စာကြည့်တိုက်အသင်းဝင်တစ်ဦးအနေနှင့် သင်သည်စာအုပ်များ၊ ဒီဗွီဒီများ၊ သတင်းစာများ၊ မဂ္ဂဇင်းများ နှင့် ဂျာနယ်များ၊ အင်တာနက်နှင့် ပြန်လှန်တုန့်ပြန်မှုဖြစ်စေသော လေ့လာရေးအထောက်အကူပြု ခေတ်မီပစ္စည်းများကို လက်လှမ်းမှီနိုင်မည်ဖြစ်ပါသည်။
စာကြည့်တိုက်အသင်းဝင်များအတွက် ဝန်ဆောင်မှုများ (ရန်ကုန်)

Boothee photography
My Account
စာကြည့်တိုက်အသင်းဝင်တစ်ဦးဖြစ်ပါက စာအုပ်များငှားရမ်းရန် ကြိုတင်စာရင်းပေးသွင်းခြင်း၊ သက်တမ်းတိုးခြင်းများ ပြုလုပ်ရန် ဤနေရာမှ သင့်အကောင့် (Account) ကို ဝင်ပြီး ပြုလုပ်နိုင်ပါသည်။
ငှားရမ်းခြင်း ဝန်ဆောင်မှု
ကျွန်ုပ်တို့၏ စာအုပ်အမျိုးအစားအစုံအလင် စုစည်းမှုကို ဒီနေရာမှာ ရှာဖွေပါ။
တစ်ဦးချင်းအသင်းဝင်ကဒ်ပြား ကိုင်ဆောင်ထားသော အသင်းဝင်များသည်
- တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ်သို့မဟုတ် စာနယ်ဇင်း ၅ အုပ်ငှားရမ်းနိုင်ပါသည်။
- ဒီဗွီဒီ ၅ ချပ်နှင့် အသံစီဒီ ၂ ချပ် တို့ကိုငှားရမ်းနိုင်ပါသည်။
- Self-access Centre နှင့် အင်တာနက်ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပါသည်။
မိသားစုအသင်းဝင်ကဒ်ပြား ကိုင်ဆောင်ထားသော အသင်းဝင်များသည်
- စာအုပ် ၁၅ အုပ်နှင့် ဒီဗွီဒီ ၃ ချပ်တို့ကို တစ်ကြိမ်လျှင် ၂ ပတ်ကြာ ငှားရမ်းနိုင်ပါသည်။
- အသံစီဒီချပ် ၂ ချပ် ငှားနိုင်ပါသည်။
- လူသုံးယောက်အထိ စာကြည့်တိုက်ကို အသုံးပြုနိုင်ပါသည်။ (အသင်းဝင်တစ်ယောက်သည် အသက် ၁၈နှစ်အောက်ဖြစ်ရပါမည်။)
- အခမဲ့ wi-fi အသုံးပြုနိုင်ပါသည်။
အွန်လိုင်းအသင်းဝင်ကဒ်ပြား ကိုင်ဆောင်ထားသော အသင်းဝင်များသည်
- အွန်လိုင်းမှ သင်ယူခြင်းနှင့်ဖျော်ဖြေရေးဆိုင်ရာ မှီငြမ်းစရာများကို အသုံးပြုနိုင်ပါသည်။
Library Plus အသင်းဝင်ကဒ်ပြား ကိုင်ဆောင်ထားသော အသင်းဝင်များသည်
- တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ်သို့မဟုတ် စာနယ်ဇင်း ၅ အုပ်ငှားရမ်းနိုင်ပါသည်။
- ဒီဗွီဒီ ၅ ချပ်နှင့် အသံစီဒီ ၂ ချပ် တို့ကိုငှားရမ်းနိုင်ပါသည်။
- Self-access Centre နှင့် အင်တာနက်ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပါသည်။
- အွန်လိုင်းမှ သင်ယူခြင်းနှင့်ဖျော်ဖြေရေးဆိုင်ရာ မှီငြမ်းစရာများကို အသုံးပြုနိုင်ပါသည်။
စာကြည့်တိုက်အကြောင်း မိတ်ဆက်ခြင်း
စာကြည့်တိုက်အကြောင်း မိတ်ဆက်ပွဲကို လာရောက်ပြီး အောက်ပါတို့ကို လေ့လာလိုက်ပါ။
- မိမိကိုယ်တိုင် စာအုပ်ငှားခြင်း/အပ်ခြင်း လုပ်ဆောင်နိုင်သော RFID machine အသုံးပြုနည်း
- စာအုပ်များ မည်သို့ စဉ်ထားပုံ
- Self-access Centre အသုံးပြုနည်း
- အွန်လိုင်းပေါ်ရှိ မှီငြမ်းစရာများ/အရင်းအမြစ်များ အသုံးပြုနည်းများနှင့် အခြား အသုံးဝင်သော အချက်အလက်များ
ဗြိတိသျှကောင်စီစာကြည့်တိုက် သုံးစွဲနည်း မိတ်ဆက်ခြင်းများကို ပုံမှန် ကျင်းပလျက်ရှိပါသည်။ အချိန်များကို ဒီနေရာမှာ ကြည့်ရှုပါ။
စာကြည့်တိုက်အကြောင်း မိတ်ဆက်ခြင်းပွဲများကို အသင်းဝင်များသာမက အသင်းဝင်မဟုတ်သေးသူများပါ တက်ရောက်နိုင်ပြီး ဗြိတိသျှကောင်စီစာကြည့်တိုက်ဖုန်း +၉၅ ၁ ၃၇ဝ၉၃၃ (လိုင်းခွဲ ၃၃၂၂) သို့ဆက်သွယ်၍ဖြစ်စေ library.enquiries@mm.britishcouncil.org သို့ အီးမေးလ် ပို့၍ စာရင်းပေးသွင်းနိုင်ပါသည်။ ဗြိတိသျှကောင်စီအဆောက်အဦးထဲသို့ ဝင်ရောက်ရန် စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ ယူဆောင်လာရန် မေတ္တာရပ်ခံအပ်ပါသည်။
စာကြည့်တိုက် လုပ်အားပေး အစီအစဉ်
သင်၏ စာပေနှင့်သက်ဆိုင်သော စွမ်းရည်မြှင့်တင်ရန် စာကြည့်တိုက် လုပ်အားပေး စေတနာ့ဝန်ထမ်း အဖြစ် ၄ လကြာ လုပ်ဆောင်လိုက်ပါ။
ဗြိတိသျှကောင်စီ စာကြည့်တိုက်သည် ရန်ကုန်မြို့ရှိ အလုပ်အများဆုံးသော စာကြည့်တိုက်များထဲမှ တစ်ခု အပါအဝင်ဖြစ်ပြီး ကျွန်ုပ်တို့၏ ပို၍များပြားလာသော အသင်းဝင်မှုများ၏ လိုအပ်ချက်များကို ဖြည့်စည်းရန် ကြိုးစားလုပ်ကိုင်လိုသော လုပ်အားပေးများ၏ အကူအညီကို လိုအပ်ပါသည်။
စာကြည့်တိုက် “လုပ်အားပေး” အစီအစဉ်တွင် ပါဝင်မည့်သူများသည်
- စာကြည့်တိုက် အသင်းဝင် ဖြစ်ရမည်။
- အသက် ၁၈နှစ် နှင့် အထက်ဖြစ်ရမည်။
- တစ်ပါတ်လျှင် အနည်းဆုံး ၉နာရီ လုပ်ကိုင်ရမည် ဖြစ်ပါသည်။
- စာကြည့်တိုက်နှင့်ဆိုင်သော ပစ္စည်းများ၊ စာအုပ်များ၊ လူအများနှင့် လုပ်ကိုင်ရခြင်းကို နှစ်သက်သူဖြစ်ရပါမည်။
လုပ်အားပေးအစီအစဉ်အား နှစ်စဉ် ဧပြီလ၊ ဩဂုတ်လနှင့် ဒီဇင်ဘာလများတွင် စတင်ပါသည်။ အစီအစဉ်မစတင်ခင် လျှောက်လွှာလက်ခံမည့်နေ့များနှင့်တခြားအသေးစိတ်အချက်အလက်များကို ဗြိတိသျှကောင်စီ Facebook စာမျက်နှာ တွင် ဖော်ပြပေးသွားပါမည်။
အသင်းဝင်ကဒ်ပြား သက်တမ်းတိုးခြင်း
သတ်မှတ်ထားသော အချိန်အပိုင်းအခြားတစ်ခုပြီးလျင် အသင်းဝင်ကဒ်ပြားများ သက်တမ်းကုန်ပါမည်။ သက်တမ်းကုန်ဆုံးရက်ကို အသင်းဝင်ကဒ်ပြားပေါ်၌ ကြည့်ရှုနိုင်ပါသည်။ အသင်းဝင်ကဒ်ပြား သက်တမ်းကုန်ဆုံးသွားလျှင် စာအုပ်ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်း အစရှိသော ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် မဟုတ်ပါ။
သင်၏ အသင်းဝင်ကဒ်ပြား သက်တမ်းတိုးခြင်းအားပြုလုပ်လိုပါက ကျွန်ုပ်တို့၏ စာကြည့်တိုက်တည်ရှိရာ ၇၈၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ သို့ လာရောက်၍ သက်ဆိုင်ရာ အသင်းဝင်ကြေးပေးသွင်းနိုင်ပါသည်။ အသင်းဝင်အမျိုးအစားပေါ်မူတည်၍ အသင်းဝင်ကြေးများ ကွဲပြားလျက်ရှိရာ ဤနေရာတွင် လေ့လာနိုင်ပါသည်။
လှုပ်ရှားမှု/ပွဲများ
ကျွန်ုပ်တို့မှ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ ပြပွဲများ စသည့် အခမ်းအနားများကို တစ်နှစ်တာကာလပတ်လုံး ပုံမှန်စီစဉ်ကျင်းပလျက်ရှိပါသည်။ မကြာမီ ကျင်းပမည့် လှုပ်ရှားမှုများ၊ ပွဲများကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
အကြံပြုချက်များ ပေးပို့ခြင်း
ပိုမိုကောင်းမွန်သော စာကြည့်တိုက်ဝန်ဆောင်မှုများပေးနိုင်ရန် ကျွန်ုပ်တို့သည် အသုံးပြုသူများ၏ အတွေးအမြင်များ၊ ပြသနာများ နှင့် အဆင်မပြေမှုများကို ကြားသိလိုပါသည်။
အကြံပြုချက်များကို ဤနေရာတွင် ဖြည့်စွက်ပြီး ပေးပို့နိုင်ပါသည်။ အကြံပြုစာပေးပို့ပြီးပါက ကျွန်ုပ်တို့ဘက်မှ သင့်ထံသို့ မကြာမီ ပြန်လည်ဆက်သွယ်ပါမည်။