(CSI- Civic Society Initiative) သည် လူထုအပေါ် အခြေခံသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကျွန်ုပ်တို့၏လုပ်ငန်းစဉ်များနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအတွက် ကူညီမှုပေးရန် ဆန္ဒရှိကြသော စာကြည့်တိုက်အသင်းဝင်များမှ လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ပါသည်။
၎င်းအဖွဲ့သည် အဖွဲ့ဝင်တို့၏စွမ်းရည်များ၊ အရည်အချင်းများကို အခွင့်အရေးရရှိမှုနည်းပါးသောပြည်သူများအား ကူညီရာတွင် အသုံးချရန်အတွက် အခွင့်အလမ်းများဖန်တီးရန်နှင့် ကွဲပြားခြားနားသော ယဉ်ကျေးမှုများမှလာသော ကွဲပြားခြားနားသည့်သူများနှင့် အလုပ်လုပ်ကိုင်ရသည့် အတွေ့အကြုံများရရှိစေရန် နေရာတစ်ခု ဖန်တီးပေးရန် စီစဉ်တည်ထောင်ထားခြင်းဖြစ်ပါသည်။ ပိုမို၍ ကျယ်ပြန့်သော ကွန်ယက်ရရှိစေရန် ကျွန်ုပ်တို့သည် အခြားသောလူငယ်များနှင့်လည်း လက်တွဲလုပ်ကိုင်လျှက်ရှိပါသည်။
CSI လှုပ်ရှားမှုသည် စီမံကိန်းဒေသ (၁၆)ခုတွင် လက်ရှိလုပ်ကိုင်လျက်ရှိပါသည်။ ၎င်းသည် ဆင်းရဲနွမ်းပါးတွင်းကျရောက်နေသောပြည်သူများအား
- ရွေ့လျားစာကြည့်တိုက်မှတဆင့် ပညာပေးခြင်း
- လုပ်အားပေးဆရာဝန်များနှင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ အသက်ကြီးသူများစောင့်ရှောက်ပေးခြင်းပါဝင်သော လူမှုဖူလုံရေးလုပ်ငန်းများ
- အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များနှင့် အခွင့်အရေးမရရှိသော ကလေးငယ်များအတွက် တိုတောင်းသောပျော်စရာခရီးစဉ်များ စီစဉ်ပေးခြင်းတို့ ပြုလုပ်နေပါသည်။
ကျွန်ုပ်တို့သည် လုပ်အားပေးများ၏ အကူအညီနှင့် ပုံမှန်ရန်ပုံငွေ မြှင့်တင်ရေးလှုပ်ရှားမှုများကို ဦးဆောင်စီစဉ်ပေးပါသည်။ အလှူငွေကောက်ခံခြင်း ပျော်ပွဲရွှင်ပွဲများနှင့် နာမည်ကြီးအဆိုတော်များနှင့် တေးဂီတတင်ဆက်ဖျော်ဖြေမှုများကဲ့သို့ဖြစ်ပါသည်။