အမြုတေသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို အားကောင်းစေရန်ကူညီသော အစီအစဉ်တစ်ခုဖြစ်ပြီး ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန နှင့် ဆွီဒင်နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှ ယူရို ၂.၈ သန်း ကူညီထောက်ပံမှုဖြင့် ပြည်တွင်းမှ အရပ်ဖက်လူမှုအဖွဲ့အစည်း၏ နေ့စဉ်လုပ်ငန်းများ လုပ်ဆောင်လည်ပတ်ရန် သို့မဟုတ် အဖွဲ့အစည်းအတွင်း လုပ်ငန်းစီမံဆောင်ရွက်ရန် ထောက်ပံ့ကူညီခြင်းဖြစ်သည်။
The project:
- အရပ်ဖက်အဖွဲ့အစည်းများသည် ပေါ်လစီနှင့် အခြားသော ပြောင်းလဲမှုများအတွက် ကျယ်ပြန်သောတိုက်တွန်း အကြံပြုဆွေးနွေးခြင်းကို အမြုတေ အစီအစဉ်၏ ထောက်ပံကူညီခြင်းဖြင့် အဖွဲ့၏ ငွေကြေးဆိုင်ရာလည်ပတ်မှုအတွက် စိုးရိမ်စရာမလိုဘဲ ရေရှည်လုပ်ကိုင်ဆာင်ရွက်နိုင်စေသည်။ အရပ်ဖက်အဖွဲ့အစည်းများအတွက် ငွေကြေး ထောက်ပံ့ကူညီမှုများ တိုးတက်လာခြင်းဖြင့် အရပ်ဖက်အဖွဲ့အစည်းများသည် မတူညီသောအရင်းအမြစ်များမှ ထောက်ပံ့ကူညီမှုများဖြင့် စီမံချက်လုပ်ငန်းများကို တိုး၍လုပ်ကိုင်လာနိုင်သော်လည်း အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရန်နှင့် ပေါ်လစီနှင့် အခြားသော ပြောင်းလဲမှုများအတွက် ကျယ်ပြန်သော တိုက်တွန်း အကြံပြုဆွေးနွေးခြင်းများကို ပိုမိုစူးစိုက်လုပ်ဆောင်ရန် အခွင့်အရေးနည်းပါးလာစေသည်။
- အမြူတေ၏ စွမ်းဆောင်ရည်မြှင့်တင်တည်ဆောက်ခြင်း အစီအစဉ်တွင် ပါဝင်သော အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍရေးဆိုင်ရာစီမံခန့်ခွဲခြင်း၊ အတူတကွလုပ်ဆောင်ခြင်းဖြင့် အဖွဲ့အစည်းတိုးတက်စေရန် အချင်းချင်းကူညီထောက်ပံခြင်းဖြင့် လက်တွေ့လိုက်နာလုပ်ဆောင်သော အလေ့အထရှိသည့် ဝန်းကျင်ကို တည်ဆောက်နိုင်သောအခွင့်အရေးများရရှိပါသည်။
အမြုတေသည် မြန်မာနိုင်ငံတဝန်းရှိ လူမှုရေးနှင့် နိုင်ငံအရေးအရာများအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အဆိုပါအဖွဲ့အစည်းများအား တစ်နှစ် မှ နှစ်နှစ် အတွင်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်ရန် သင့်တော်သော ငွေကြေး ထောက်ပံ့ကူညီပေးပါသည်။ ငွေကြေး ထောက်ပံ့မှုသည် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး နှင့် လုပ်ငန်းစီမံလည်ပတ်ဆောင်ရွက်ရန် ပေါင်းစပ်ထားခြင်းဖြစ်ပြီး၊ အဖွဲ့အစည်းများမှ တိုက်တွန်း အကြံပြုဆွေးနွေးခြင်းများ နှင့် ၄င်းတို့ကိုယ်တိုင် အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် စီစဉ်ဆောင်ရွက်နိုင်စေသည်။
အတွေ့အကြုံရှိသော အရပ်ဖက်အဖွဲ့အစည်းများနှင့် အတွေ့အကြုံနည်းပါသေးသော အရပ်ဖက်အဖွဲ့အစည်းများအကြား ကောင်းမွန်စွာဆောင်ရွက်လုပ်ကိုင်နိုင်ခဲ့သည့် လုပ်ငန်းများ၊ အဖွဲ့အစည်း၏ ဦးတည်ရည်မှန်းသော လုပ်ငန်းဆောင်ရွက်မှုများကို မျှဝေနိုင်ရန် အမြူတေမှ စီစဉ်ပေးခြင်းဖြင့် နိုင်ငံအတွင်းရှိ အရပ်ဖက်အဖွဲ့စည်းများအနေဖြင့် ခက်ခဲမှုများကိုကျော်လွန်နိုင်ရန် နှင့် အခွင့်အလမ်းများကို အကောင်းဆုံး အသုံးချနိုင်စေရန်ဖြစ်ပါသည်။
အမြုတေသည် ဇန်နဝါရီလ ၂ဝ၁၃ တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၆ အထိ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပါသည်။