ယူကေခရီးထွက်သည့်အခါ ပစ္စည်းထုပ်ပိုးခြင်း၊ ခရီးသွားအာမခံထားခြင်း စသည်ဖြင့် သင့်တွင် စဉ်းစားစရာ အများကြီး ရှိနိုင်သော်လည်း ရှေ့အနည်းငယ် ကြိုတင်စီစဉ်ထားလျှင် အလွန်ကောင်းပါမည်။ သင့်ခရီး လွယ်ကူချောမွေ့ ပျော်ရွှင်ဖွယ် ဖြစ်စေရန် အကြံများလည်း ပေးထားပါသည်။
နိုင်ငံတကာကျောင်းသူ/သားဗီဇာ
ယူကေမှာ ပညာသင်ရန် ခရီးထွက်သောအခါ ပထမဆုံး လုပ်ရမည်မှာ ဗီဇာလိုမလို - လိုခဲ့လျှင် မည်သည့်အမျိုးအစား လိုကြောင်း စစ်ဆေးရန် ဖြစ်ပါသည်။ နိုင်ငံတကာကျောင်းသူ/ သားဗီဇာ မည်သည်ကို လျှောက်ထားမည်ဖြစ်ကြောင်း ဖွေရှာပါ။
နိုင်ငံတကာကျောင်းသူ/သားအာမခံ
ယူကေသို့ငွေ၊ခရီးဆောင်အိတ်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ယူမလာမီ အာမခံအလျှင်လုပ်ထားပါ။ နိုင်ငံတကာကျောင်းသူ/သားအာမခံလုပ်ပေးသော ကုမ္ပဏီများ အမြောက်အများရှိပြီး မည်သည့်ပုံစံကိုမှ လက်မှတ်မထိုးမီ အကြံတောင်းပါ။ အာမခံလုပ်ရန် မဖြစ်နိုင်လျှင် ဒေသတွင်းဘဏ် သို့မဟုတ် ကျောင်းသားရေးရာအရာရှိနှင့် ဆွေးနွေးပြီး အကူအညီရယူပါ။
ယူကေခရီးပြင်ဆင်ခြင်း
ယူကေခရီးထွက်ခြင်းမှာ ပျော်ရွှင်စိတ်လှုပ်ရှားစရာ ဖြစ်ပါသည်။ ကံကောင်းထောက်မစွာပင် သင့်ကျောင်းမှ အတော်များများ ပြင်ဆင်ပေးမှာဖြစ်ပါသည်။ ယူကေသို့ မည်သို့သွားရမည်၊ မည်သည့်အချိန်သွားရမည်၊ မည်မျှကုန်ကျမည်၊ ပြဿနာကြုံလျှင် မည်သူ့ထံ ဆက်သွယ်ရမည် စသည်ဖြင့် ပြောပြပါမည်။
သင်ကိုယ်တိုင်လည်း အနည်းငယ်မျှ စူးစမ်းဖွေရှာကြည့်ပါ။ အရင်းစစ်သော် အမှီအခိုကင်းမှုမှာ ကျောင်းသူ/သားဘ၀၏ အရေးကြီးသော အပိုင်းဖြစ်ပါသည်။ Study UK ဝက်ဗ်ဆိုဒ် တွင် သင်တက်မည့်ကျောင်းအကြောင်း၊ ကျောင်းဝန်းကျင် ဆိုက်ရောက်သည့်အခါ မည်သည်တို့ကို မျှော်လင့်ရမည်ဟူသည်ကို စူးစမ်းလေ့လာပါ။