မြန်မာနိုင်ငံမှ British Council IELTS ပညာတော်သင်ဆုကို ဆွတ်ခူးခဲ့ပြီး Singapore ၌ ဆက်လက် ပညာသင်နိုင်ရန် ပညာသင်ဆု အဖြစ် စတာလင်ပေါင် ၂၅၀၀ ရရှိခဲ့သော စောမယ်လ်ဗင်ကိုလေး အား ဗြိတိသျှကောင်စီမှ ဂုဏ်ပြုပါသည်။
အရှေ့အာရှမှ ၈၀၀၀ ကျော်သော လျှောက်ထားသူများအနက် ထိပ်ဆုံး ကျောင်းသားသုံးဦးသည် နိုင်ငံခြား၌ ဆက်လက်ပညာသင်နိုင်ရန်အတွက် တစ်ဦးလျှင် ပညာသင်ဆုအဖြစ် စတာလင်ပေါင် ၂၅,၀၀၀ ရရှိခဲ့ပါသည်။
ကိုရီးယားနိုင်ငံမှ Sooyoun Kum, ထိုင်းနိုင်ငံမှ Wongsathorn Jiraphanvanich နှင့် မြန်မာနိုင်ငံမှ မသန္တာအောင်တို့သည် ၄င်းတို့၏ IELTS ၌ စွမ်းဆောင်ချက်၊ ပညာသင်ယူရန်ပြင်းပြသော ရည်ရွယ်ချက်နှင့် လူမှုအဖွဲ့အစည်းတွက် အကျိုးပြုဆောင်ရွက်မည့် အလားအလာတို့ကြောင့် ရွေးချယ်ခံခဲ့ရပါသည်။