IGCSE / International GCSE (သို့) A level ဘာသာရပ်များကို ရွေးချယ်သောအခါ စာစစ်အဖွဲ့ကိုပါ ရွေးချယ်ရန် လိုအပ်နိုင်ပါသည်။ စာစစ်အဖွဲ့များသည် ကျောင်းသားများကို အရည်အချင်းပေးသော အဖွဲ့အစည်းများ ဖြစ်ပါသည်။ ၄င်းတို့သည် စာမေးပွဲမေးခွန်းများကို စီစဉ်ခြင်းနှင့် အဖြေလွှာများကို စစ်ဆေး၍ အဆင့်သတ်မှတ်သော လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။ ကျောင်းစာမေးပွဲအတွက် အဓိကစာစစ်အဖွဲ့ (၂)ခုမှာ Cambridge Assessment International Education နှင့် Pearson Edexcel တို့ဖြစ်ပါသည်။

သို့ရာတွင် ၄င်းတို့ (၂)ဖွဲ့ကြား မည်သို့ရွေးချယ်မည်နည်း။ ၄င်း(၂)ဖွဲ့လုံးသည် နိုင်ငံတကာအသိအမှတ်ပြုထားသည့်အပြင် ကမ္ဘာအရပ်ရပ်ရှိ ကောလိပ်နှင့် တက္ကသိုလ်များက လက်ခံထားသော အရည်အချင်းများကို ပေးပါသည်။

Registration form များကို ယခုစာမျက်နှာအောက်ဆုံးတွင် ‌ဒေါင်းလုဒ်ရယူနိုင်ပါသည်။

စာမေးပွဲ အာဏာပိုင်အဖွဲ့များအကြောင်း ပိုမိုသိရှိလိုပါက 

အင်္ဂလိပ်ဘာသာစကားစွမ်းရည်အတွက် တရားဝင်လက်မှတ်ရရှိလိုပါသလား? 

IELTS အပါအဝင် တရားဝင်လက်မှတ်ရရှိနိုင်သည့် တခြားအင်္ဂလိပ်ဘာသာစကားစာမေးပွဲများအကြောင်း ရှာဖွေပါ။

မျှဝေပါ