ဓာတ်ပုံ - Human Drama ပြဇာတ်အဖွဲ့မှ သရုပ်ဆောင် နှစ်ဦးနှင့်အတူ Jason Mraz နှင့် ဖြူဖြူကျော်သိန်းအား ပြဇာတ်စင်ပေါ်တွင် အတူသရုပ်ဆောင်နေသည်ကို တွေ့ရစဉ်။ Photo © MTV EXIT
စီမံကိန်း
ဤတခန်းရပ် ပြဇာတ်သည် လူမှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပြဇာတ်ကပြခြင်း အနုပညာကို အသုံးပြု၍ လူမှုရေးပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် နည်းလမ်းများကို ရပ်ရွာလူထုအား အသိပေး ပညာပေးရန် ရည်ရွယ်ပါသည်။ ၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် တခန်းရပ်ပြဇာတ် ဇာတ်အဖွဲ့သည် မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (၁၀) ခု မှ လူငယ်အယောက် (၄၀) ကို ပြဇာတ်သရုပ်ဆောင်မှုဆိုင်ရာ အပြန်အလှန် နှီးနှောဖလှယ်ခြင်းစွမ်းရည်များ အကြောင်း လူကုန်ကူခြင်း ဆန့်ကျင်သည့် ဆောင်ရွက်မှုလုပ်ငန်းစဉ်အား ကူညီသောအနေနှင့် သင်ကြားလေ့ကျင့်ပေးရန် MTV EXIT အဖွဲ့၏ ဒေသခံရုံးခန်းမှ ဖိတ်ကြားခြင်းခံခဲ့ရပါသည်။
ဤ လှုပ်ရှားမှုလုပ်ငန်းစဉ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်ရှိ ပြည်သူ့ပန်းခြံတွင်ကျင်းပသော ခေတ်သစ်ကျွန်ပြုခြင်းအဆုံးသတ်ရေး ခေါင်းစဉ်နှင့် Jason Mraz ဦးစီးကာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသော နိုင်ငံတကာ တေးဂီတဖျော်ဖြေတင်ဆက်ပွဲနှင့် အချိန်ကိုက်ဖြစ်နေစေရန်လည်း အစီအစဉ်ချခဲ့ပါသည်။ မြန်မာတေးဂီတ၏ နာမည်ကျော်ကြားသူများစွာသည် ထိုင်းနိုင်ငံမှ Slot Machine ဟုအမည်ပေးထားသော အဆိုကျော်ပါ ပါဝင်၍ ဂျေဆင်နှင့်အတူ သရုပ်ဆောင်ဖျော်ဖြေခဲ့ပါသည်။
ဤ တင်ဆက်ပွဲတွင် လူကုန်ကူးခြင်း ဆန့်ကျင်ရေး အသိမြှင့်တင်ရေးပေးသည့် ပြပွဲတစ်ခုပါရှိပြီး၊ လူငယ်သရုပ်ဆောင်သူများနှင့် တခန်းရပ်ပြဇာတ်မှ လေ့ကျင့်ဆဲသင်တန်းသား၊ သင်တန်းသူများက ပရိသတ် ၁၃၀,၀၀၀ ခန့်ကို ပြဇာတ်တစ်ခုနှင့် ဖျော်ဖြေခဲ့ပါသည်။
ကပွဲအပြီးတွင် MTV World Stage (MTV ကမ္ဘာဇာတ်ခုံ) အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေနှင့် Jason Mraz နှင့်ကျော်ကြားသော မြန်မာအဆိုတော်နှစ်ဦးဖြစ်သည့် ဖြူဖြူကျော်သိန်းနှင့် အာဇာနည်တို့နှင့်အတူ ပြဇာတ်တစ်ခု သရုပ်ဆောင်ရန် ပြဇာတ်အဖွဲ့အား ဖိတ်ခေါ်ခဲ့ပါသည်။
Jason Mraz တိုက်ရိုက်ထုတ်လွှင့်အစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်၊ ၉ ရက်နှင့် ၁ဝ ရက်နေ့များတွင် MTV လိုင်းများပေါ်တွင် ကမ္ဘာအနှံ့ပြသခဲ့ပါ သည်။ တိုက်ရိုက် သရုပ်ဆောင်ဖျော်ဖြေနေမှုကို MTV EXIT ၀က်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။
လူကုန်ကူးမှု ဆန့်ကျင်ရေး အသိစိတ်ဓာတ်မြှင့်တင်ရေးအတွက် ပြဇာတ်သဏ္ဍာန် နှီးနှောဖလှယ်ဆွေးနွေးခြင်း နည်းလမ်း အသုံးပြုမှု၏ အောင်မြင်ခြင်းမှ ဆက်လက်၍ တခန်းရပ်ပြဇာတ် ဇာတ်အဖွဲ့သည် MTV EXIT နှင့် World Vision တို့၏ ဖိတ်ခေါ်မှုနှင့် ထောက်ပံ့ကူညီပေးမှုဖြင့် ဖားအံ (ကရင်ပြည်နယ်) နှင့်မော်လမြိုင် (မွန်ပြည်နယ်)တို့မှ လူငယ်ခေါင်းဆောင်များအား ပြဇာတ်စွမ်းရည်နှင့် သရုပ်ဆောင်မှုပညာများ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ လူကုန်ကူးမှု ဆန့်ကျင်ရေးပြဇာတ်များတွင် ထောင်ပေါင်းများစွာသော ဒေသခံ လူမှုအဖွဲ့အစည်းအသင်းဝင်များ တက်ရောက်ခဲ့ပါသည်။