၂၀၁၁ ခုနှစ်မှစ၍ ဗြိတိသျှကောင်စီသည် အရည်အချင်းမြင့်မား၍ မိမိ၏ အလုပ်ကို တိုးတက်လိုသော ဆန္ဒရှိသည့်အပြင် မိမိဒေသ (သို့) နိုင်ငံရပ်ခြားမှ ရရှိလာသော ဘွဲ့ရ/ဘွဲ့လွန်သင်တန်းအတွေ့အကြုံများဖြင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလိုသည့် အလားအလာရှိသော ပုဂ္ဂိုလ်များကို IELTS ပညာသင်ဆုများကို ချီးမြှင့်ခဲ့ပါသည်။
ဤဆုကြောင့် စုစုပေါင်း ကျောင်းသား (၁၇) ဦးသည် ယူကေ၊ အမေရိက၊ ပြင်သစ် အစရှိသည့် မတူညီသော နိုင်ငံများရှိ ၄င်းတို့၏ အိပ်မက် တက္ကသိုလ်များသို့ ၀င်ခွင့်ရခဲ့ပါသည်။
ယခုအခါတွင် ၂၀၁၅ ခုနှစ်အတွက် ဗြိတိသျှကောင်စီ၏ IELTS ပညာသင်ဆုအတွက် လျှောက်လွှာများတင်နိုင်ပြီဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို ၂၀၁၆/၁၇ ခုနှစ် IELTS ပညာသင်ဆု တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။