Primary ကလေးများအတွက် ကျွန်ုပ်တို့၏သင်တန်းများသည် သင့်ကလေး၏ စွမ်းရည်များနှင့် ယုံကြည်မှုကို တိုးမြှင့်ရန်အတွက် အပြန်အလှန် အကျိုးသက်ရောက်မှုရှိပြီး ဆက်သွယ်ပြောဆိုနိုင်သည့် သေချာစွာဖွဲ့စည်းထားသော အတန်းများဖြစ်သည်။

ဤသင်တန်းများတွင် ကျွန်ုပ်တို့သည်-

  • သင့်ကလေး၏ အပြော၊ အကြား၊ အဖတ်နှင့် အရေးစွမ်းရည်များ တိုးတက်လာစေရန် ထိရောက်မှုရှိသော သင်ကြားရေးနည်းစနစ်များကို နည်းပညာဖြင့် ပေါင်းစပ်ထားသည်
  • သင့်ကလေးအနေနှင့် သူ့ပတ်ဝန်းကျင်ရှိ ပိုမိုကျယ်ပြန့်သော ကမ္ဘာလောကအကြောင်း လေ့လာရာတွင် ကူညီပေးရန်အတွက် သင်ခန်းစာများတွင် နိုင်ငံတကာ ရှုထောင့်အမြင်များ ထည့်သွင်းပေးထားသည်
  • ကလေးများ စိတ်ဝင်စားနိုင်မည့်အကြောင်းအရာများကို ရွေးချယ်၍ ထိုအကြောင်းအရာများအား ကလေးများ၏အတွေ့အကြုံများနှင့် ဆက်စပ်သင်ကြားပေးသည်
  • ဆက်သွယ်ပြောဆိုရေး ရည်ရွယ်ချက်ကို အမှန်တကယ်ပေးနိုင်မည့် လှုပ်ရှားမှုများမှတစ်ဆင့် ကလေးများအား သဘာဝကျကျဘာသာစကားကို ထိတွေ့စေသည်။
မျှဝေပါ