စာကြည့်တိုက်အသင်းဝင်တစ်ဦးအနေနှင့် သင်သည်စာအုပ်များ၊ ဒီဗွီဒီများ၊ သတင်းစာများ၊ မဂ္ဂဇင်းများ နှင့် ဂျာနယ်များ၊ အင်တာနက်နှင့် ပြန်လှန်တုန့်ပြန်မှုဖြစ်စေသော လေ့လာရေးအထောက်အကူပြု ခေတ်မီပစ္စည်းများ၊ အွန်လိုင်းမှ မှီငြမ်းစရာများကို လက်လှမ်းမှီနိုင်မည်ဖြစ်ပါသည်။
စာကြည့်တိုက်အသင်းဝင်များအတွက် ဝန်ဆောင်မှုများ (မန္တလေး)

Boothee photography
စာကြည့်တိုက်အသင်းဝင်တစ်ဦးဖြစ်ပါက စာအုပ်များငှားရမ်းရန် ကြိုတင်စာရင်းပေးသွင်းခြင်း၊ သက်တမ်းတိုးခြင်းများ ပြုလုပ်ရန် ဤနေရာမှ သင့်အကောင့် (Account) ကို ဝင်ပြီး ပြုလုပ်နိုင်ပါသည်။
တစ်ဦးချင်းအသင်းဝင်များသည်
- တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ် (သို့မဟုတ်) စာနယ်ဇင်း ၄ အုပ် ငှားယူနိုင်ပါသည်။
- ဒီဗွီဒီ ၁ ချပ်ကို ၂ ပတ်ကြာ ငှားယူနိုင်ပါသည်။
- အခမဲ့ အင်တာနက်နှင့် အခမဲ့ Wifi အသုံးပြုနိုင်ပါသည်။
မိသားစုအသင်းဝင်များသည်
- တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ် (သို့မဟုတ်) စာနယ်ဇင်း ၁၀ အုပ် ငှားယူနိုင်ပါသည်။
- ဒီဗွီဒီ ၃ ချပ်ကို ၂ ပတ်ကြာ ငှားယူနိုင်ပါသည်။
- လူသုံးယောက်အထိ စာကြည့်တိုက်ကို အသုံးပြုနိုင်ပါသည်။ (အသင်းဝင်တစ်ယောက်သည် အသက် ၁၈နှစ်အောက်ဖြစ်ရပါမည်။)
- အခမဲ့ အင်တာနက် အသုံးပြုနိုင်ပါသည်။
အွန်လိုင်းအသင်းဝင်များသည်
- အွန်လိုင်းမှ သင်ယူခြင်းနှင့်ဖျော်ဖြေရေးဆိုင်ရာ မှီငြမ်းစရာများကို အသုံးပြုနိုင်ပါသည်။
Library Plus အသင်းဝင်များသည်
- တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ် (သို့မဟုတ်) စာနယ်ဇင်း ၄ အုပ် ငှားယူနိုင်ပါသည်။
- ဒီဗွီဒီ ၁ ချပ်ကို ၂ ပတ်ကြာ ငှားယူနိုင်ပါသည်။
- အခမဲ့ အင်တာနက်နှင့် အခမဲ့ Wifi အသုံးပြုနိုင်ပါသည်။
- အွန်လိုင်းမှ သင်ယူခြင်းနှင့်ဖျော်ဖြေရေးဆိုင်ရာ မှီငြမ်းစရာများကို အသုံးပြုနိုင်ပါသည်။
သတ်မှတ်ထားသော အချိန်အပိုင်းအခြားတစ်ခုပြီးလျင် အသင်းဝင်ကဒ်ပြားများ သက်တမ်းကုန်ပါမည်။ သက်တမ်းကုန်ဆုံးရက်ကို အသင်းဝင်ကဒ်ပြားပေါ်၌ ကြည့်ရှုနိုင်ပါသည်။ အသင်းဝင်ကဒ်ပြား သက်တမ်းကုန်ဆုံးသွားလျှင် စာအုပ်ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်း အစရှိသော ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် မဟုတ်ပါ။
သင်၏ အသင်းဝင်ကဒ်ပြား သက်တမ်းတိုးခြင်းအားပြုလုပ်လိုပါက ကျွန်ုပ်တို့၏ စာကြည့်တိုက်တည်ရှိရာ အခန်း (၈)၊ ၁၁ လွှာ၊ Mandalay Financial Centre၊ လမ်း ၈၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ သို့ လာရောက်၍ သက်ဆိုင်ရာ အသင်းဝင်ကြေးပေးသွင်းနိုင်ပါသည်။ အသင်းဝင်အမျိုးအစားပေါ်မူတည်၍ အသင်းဝင်ကြေးများ ကွဲပြားလျက်ရှိရာဤနေရာတွင် လေ့လာနိုင်ပါသည်။
မန္တလေး စာကြည့်တိုက်သို့လာရောက်လိုပါက ၀၉ ၇၇၇၀၀၁၈၂၅၊ ၀၉ ၇၇၇၀၀၁၈၃၀ (သို့) library.Enquiries@mm.britishcouncil.org ကိုဆက်သွယ်၍ တစ်ရက်ကြိုတင်ရက်ချိန်းရယူရန် အသိပေးအပ်ပါသည်။
ပိုမိုကောင်းမွန်သော စာကြည့်တိုက်ဝန်ဆောင်မှုများပေးနိုင်ရန် ကျွန်ုပ်တို့သည် အသုံးပြုသူများ၏ အတွေးအမြင်များ၊ ပြသနာများ နှင့် အဆင်မပြေမှုများကို ကြားသိလိုပါသည်။
အကြံပြုချက်များကို ဤနေရာတွင် ဖြည့်စွက်ပြီး ပေးပို့နိုင်ပါသည်။ အကြံပြုစာပေးပို့ပြီးပါက ကျွန်ုပ်တို့ဘက်မှ သင့်ထံသို့ မကြာမီ ပြန်လည်ဆက်သွယ်ပါမည်။