©

Mat Wright

အင်္ဂလိပ်ဘာသာစကားကို အပျော်သဘောဖြစ်စေ၊ ရည်ရွယ်ချက်တစ်ခုကြောင့်ပဲဖြစ်စေ သင်လေ့လာသောအခါ ကမ္ဘာတစ်ဝှမ်း မိခင်ဘာသာစကားအပြင် အင်္ဂလိပ်စကားပြောကြသော လူဦးရေ သန်း-၇၅၀ ထဲ သင်လည်း အပါအ၀င်ဖြစ်သွားပါမည်။

ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များမှာ ပညာသင်ကြားခဲ့လျှင် သင့်ယူကေ ပညာရေးတွင် အင်္ဂလိပ်စာသည် အရေးကြီးပြီး - အဓိကအစိတ်အပိုင်း တစ်ခုပင် ဖြစ်သွားနိုင်ပါသည်။

ယူကေမှာ ဘာကြောင့် အင်္ဂလိပ်စာလေ့လာသင့်ပါသလဲ? 

ယူကေမှာ အင်္ဂလိပ်စာသင်ယူသောအခါ အင်္ဂလိပ်စကား၏ ဗဟိုချက်မ အင်္ဂလိပ်စကား၏ ဇာတိချက်ကြွေဒေသမှာ လေ့လာနေခြင်းဖြစ်ပါသည်။ များမြောင်လှသော သင်တန်းအမျိုးအစားများမှ ရွေးချယ်ရမည် ဖြစ်သောကြောင့် သင်နှင့်ကိုက်ညီသော သင်တန်းတစ်ခုတော့ရှိမည်မှာ သေချာပါသည်။

အင်္ဂလိပ်စကားကို တစ်နေကုန် တစ်နေခန်း နေ့စဉ်နေ့တိုင်း ပြောသောနေရာမှာ သင်ပညာသင်ယူရ ခြင်းကြောင့်လည်း ပိုမိုကောင်းမွန်ပါသည်။ ထို့ကြောင့် သင်အားလပ်ချိန် ယူကေထဲလည်ပတ်သောအခါ ဒေသခံအင်္ဂလိပ်စကားပြောသူများနှင့် ဝန်းရံနေမည်ဖြစ်ပြီး သင့်ဘာသာစကားကျွမ်းကျင်မှုအတွက် လေ့ကျင့်ရန် ယဉ်ကျေးမှုမျိုးစုံရှိသော ယူကေမှာ မည်မျှ ဖော်ရွေကြောင်း စူးစမ်းဖွေရှာလိုက်ပါ။

ယူကေသည် ကမ္ဘာ့အကောင်းဆုံး ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ၊ အထူးကောင်းမွန်သော ဘာသာစကားဌာနများ တွေ့ရမည့် နေရာတစ်ခုဖြစ်ပါသည်။ ယူကေတွင် အင်္ဂလိပ်ဘာသာ သင်ယူသောအခါ အထူးကောင်းမွန်သော ပညာရေးဌာနများမှာ နောက်တစ်ဆင့် ဆက်လက်လေ့လာရန် စိတ်အားထက်သန်ကောင်း ထက်သန်လာပါလိမ့်မည်။

မည်သည့်အင်္ဂလိပ်ဘာသာသင်တန်းကို သင်လိုအပ်ပါသလဲ

အထွေထွေအင်္ဂလိပ်စာ၊ IELTS/TOEFL သင်တန်း၊ ကမ်းဘရစ်ခ်ျအင်္ဂလိပ်စာသင်တန်း၊ တက္ကသိုလ်အကြို ၀င်ခွင့်သင်တန်း၊ သီးသန့်ရည်ရွယ်ချက်နှင့်သင်သော အင်္ဂလိပ်စာ၊ အပန်းဖြေခရီးသုံးအင်္ဂလိပ်စာ စသည်ဖြင့် အမျိုးအစားများ အထွေထွေအပြားပြား ရှိပါသည်။

သင်တန်းကာလမှာ သင်ယူလိုသော အကြောင်းအရာ၊ တတ်မြောက်လိုသော အဆင့်ပေါ် မူတည်ပြီး ရက်အနည်းငယ်မှ သီတင်းပတ်၊ တစ်နှစ်ပတ်လုံး စသည်ဖြင့်  ကွဲပြားနိုင်ပါသည်။ မည်သည့်သင်တန်းအမျိုးအစား မည်သည့်အဆင့်ကိုပင် ရွေးချယ်သည်ဖြစ်စေ အဓိကအားဖြင့် သင်ကြားမှု ဟန်ပန်က လက်တွေ့ကျကြောင်း တွေ့ရမည်ဖြစ်ပါသည်။

ပထမဦးဆုံး စစ်ဆေးရမည်မှာ အင်္ဂလိပ်စာသင်တန်းများအားကြည့်သောအခါ လက်မှတ်ရ အင်္ဂလိပ်ဘာသာ သင်ကြားရေးဌာနက သင်တန်းဖွင့်ထားခြင်း ဟုတ်မဟုတ် ဖြစ်ပါသည်။

External links

မျှဝေပါ