Secondary ကျောင်းသူကျောင်းသားများအနေနှင့် ၎င်းတို့၏ လေ့လာ သင်ယူမှုတွင် သင့်လျော်စွာ မေးခွန်းများမေးပြီး စိတ်ဝင်စားကြောင်း သေချာအောင် ဆရာများက ဂရုစိုက်သင်ကြားပေးသောကြောင့် ၎င်းကျောင်းသားများသည် ဗြိတိသျှကောင်စီတွင် တိုးတက်ကြသည်။

Secondary ကျောင်းသားများအတွက် သင်တန်းများသည်-

  • အကြား၊ အပြော၊ အဖတ်နှင့် အရေးဆိုင်ရာ ဆက်သွယ်ပြောဆိုမှုအခန်းကဏ္ဍအားလုံးတွင် အာရုံစိုက်ပါမည်
  • လုပ်ဆောင်ချက်မျိုးစုံ၊ လေ့လာသင်ယူရေး သင်ထောက်ကူများနှင့် နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါမည်
  • ၎င်းတို့၏လုပ်ဆောင်ချက်များကို စနစ်တကျစုစည်း၍ လေ့လာသင်ယူမှုနှင့် တိုးတက်မှုအခြေအနေတို့ကို စောင့်ကြည့်လေ့လာရာတွင် ၎င်းတို့အားကူညီပေးရန် အဓိကသင်ယူလေ့လာရေး စွမ်းရည်များကို တိုးမြှင့်ပေးပါမည်
  • နောင်အချိန်တွင် ပညာရပ်ဆိုင်ရာ လေ့လာသင်ယူမှု၊ စာမေးပွဲအတွက်ပြင်ဆင်မှု၊ အလုပ်နှင့် လူမှုဘဝအခြေအနေများအတွက် လိုအပ်သော ဘာသာစကားစွမ်းရည်များကို ကျောင်းသားများအား ပံ့ပိုးပေးပါမည်။
မျှဝေပါ