သင့်ကလေးငယ်က Timmy ရဲ့ ပုံပြင်လေးတွေနဲ့ အတူ ကစားရင်း သဘာဝအလျောက် သင်ယူသွားမှာဖြစ်ပါတယ်။ 

ကလေးငယ်များကို အသက် ၅-၆ နှစ်အတွင်း English စာစတင်သင်ယူစေခြင်းက သူတို့လေးတွေကို ဘာသာစကားနဲ့ အလိုအလျောက် ရင်းနှီးသွားစေပြီး ‌သဘာဝအတိုင်း တက်မြောက်စေပါမယ်။ British Council  ရဲ့  Learning Time with Timmy ဟာ ရင်‌သွေးငယ်များပျော်ရွှင်စွာ ဆော့ကစားရင်း သင်ယူနိုင်ဖို့ ကျွမ်းကျင်ပညာရှင်များက အထူးဖန်တီးရေးဆွဲထားတာဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့ သင်ကြားနည်းများက သင့်ကလေးငယ်ကို အင်္ဂလိပ်စာ လေ့လာသင်ယူရင်း တီထွင်ဖန်တီးနိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် လူမှုဆက်ဆံရေးစွမ်းရည်များကိုပါ ပျိုးထောင်ပေးပါသည်။ ကလေးငယ်များရဲ့ မိမိကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးပြီး ပြောဆိုဆက်ဆံရေးတိုးတက်လာစေရုံသာမက အသံထွက်လည်း မှန်ကန်ကောင်းမွန်စေပါတယ်။  ကျွန်တော်တိုရဲ့ သင်ကြားနည်းများ မှာ  ပိုမိုလေ့လာနိုင်ပါတယ်။

Timmy Time ၏ ကြယ်ပွင့်ဖြစ်သော ကမ္ဘာကျော် ဇာတ်ကောင် Timmy ၏ ဇာတ်လမ်းအကြောင်းအရာတွင်ပါရှိသော စကားလုံးအသစ်များကို ကလေးငယ်များ လေ့လာသင်ယူနိုင်စေရန် Aardman အန်နီမေးရှင်း စတူဒီယိုနှင့် ပူးပေါင်းဆောင်ရွက်ထားပါသည်။ Timmy နှင့် သူ၏သူငယ်ချင်းများသည် ကလေးငယ်များရဲ့ စိတ်အာရုံကို ဖမ်းစားထားပြီး လေ့လာသင်ယူရာတွင် စိတ်ဝင်တစားပါဝင်စေပါသည်။

ကျွန်တော်တို့ရဲ့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကို အသုံးချပြီး  သင့်ကလေးငယ်ရဲ့ လေ့လာသင်ယူမှုကို တိုးတက်စေလိုက်ပါ။ 

 

သင်တန်းအကျဉ်းချုပ်

အသက် 5 နှစ်မှ 6 နှစ် (owls) 

အသက်- 5 နှစ်မှ 6 နှစ် အတွင်း

သင်တန်းကာလ - ဧပြီလမှ မတ်လ ( သုံးလလျှင် semester တစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံးအပ်နှံနိုင်ပါတယ်)

သင်တန်းတက်ရက် - သောကြာနေ့ (BSY), (တနင်္ဂနွေနေ့

 (ကမ်းနားလမ်း)

အတန်းချိန် - 1 နာရီခွဲ 

တည်နေရာ - BSY, ကမ်းနားလမ်း  

တစ်နာရီလျှင် ပျမ်းမျှသင်တန်းကြေး - 24,000 ကျပ် 

အသက် 5 နှစ်မှ 6 နှစ်အရွယ် ကလေးများက ဘာကို အဓိကသင်ယူပါမလဲ

အသက် 5 နှစ်မှ 6 နှစ်အရွယ် ကလေးများက ဘာကို အဓိကသင်ယူပါမလဲ  

ဒီသင်တန်းမှာ သင့်ကလေးငယ်က- 

  •   အဓိကဇာတ်လမ်းအကြောင်းအရာများ၊ ဖြစ်ရပ်များနှင့် အဓိကဇာတ်ကောင်များကို ခွဲခြားဖော်ပြနိုင်ပြီး ဇာတ်လမ်း မည်ကဲ့သို့အဆုံးသတ်မည်ကို အကြံပြုနိုင်မည် 
  •   ရင်းနှီးပြီးသား ဇာတ်လမ်းတစ်ခုကို တုပပြောပြနိုင်မည်
  •  ဇာတ်လမ်းများထဲရှိ ရင်းနှီးပြီးသားဖြစ်ရပ်များ နှင့် နေ့စဉ်လုပ်ရတဲ့ ရင်းနှီးပြီးသား အလုပ်များရဲ့  အဆင့်များကို အစဉ်လိုက်စဉ်တတ်လာမည်
  •   ပြောင်းလဲထားသော ဇာတ်လမ်းတစ်ပုဒ်ကို ပုံဆွဲခြင်း၊ ဇာတ်လမ်းပြောပြခြင်း၊ အက/ကိုယ်ခန္တာလှုပ်ရှားမှု ၊ သတင်း သို့မဟုတ် စာရေးခြင်း စသည်ဖြင့် သူတို့ အားသန်ရာ ဖော်ပြပုံများဖြင့် တင်ဆက်ပြသနိုင်မည်
  • ဇာတ်လမ်းအသစ်တစ်ပုဒ် ဖန်တီးပြီး မိမိနှစ်သက်ရာဖော်ပြမည့်ပုံစံဖြင့် တင်ဆက်နိုင်မည်
  •   အရာဝတ္တုများအား အဖွဲ့ခွဲခြင်းနှင့် အမည်ပေးခြင်းဖြင့် ဝေါဟာရများကို တိုးချဲ့နိုင်မည်
  •   ဖော်ပြထားသော ကိန်းဂဏန်းထက် တစ်ကြီးသည့် ဂဏန်းကို ပြောနိုင်မည့်အပြင် ကိန်းဂဏန်း 1 မှ 20 ကို မှတ်မိသိရှိမည်
  •   ပစ္စည်းအားလုံးကို ရေတွက်ခြင်းဖြင့် အုပ်စုနှစ်စု သို့မဟုတ် သုံးစုမှ ပစ္စည်းစုစုပေါင်းအရေအတွက်ကို သိရှိလာမည်၊ သူတို့ အဓိပ္ပါယ်ကောက်တတ်ပြီး ရှင်းပြနိုင်သော အမှတ်အသားများကို အသုံးပြုပြီး မှတ်တမ်းတင်နိုင်မည်
  • ကိုယ်ပိုင်ခံစားချက်များကို သိနားလည်လာပြီး ခံစားချက်အချို့ကို ပြောပြနိုင်မည်
  •  မိမိကိုယ်ကို မိတ်ဆက်လာမယ့်အပြင် မိမိရဲ့ လုပ်နိုင်စွမ်းများ။ ကြိုက်နှစ်သက်မှုများနှင့် ထင်မြင်ချက်များကို ဖော်ပြနိုင်လာမည်
  •  ကစားတဲ့အခါမှာ  သရုပ်ဆောင်ရမည့်နေရာများနှင့် အတွေ့အကြုံများကို ပြန်လည်ဖန်တီးနိုင်မည်
  •  အသံများနှင့် စာလုံးများကို ချိန်ဆက်ရန် စကားသံလေ့လာမှုကို အသုံးပြုနိုင်မည်၊ အသံများကို ရိုးရှင်းသော စကားလုံးများအဖြစ် ဖြတ်တောက်နိုင်မည်၊ ထို့အပြင် ၎င်းတို့ကို အတူတကွရောနှော၍ ဖတ်ရှုနိုင်မည်
  •  ခဲတံကို ကောင်းကောင်း အသုံးပြုနိုင်ပြီး ဖတ်လို့ရတဲ့ စာလုံးများရေးနိုင်လာမယ် အဓိပ္ပါယ်ရှိသော အကြောင်းအရာဖြင့် ဝါကျတိုများကို ရေးသားရန် ကြိုးစားနိုင်ပါမည်။ 
မျှဝေပါ