myClass timetable

ကျွန်တော်တို့ရဲ့  modular အတန်းနဲ့ မရှိမဖြစ်တဲ့ စွမ်းရည်တွေကို လေ့လာလိုက်ပါ။ 

ကျွန်တော်တို့ ရဲ့ သင်တန်းမှာ အလုပ်၊ကျောင်း၊လူမှုရေးအတွက်လိုအပ်တဲ့သင်ခန်းစာတွေအများကြီးကမှ ‌ရွေးချယ်နိုင်တဲ့အတွက် သင်လိုအပ်တာကို ရွေးနိုင်ပါတယ်။  ကျွန်တော်တို့ရဲ့ကျွမ်းကျင်ဆရာတွေက သင်လိုချင်တဲ့ ကျွမ်းကျင်မှုကိုရဖို့ ထောက်ပံ့လမ်းညွှန်ပေးပြီး ယုံကြည်မှုပါရှိအောင် ကူညီပေးမှာပါ။  module တစ်ခုစီမှာ မိနစ်၉၀စာသင်ခန်းစာ ၆ခုပါပါတယ်။  လေ့ကျင့်ဖို့ ဆရာနဲ့ အတန်းဖော်တွေရှိမှာမို့ ယုံကြည်မှုရော ကျွမ်းကျင်မှုတွေပါ အတူတည်ဆောက်နိုင်မှာဖြစ်ပါတယ်။  module တစ်ခုပြီးတိုင်း အသိအမှတ်ပြုလက်မှတ်ရနိုင်မှာဖြစ်လို့ ဒီအောင်မြင်မှုတွေကို အလုပ်မှာ၊ ကျောင်းမှာအသုံးချနိုင်ပါတယ်။  

သင်ကြိုက်သလို‌ရွေးချယ်နိုင်တဲ့ အတန်းတွေနဲ့ စွမ်းရည်တွေမြှင့်တင်လိုက်ပါ။ 

သင်တိုးတက်ချင်တဲ့ အပိုင်းကိုပဲ ‌ရွေးချယ်နိုင်တဲ့ flexible lesson တွေလဲရှိပါတယ်။ အလုပ်များတဲ့အခါမှာ အားတဲ့အချိန်လေးကို သင်တန်းတက်နိုင်ဖို့  flexible lessonက အကောင်းဆုံးဖြစ်ပါတယ်။ 

level တစ်ခုစီမှာ သင်ယူရမည်များကို ကြည့်ရန်  

အခုမှစပြီးလေ့လာမှာဖြစ်စေ ကျွမ်းကျင်နေပြီဖြစ်စေ ကျွန်တော်တို့မှာ Common European Framework of Reference for Languages (CEFR)  ကိုအခြေခံတဲ့ သင်ကြားရေးအဆင့် ၅ဆင့်ရှိပါတယ်။  သင်က ဘယ် level နဲ့ ကိုက်ညီလဲဆိုတာ မသေချာဘူးဆိုရင်  ကျွန်တော်တို့ရဲ့ consultant တွေနဲ့ ဆွေးနွေးဖို့ booking လုပ်လိုက်ပါ။ 

A1: Elementary

အောက်ပါတို့အပါအဝင် နေ့စဉ် အခြေခံ ပြောဆိုဆက်သွယ်ခြင်းကိုလုပ်နိုင်လာမယ် – 

● ကိုယ့်အကြောင်း ကိုယ့်ဘဝအကြောင်း ပြောနိုင်ခြင်း

● အစီအစဉ်လုပ်ခြင်းနှင့် အတည်ပြုခြင်း 

● ရိုးရှင်းတဲ့ မေးခွန်းတွေ မေးခြင်း 

● ပတ်ဝန်းကျင်အကြောင်း ဖော်ပြခြင်းတို့ ပါဝင်ပါသည်။ 

A2: Pre-intermediate

အောက်ပါတို့ ကဲ့သို့ ဘဝနဲ့အလုပ်မှာ အသုံးပြုနိုင်မယ့် ရိုးရှင်းတဲ့ စကားပြောတွေပြောနိုင်လာပါမယ် အချက်အလက် ဖလှယ်ခြင်း 

● အများနဲ့ စကားပြောခြင်းနဲ့ အစည်းအဝေးများမှာ ပါဝင်ဆွေးနွေးနိုင်ခြင်း 

● စိတ်ကူးများကို စီစဉ်ဆွေးနွေးခြင်း

● presentation အတွက်ပြင်ဆင်ခြင်းနှင့်present လုပ်ခြင်း 

B1: Intermediate

အင်္ဂလိပ်စကားပြောသည့်ပတ်ဝန်းကျင်တွင် အောက်ပါ အကြောင်းအရာတို့ကိုပြောဆိုဆက်သွယ်နိုင်သည့် ကျွမ်းကျင်မှုနှင့် ယုံကြည်စိတ်ချမှုရယူပါ- ပြဿနာများကို ဆွေးနွေးဆွေးနွေးခြင်းနှင့် ဖြေရှင်းချက်များကို သဘောတူလက်ခံခြင်း

● အစီရင်ခံစာများ၊ အီးမေးလ်များနှင့် presentation များကဲ့သို့သော အလုပ်ခွင် တွင်လိုအပ်သော အခြေခံများကိုလုပ်ဆောင်နိုင်ခြင်း  

● အခြား အင်္ဂလိပ်စကားပြောသူများနှင့် ပေါင်းသင်းဆက်ဆံခြင်း 

● ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အထင်ကြီးစရာဖြစ်ခြင်း 

B2: Upper Intermediate

အောက်ပါအကြောင်းအရာများတွင် သင့်ရဲ့ စကားပြောနဲ့ အရေးချောမွေ့လာအောင်  လေ့ကျင့်ပါမယ်။ 

● သင်၏ထင်မြင်ယူဆချက်များကို ယုံကြည်စိတ်ချစွာ ဖော်ပြခြင်း 

● ဆက်သွယ်ရေးနှင့် စေ့စပ်ညှိနှိုင်းခြင်း 

● ရှုပ်ထွေးတဲ့ စကားပြောများကိုပြောနိုင်လာခြင်း

● အလုပ်မှာ အကြံညဏ်များပေးနိုင်ခြင်း 

C1: Advanced

အောက်ပါအကြောင်းအရာများအပါအဝင် ရုတ်တရက်ဘာအကြောင်းပြောပြောချောချောမွေ့မွေ့ပြောနိုင်လာပါမယ်။ ကမ္ဘာ့ စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးနိုင်ခြင်း 

● ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း 

● လူ့ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်များနှင့် ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း

● နည်းပညာ၊ ဒစ်ဂျစ်တယ်ကမ္ဘာနှင့် အနာဂတ်တို့ကို စူးစမ်းရှာဖွေခြင်း။

သင်တန်းများနှင့် ဈေးနှုန်းများ

သင်အဆင်ပြေသလို သင်တန်းအတွက် creditဝယ်လို့ရပါတယ်။ များများဝယ်ရင်တော့ ပိုတန်ပါတယ်။  တစ်နာရီလျှင် 10,444 MMK မှစပြီး သင်တန်းများကို တက်ရောက်နိုင်ပြီး အခြားကုန်ကျစရိတ်များမရှိပါ။  

● modules များနှင့် အတန်းများ ရွေးချယ်တက်ရန်credit ဝယ်ပါ။  

● module (မိနစ်90စာအတန်း၆တန်း) တစ်ခုလျှင် credit ၆ခုသုံးရမှာဖြစ်ပါတယ်။ 

● အတန်း ၁တန်း ( မိနစ် ၉၀စာသင်ခန်းစာတစ်ခု)လျှင် credit ၁ခုသုံးရမှာဖြစ်ပါတယ်။  

ပက်ကေ့ခ်ျ အကျုံးဝင်မှု  ဈေးနှုန်း 
20 credits 12 weeks  26,500 MMK per credit
40 credits 12 weeks 18,750 MMK per credit
60 credits 12 weeks  15,667 MMK per credit
မျှဝေပါ