©

British Council

learning hub မှာဘာတွေရှိလဲ

  • အင်္ဂလိပ်ဘာသာဖြင့်   လေ့ကျင့်ရန်နှင့် ဖန်တီးရန် ကိရိယာများ
  • စာသင်ခန်းအတွင်းမှ သင်ခန်းစာများကို ပိုမိုအားဖြည့်ပေးမည့် activities လှုပ်ရှားမှုများ
  • Secondary Plus နှင့် Primary Plus 3 မှ 6 အတွက် သင်ခန်းစာမတိုင်မီနှင့် သင်ခန်းစာပြီးနောက် လေ့ကျင့်ခန်းများ
  • Primary Plus 1 နှင့် 2 အတွက်  စိတ်ပါဝင်စားအောင်ဆွဲဆောင်နိုင်သော ဂိမ်းများနှင့် activities များ
  • ကျောင်းသားများ မိမိတို့၏ အင်္ဂလိပ်စာစွမ်းရည်တိုးတက်မှုကို ကြည့်ရှုသိရှိနိုင်မည့် ထိုးတက်မှု မှတ်တမ်း

ဤဗီဒီယိုများကိုကြည့်ပြီး learning hub အကြောင်း လေ့လာလိုက်ပါ

learning hub ကိုစတင်ရန် :  လော့ဂ်အင်ဝင်နည်း၊ အသုံးပြုသူအမည် ဖန်တီးနည်း၊ လေ့လာသင်ယူရန်သင်ခန်းစာများ ရှာဖွေနည်းနှင့် hub ကို အကောင်းဆုံး အသုံးပြုနိုင်ရန် လိုအပ်သည့်  အခြေခံအချက်များကို ဤတွင်ကြည့်ပါ

Primary Plus 1–2 ကျောင်းသားများအတွက် learning hub: သင့်ကလေး သင်ကြားရမယ့် သင်ခန်းစာများနှင့် တိုးတက်မှု မှတ်တမ်းများရဲ့ အကျဉ်းချုပ်ကို ဒီမှာတွေ့ရမှာဖြစ်ပါတယ်

 Primary Plus 3-6  ကျောင်းသားများအတွက် learning hub: Primary Plus 3-6 ကျောင်းသားများ သင်ကြားရမယ့် သင်ခန်းစာများနှင့် တိုးတက်မှု မှတ်တမ်းများရဲ့ အကျဉ်းချုပ်ကို ဒီမှာတွေ့ရမှာဖြစ်ပါတယ်

Secondary Plus  ကျောင်းသားများအတွက် learning hub: Learning Hub အလုပ်လုပ်ပုံနှင့် Secondary Plus ကျောင်းသားများအတွက် ဘာသာစကားလေ့လာသင်ယူရေးတွင် မည်သို့ အကူအညီပေးအကြောင်း ကြည့်ရန်

learning hub မှာဘာတွေရှိလဲ

  • Primary Plus မဂ္ဂဇင်းများမှ  မူရင်းသင်ခန်းစာများ 
  • ကျောင်းသားများနှင့် မိဘများအတွက် တိုးတက်မှုမှတ်တမ်း 

 Learning Hub က သင့်ကလေးကို မည်သို့ ကူညီပေးနိုင်ကြောင်း ကြည့်ရှုပါ

Primary Plus 1–2 Primary Plus 3–6
ကလေးငယ်များအပြန်အလှန်ပါဝင်ရမည့်  စာပြန်နွှေးပေးသော ဂိမ်းများ၊ သီချင်းများနှင့် ဗီဒီယိုများအပါအဝင်  အပိုင်း၅ပိုင်း မဂ္ဂဇင်းတစ်ခုစီတွင် သဒ္ဒါ၊ ဝေါဟာရ၊ အဖတ်၊ အရေးနှင့် အကြားတို့ပါဝင်သော လေ့ကျင့်ရေးအပိုင်း ၅ခုမှ ၆ခု အထိ ပါဝင်ပါသည်။

ဘာသာစကားအကြောင်း သဘောပေါက်နားလည်မှုကို အားကောင်းစေရန် ပျော်ရွှင်ဖွယ်ကောင်းသည့် လင့်ခ်များ

စာသင်ခန်းအတွင်း စကားပြောလေ့ကျင့်ရန် ဤလေ့ကျင့်ခန်းများကို အသုံးပြုခြင်းသည် သင့်ကလေး၏ ဘာသာစကားစွမ်းရည်များကို တိုးမြှင့်ပေးမည်ဖြစ်ပါသည်။

Learning Hub က သင်၏ဆယ်ကျော်သက်ကလေးအား မည်ကဲ့သို့ကူညီပေးနိုင်သည်ကို ကြည့်ရှုပါ

Secondary Plus နှင့် Upper Secondary Plus
မဂ္ဂဇင်းတစ်ခုစီတွင် သဒ္ဒါ၊ ဝေါဟာရ၊ အဖတ်၊ အရေးနှင့် အကြားတို့ပါဝင်သော လေ့ကျင့်ရေးအပိုင်း ၅ခု အထိ ပါဝင်ပါသည်။ စကားပြောစွမ်းရည်ကို စာသင်ချိန်အတွင်း လေ့ကျင့်ရပါမည်။ 
အပိုင်းတိုင်းတွင် ပြီးမြောက်အောင်ပြုလုပ်ရမည့် လေ့ကျင့်ခန်း သို့မဟုတ် ပရောဂျက်တစ်ခု ပါရှိပါသည်။ အချို့ လေ့ကျင့်ခန်းများကို အတန်းထဲတွင် ဆရာထံပြသရန် စာအုပ်ထဲမှာ လုပ်ရမှာဖြစ်ပြီး  အချို့ကိုတော့ အွန်လိုင်းမှာတင်ရမှာဖြစ်ပြီး ဆရာက စစ်ဆေးပေးမှာဖြစ်ပါတယ်။

Learning Hub သို့ လော့ဂ်အင်ဝင်ပါ

နည်းပညာဆိုင်ရာ လိုအပ်ချက်များ

  • learning hub သို့ဝင်ရောက်ရန် အကောင်းဆုံးနည်းလမ်းမှာ ဒက်စ်တော့ ကွန်ပျူတာ၊ လက်ပ်တော့ သို့မဟုတ် တက်ဘ်လက်တစ်ခုခုကိုအသုံးပြုရန်ဖြစ်ပါတယ်။ 
  • ကောင်းမွန်သော အင်တာနက်လိုင်း သို့မဟုတ် Wi-Fi ချိတ်ဆက်မှုကိုလည်း လိုအပ်မည်ဖြစ်သည်။

အခြားလိုအပ်ချက်များအကြောင်း ပိုမို၍လေ့လာရန် 

မျှဝေပါ