သင့်ကလေးများ ယူကေမှာ ကျောင်းအိပ်ကျောင်းစားနေရန် သွားသောအခါ မြင့်မားသော ပညာရေးစံနှုန်း၊ အလွန်ကောင်းမွန်သော ပံ့ပိုးပစ္စည်းများနှင့် လုံခြုံစွာ ပြုစုပျိုးထောင်ပေးမည့် ၀န်းကျင်တစ်ရပ်အတွင်း လွှမ်းခြုံရစ်သိုင်းထားမှာဖြစ်ပါသည်။ သင့်ကလေး တစ်သက်တာ အကောင်းဆုံး အတွေ့အကြုံပေးရန် စီစဉ်ချမှတ်ထားသော ကျောင်းတွင်း၊ ကျောင်းပြင် လတ်ဆတ်သော လေထုထဲ ကျောင်းပြင်ပလှုပ်ရှားမှုများ အများကြီးရှိပါသည်။ ကလေးများက၄င်းတို့၏ အစွမ်းအစများအားရှာဖွေတွေ့ရှိပြီး စိတ်ဝင်စားစရာ အသစ်အသစ်များ စူးစမ်းဖွေရှာရန် အခွင့်အလမ်းလည်းဖြစ်ပါသည်။
အရည်အချင်း
နယ်ပယ်မျိုးစုံ၌ အသက်အရွယ်အမျိုးမျိုး အဆင့်အဖုံဖုံဖြင့် ကလေးတို့ အရည်အချင်းများ ရရှိစေနိုင်ရန် ကျောင်းနှင့်ကောလိပ်များမှ အခွင့်အရေးပေးပါသည်။
အင်္ဂလန်၊ ဝေးလ်နှင့် မြောက်ပိုင်းအိုင်ယာလန်တွင် အဓိကပေးသော ပညာရေးအရည်အချင်းများမှာ
- General Certificate of Secondary Education (GCSEs)
- International General Certificate of Secondary Education (IGCSEs)
- A-level
- Advanced International Certificate of Education
- International Baccalaureate Diploma
- Cambridge Pre-U
ယူကေ ကျောင်းအိပ်ကျောင်းစားဘဝ
ကျောင်းအဆောင်များကို အနီးမှာ နေထိုင်သော အဆောင်ကြီးကြပ်သူ (house masters or matrons) များမှ ကြည့်ရှုစောင့်ရှောက် ကြပါသည်။ ကျောင်းသူ/သားများကို ကြီးကြပ်ရန်၊ ပညာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးရန်၊ ကလေးများ သာကြောင်းမာကြောင်း ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။
ကျောင်းသူ/သားများ ယူကေကဘော်ဒါကျောင်းသို့ရောက်သောအခါ အဆောင်တစ်ခုတွင် နေရာချပေးပါသည်။ ဆိုက်ရောက်ချိန်မှ ကျောင်းပြီးချိန်တိုင် အဆောင်နေသူများ ဖြစ်သွားကြပြီး အဆောင်အုပ်စုအလိုက် အားကစား၊ ပြဇာတ်နှင့် အခြားပြိုင်ပွဲများမှာ ယှဉ်ပြိုင်ကြပါမည်။
အဆောင်နေစနစ်က မိတ်ဆွေဖွဲ့ရန် အလွန်ကောင်းသော နည်းလမ်းဖြစ်ပြီး သင့်ပထမနှစ် ကျောင်းဆောင်နေစဉ် သင့်အားနည်းပေးလမ်းပြလုပ်ရန် ကျောင်းသူ/သားကြီးများကို ခန့်အပ်ပေးသွားမှာ ဖြစ်ပါသည်။