် ဒုတိယအကြိမ်ဖြေဆိုပါက တိုးတက်မှုအခြေအနေကို တိုင်းတာရာတွင်လည်း အထောက်အကူပြုပါသည်။ ရရှိလာသည့်စာမေးပွဲရမှတ်များနှင့်အတူ Common European Framework of Reference for Languages (CEFR) အဆင့်သတ်မှတ်ချက်ကိုလည်း ဖြေဆိုသည့်အင်္ဂလိပ်စာစွမ်းရည်တစ်ခုချင်းစီအတွက် (A1 မှ C) အထိအဆင့်များကိုလည်း အမှတ်စာရင်းစာရွက်တွင် တွေ့ရှိနိုင်ပါသည်။ အကယ်၍ အင်္ဂလိပ်စာစွမ်းရည်လေးမျိုးလုံးအား စစ်ဆေးလျှင် ပျမ်းမျှ CEFR ရမှတ်အဆင့်ကိုပါ ဖော်ပြပေးပါသည်။