©

Boothee photography

မန္တလေးတွင်ရှိသော ဗြိတိသျှကောင်စီ စာကြည့်တိုက်သည် သင်၏ အင်္ဂလိပ်စာ တိုးတက်စေလိုလျှင်ဖြစ်စေ၊ ယူကေစာမေးပွဲများအတွက် ပြင်ဆင်လိုသည်ဖြစ်စေ၊ ယူကေနိုင်ငံအကြာင်းနှင့် ပညာရေးအခွင့်အလမ်းများ၊ သတင်းအချက်အလက်များ ရယူလို၍ဖြစ်စေ သွားရောက် လေ့လာနိုင်သောနေရာဖြစ်ပါသည်။

မန္တလေး စာကြည့်တိုက်သည် အသင်းဝင်များအတွက်သာမက အသင်းဝင်မဟုတ်သူများအတွက်ပါ အားလုံးအတွက် ဖွင့်လှစ်ထားပါသည်။ စာအုပ်ပေါင်း ၅,၀၀၀ ကျော်၊ သတင်းစာများ၊ ဂျာနယ်များ၊ စာနယ်ဇင်းများနှင့် ဘီဘီစီမှ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံသတင်းတို့ကို ရယူသုံးစွဲနိုင်ပါသည်။ စာကြည့်တိုက်ရှိ စာအုပ်များအား အွန်လိုင်း catalogue မှတဆင့် ဝင်ရောက် စစ်ဆေးကြည့်နိုင်ပါတယ်။

Self Access Centre သည် သင်၏ အင်္ဂလိပ်ဘာသာ စကားစွမ်းရည်များ တိုးတက်လာစေရန်ဖြစ်စေ၊ ယူကေစာမေးပွဲများအတွက် ပြင်ဆင်ရန်ဖြစ်စေ၊ သင်လိုအပ်သောအချိန်တိုင်းတွင် သင်၏လေ့လာမှုများကို ကူညီထောက်ပံ့ပေးနေပါသည်။ စာအုပ်စာတမ်း ၅၀၀ ကျော်ရှိ၍ အင်္ဂလိပ်ဘာသာသာစကားဆိုင်ရာ စာအုပ်များ၊ စာမေးပွဲပြင်ဆင်ခြင်းဆိုင်ရာ စာအုပ်စာတမ်းများ၊ ခေတ်ပေါ် ယူကေ ၀တ္ထုစာပေများရှိပြီး မန္တလေးတွင် အပြည့်စုံဆုံးဘာသာစကားလေ့လာရေးစင်တာတစ်ခုပင် ဖြစ်ပါသည်။

IELTS Corner သည် IELTS သင်ရိုးစာအုပ်များ၊ စာမေးပွဲလေ့ကျင့်ခြင်းဆိုင်ရာ စာအုပ်များနှင့် အခြားရည်ညွှန်းစာအုပ်စာတမ်းများဖြင့် IELTS စာမေးပွဲအတွက် လေ့ကျင့်ပြင်ဆင်နိုင်သောနေရာ ဖြစ်ပါသည်။

အသင်းဝင်အမျိုးအစားများ

သင်၏ လေ့လာမှုနှင့် သတင်းအအချက်အလက်လိုအပ်မှု အခြေအနေပေါ် ကိုက်ညီမှုရှိစေရန် ကျွန်ုပ်တို့တွင် အသင်းဝင်အမျိုးအစား အမျိုးမျိုးထားရှိပါသည်။

တစ်ဦးချင်း အသင်းဝင်ခြင်း

  • တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ် (သို့မဟုတ်) စာနယ်ဇင်း ၄ အုပ် ငှားယူနိုင်ပါသည်။ 
  • ဒီဗွီဒီ ၁ ချပ်ကို ၂ ပတ်ကြာ ငှားယူနိုင်ပါသည်။
  • အခမဲ့ အင်တာနက်နှင့် အခမဲ့ Wifi အသုံးပြုနိုင်ပါသည်။

တစ်ဦးချင်းအသင်းဝင်ကြေး - တစ်နှစ်လျှင် ကျပ် ၁၅,၀၀၀

မိသားစုလိုက် အသင်းဝင်ခြင်း

  • တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ် (သို့မဟုတ်) စာနယ်ဇင်း ၁၀ အုပ် ငှားယူနိုင်ပါသည်။ 
  • ဒီဗွီဒီ ၁ ချပ်ကို ၂ ပတ်ကြာ ငှားယူနိုင်ပါသည်။
  • လူသုံးယောက်အထိ စာကြည့်တိုက်ကို အသုံးပြုနိုင်ပါသည်။
  • အခမဲ့ အင်တာနက် အသုံးပြုနိုင်ပါသည်။

မိသားစုအသင်းဝင်ကြေး - တစ်နှစ်လျှင် ကျပ် ၃၀,၀၀၀

အွန်လိုင်း အသင်းဝင်ခြင်း

အွန်လိုင်း အသင်းဝင်ကြေး - တစ်နှစ်လျှင် ၃ဝ,ဝဝဝ ကျပ် (၂၀၁၉ စက်တင်ဘာ ၃၀ရက်မတိုင်ခင် အသင်းဝင်ပြီး discount ၁၀၀၀၀ကျပ် ရယူပါ။)

LIBRARY PLUS အသင်းဝင်ခြင်း

  • တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ် (သို့မဟုတ်) စာနယ်ဇင်း ၄ အုပ် ငှားယူနိုင်ပါသည်။ 
  • ဒီဗွီဒီ ၁ ချပ်ကို ၂ ပတ်ကြာ ငှားယူနိုင်ပါသည်။
  • အခမဲ့ အင်တာနက်နှင့် အခမဲ့ Wifi အသုံးပြုနိုင်ပါသည်။
  • ဒစ်ဂျစ်တယ် မှီငြမ်းစရာများကို အပြည့်အဝအသုံးပြုနိုင်မည်။ အသေးစိတ်ကြည့်ရှုရန်

Library Plus အသင်းဝင်ကြေး - တစ်နှစ်လျှင် ၄ဝ,ဝဝဝ ကျပ်

မည်သို့ အသင်းဝင်ရမည်နည်း

ဘယ်လိုအသင်းဝင်အဖြစ် ရွေးချယ်မှုက ကိုယ်နှင့်အကိုက်ညီဆုံးဖြစ်သည်ကို ဆုံးဖြတ်ပြီးပါက  စာကြည့်တိုက်တွင် အသင်းဝင်ရန် အောက်ပါအချက်များသာ သင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ 

  • ဤနေရာ တွင် အွန်လိုင်း အသင်းဝင်လျှောက်လွှာ ဖြည့်စွက်ပါ။ ထို့နောက် ငွေပေးချေရန် အညွှန်းပါဝင်သော အီးမေးလ်တစ်စောင် သင့်ထံသို့ ရောက်ရှိပါမည်။ ဗြိတိသျှကောင်စီ စာကြည့်တိုက်သို့ လာရောက်၍ အသင်းဝင်လျှောက်လွှာ ဖြည့်စွက်မည်ဆိုပါကလည်း စာကြည့်တိုက် ဝန်ထမ်းများနှင့် လုပ်အားပေးဝန်ထမ်းများမှ သင့်အား ကူညီရန် အသင့်ရှိနေပါသည်။ ဗြိတိသျှကောင်စီအဆောက်အဦးထဲသို့ ဝင်ရောက်ရန် စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ ယူဆောင်လာရန် မေတ္တာရပ်ခံအပ်ပါသည်။

ငွေပေးချေခြင်းအား AYA ဘဏ်မှ ငွေလွှဲခြင်းဖြစ်စေ၊ စာကြည့်တိုက်ဖွင့်ချိန်အတွင်း MPU ကဒ်၊ Visa ကဒ်၊ MasterCard တို့ဖြင့်ပေးချေခြင်းဖြစ်စေ၊ ဧရာဝတီဘဏ် Mobile banking Bill payment (ဘေလ်ငွေပေးချေမှုစနစ်)နှင့်ဖြစ်စေ ပေးသွင်းနိုင်ပါသည်။ 

ဒစ်ဂျစ်တယ်စာကြည့်တိုက်အကြောင်း မိတ်ဆက်ပွဲ

ဗြိတိသျှကောင်စီ ဒစ်ဂျစ်တယ်စာကြည့်တိုက် အကြောင်း မိတ်ဆက်ခြင်းများကို ပုံမှန် ပြုလုပ်ကျင်းပလျက်ရှိပါသည်။ ထပ်မံပြုလုပ်မည့် မိတ်ဆက်ပွဲများကို အောက်ဖော်ပြပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။ ထိုပွဲကို အသင်းဝင်များသာမက အသင်းဝင်မဟုတ်သေးသူများပါ တက်ရောက်နိုင်ပြီး ဗြိတိသျှကောင်စီစာကြည့်တိုက် ဖုန်း +၉၅ ၉ ၉၅၂၂၃၃၉၀၄ လိုင်းခွဲ (၈၀၁) သို့ဆက်သွယ်၍လည်းကောင်း သို့မဟုတ် mdy.enquiries@mm.britishcouncil.org သို့ အီးမေးလ် ပို့၍ စာရင်းပေးသွင်းနိုင်ပါသည်။ ဗြိတိသျှကောင်စီအဆောက်အဦးထဲသို့ ဝင်ရောက်နိုင်ရန် သင်၏ စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ ယူဆောင်လာပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နေ့ရက် အချိန် နေရာ
၂ဝ၁၉ သြဂုတ်လ ၃ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ သြဂုတ်လ ၁ဝ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ သြဂုတ်လ ၁၇ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ သြဂုတ်လ ၂၄ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ သြဂုတ်လ ၃၁ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ စက်တင်ဘာလ ၇ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ စက်တင်ဘာလ ၁၄ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ စက်တင်ဘာလ ၂၁ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ စက်တင်ဘာလ ၂၈ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ အောက်တိုဘာလ ၅ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ အောက်တိုဘာလ ၁၂ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ အောက်တိုဘာလ ၁၉ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ အောက်တိုဘာလ ၂၆ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ နိုဝင်ဘာလ ၂ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ နိုဝင်ဘာလ ၉ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ နိုဝင်ဘာလ ၁၆ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ နိုဝင်ဘာလ ၂၃ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ နိုဝင်ဘာလ ၃ဝ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ ဒီဇင်ဘာလ ၇ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
 ၂ဝ၁၉ ဒီဇင်ဘာလ ၁၄ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)
၂ဝ၁၉ ဒီဇင်ဘာလ ၂၁ ရက်
(စနေနေ့)
နေ့လည် ၃နာရီမှ ၄နာရီ ဗြိတိသျှကောင်စီ 
(မန္တလေး)

စာကြည့်တိုက် ဖွင့်ချိန်များ

တနင်္လာနေ့မှ စနေနေ့ နံနက် ၉ နာရီမှ ညနေ ၅.၃၀ နာရီ

နေရာနှင့် ဆက်သွယ်ရန် အသေးစိတ်အချက်များ

လိပ်စာ - အမှတ် ၆/၇၊ SY ဝင်း၊ လမ်း ၃၀ (၇၇ လမ်းနှင့် ၇၈ လမ်းကြား)၊ မန္တလေး 
(https://goo.gl/maps/rcYcAHSJWmbJqGsL8)
ဖုန်း - +၉၅ ၉ ၉၅၂၂၃၃၉၀၄ လိုင်းခွဲ (၈၀၁)
Digital Library hotline: +၉၅ ၉၇၇၇၀၀၁၈၂၅
အီးမေးလ် - mdy.enquiries@mm.britishcouncil.org