myClass student outside classroom
©

Boothee Thaik Tun

အပြစ်ဆိုစရာမရှိအောင် ပြည့်စုံနေစရာမလိုပါ။ တိုးတက်ဖို့သာလိုပါသည်။ သင်၏ဘဝပန်းတိုင်များဆီ အရောက်လှမ်းရာတွင် လမ်းမချော်သွားအောင် ထိန်းကျောင်းပေးလျက် သင့်ခရီးလမ်းရှိ ခြေလှမ်းတိုင်းတွင် ကျွန်ုပ်တို့က သင့်အနားတွင် ရှိနေပေးပါမည်။

ကျွန်ုပ်တို့နှင့်အတူ တစိုက်မတ်မတ်လေ့လာပါ

သင်၏ရည်မှန်းချက်များ ပြည့်ဝရန်အတွက် တိုးတက်မှုရှိရန်မှာ မည်မျှ အရေးကြီးကြောင်း ကျွန်ုပ်တို့သိပါသည်။ ကျွန်ုပ်တို့၏ဆရာများသည် အတန်းထဲတွင် ကျွမ်းကျင်စွာဖြင့် လမ်းညွှန်ပေးပြီး ပုံမှန် ရေးဖြေ အရည်အချင်းစစ်ဆေးမှု ပြုလုပ်ကာ အကြံပြုချက်များပေးပါမည်။

သင်ခန်းစာလေးခု ပြီးမြောက်ချိန်တွင် သင်၏တိုးတက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးနိုင်ပါမည်။ MyClass ဝက်ဘ်ဆိုက် သို့မဟုတ် အက်ပလီကေးရှင်းကိုအသုံးပြု၍ အဓိကသင်ခန်းစာရလဒ်များအပေါ် ဆရာ၏ အကြံပြုချက်အား ပြန်လည်ဆန်းစစ်ရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။  

အွန်လိုင်းတွင် မိမိကိုယ်တိုင်လေ့လာမှုနှင့် ဆင်ခြင်သုံးသပ်မှု လေ့ကျင့်ခန်းများနှင့်အတူ စာသင်ခန်းပြင်ပ လက်တွေ့ဘဝတွင် ဆက်လက်သင်ယူမှုပြုလုပ်ပါ။ သင်ခန်းစာတစ်ခုစီပြီးတိုင်းတွင် သင်လေ့လာသင်ယူပြီးသမျှကို ပြန်လည်ဆန်းစစ်ရန်အတွက် သင့်ဆရာက သင့်ကို တိုက်တွန်းပါမည်။

ခရီးလမ်းတစ်လျှောက် သင်နှင့်အတူ ရှိပါမည်

တစ်ဦးချင်းသင်ယူလေ့လာမှုအစီအစဉ်ကို ပြီးမြောက်အောင်မြင်စေရန် ကူညီပေးနိုင်သည့် ပညာရပ်ဆိုင်ရာအကြံပေးနှင့် အချိန်မရွေး အခမဲ့တစ်ဦးချင်းဆွေးနွေးခွင့် ရယူလိုက်ပါ။ သင်တန်းတက်နေစဉ်အတွင်း နောက်ဆက်တွဲဆွေးနွေးမှုများကို အချိန်မရွေး စီစဉ်နိုင်သောကြောင့် သင်၏ တိုးတက်မှုအခြေအနေနှင့် လိုအပ်ချက်များ၊ အကြံပြုချက်များကို လေ့လာသင်ယူစဉ်တစ်လျှောက် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ပါသည်။

မျှဝေပါ