လိုက်လျောညီထွေရှိသော အချိန်ဇယား
MyClass သည် သင့်ရဲ့အင်္ဂလိပ်စာလေ့လာမှုအတွက် ပိုမိုလွယ်ကူအောင်ဆောင်ရွက်ပေးပါသည်။ လိုက်လျောညီထွေမှုရှိသော အချိန်ဇယားဖြင့် သင်လေ့လာမှုပြုလုပ်ရန်အတွက် သင့်အတွက်အဆင်ပြေသောအချိန်ကို ညှိနိုင်ပါသည်။ ထို့အပြင် သင်သည် သင်၏အချိန်ဇယားကို စီမံခန့်ခွဲရန် MyClass ဝဘ်ပေါ်တယ် (သို့မဟုတ်) မိုဘိုင်းအက်ပ်ကို အသုံးပြုနိုင်သည်။
- သင်၏ကိုယ်ပိုင်အချိန်ဇယားကို ဖန်တီးနိုင်ခြင်း - မနက်ပိုင်း ၊ နေ့လည်ပိုင်း နှင့် ညနေပိုင်း သင်ခန်းစာများကို တစ်ပတ် လျှင် ခုနစ်ရက်လုံးသင်ကြားပေးပါသည်။ သင်၏အချိန်ဇယားနှင့်ကိုက်ညီရန် လေ့လာမှုအရှိန်ကို သတ်မှတ်ပြီး အချိန် မရွေးစတင်နိုင်ပါသည်။
- မိမိတက်ရောက်လိုသည့်နေ့မှကြိုတင်စာရင်းပေးသွင်းနိုင်ခြင်း - သင်ခန်းစာတစ်ခုမစတင်မီ အချိန်မရွေးစီစဉ်ပြီးတက် ရောက်နိုင်သည်။
- အတန်းပျက်ကွက်မှုမရှိခြင်း - 24 နာရီအထိ အသိပေးချက်ဖြင့် သင်ခန်းစာကို ပယ်ဖျက်ပြီး သင့်ခရက်ဒစ်ကို သိမ်းဆည်းပါ။
သင့်အနီးဆုံး သင်ကြားရေးဌာန၏ အချိန်ဇယားကို သိရှိရန်အတွက် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
ဈေးနှုန်းများ
MyClass သည် သင့်ဘဝနေထိုင်မှုပုံစံ၊ ဘတ်ဂျက်တို့နှင့်ကိုက်ညီသော ခရက်ဒစ်ပက်ကေ့ဂ်ျများကို ရောင်းချပေးပါသည်။ သင်သည် ခရက်ဒစ် ၂၀၊ ၄၀ (သို့မဟုတ်) ၆၀ ခရက်ဒစ်ပက်ကေ့ခ်ျများကိုဝယ်နိုင်သော်လည်း - သင်ဝယ်လေလေ စုဆောင်းလေလေ ပိုကောင်းလေဖြစ်သည်ကို သတိရပါ။ Packages များကို တစ်နာရီလျှင် ၁၁,၆၆၆ ကျပ် မှ စတင်၍ရယူနိုင်ပါသည်။
မိနစ် (၆၀) သင်ခန်းစာတစ်ခုစီသည် ခရက်ဒစ်တစ်ခုအထိ အသုံးပြုသည်။
အရစ်ကျအစီအစဉ်များလည်း ရရှိနိုင်ပါသည်။ ပိုမိုသိရှိနိုင်ရန် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
MPU၊ VISA ကတ်များ၊ ဘဏ်ငွေလွှဲခြင်းနှင့် မိုဘိုင်းလ်ဘဏ် ဘီလ်ပေးချေခြင်း (ဧရာဝတီဘဏ် တစ်ခုတည်းသာ) သင်တန်းကြေးနှင့် placement test ကြေးများကို လက်ခံပါသည်။