Image: Daw Aung San Suu Kyi and Yee Nan Theik, film maker of Survival in Prison which won Aung San Suu Kyi Award at the awarding ceremony on 19 June 2013 Photo by Kyi Kyi Pyone © British Council.
ပထမဦးဆုံးသော လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာဆိုင်ရာ ရုပ်ရှင်ပွဲတော်ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံမှ စတင်ဆာင်ရွက်ခဲ့ပါသည်။ လူထောင်ပေါင်းကို ကျေနပ်နှစ်သိမ့်မှုရရှိစေပြီး လှုံ့ဆော်မှု ပေးနိုင်ခဲ့သော ဤဆန်းသစ်သော ရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံရှိ မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးသော ပညာသည်များနှင့် အပျော်တမ်းသမားတို့အတွက် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြဲတည်ရှိနေမှာဖြစ်ပါသည်။ ရန်ကုန်တွင်ကျင်းပသော ပွဲတော်ကို အဓိကကူညီပံ့ပိုးသူဖြစ်သော ကျွန်ုပ်တို့ကလည်း ဤအောင်မြင်မှုတွင် ပါဝင်ခဲ့ရသည်ကို လွန်စွာမှ အားရကျေနပ်မိပါသည်။
ဤပွဲတော်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော နိုင်ငံတကာပွဲတော်ဖြစ်ပြီး အများပြည်သူလုထုအကြား လူ့အခွင့်အရေးဆိုင်ရာအကြောင်းအရာများကို ပိုမိုသိရှိနိုးကြားစေရန် နှင့် ပြည်တွင်းမှ ပညာရှင်များ၊ ပြည်ပရုပ်ရှင်လုပ်ငန်းများနှင့် ပြည်တွင်းလူ့အဖွဲ့အစည်း အကြား လူ့အခွင့်အရေးကို ဆွေးနွေးငြင်းခုံကြရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။
ဤပွဲတော်သည် ပြည်တွင်းပြည်ပမှ လူ့အခွင့်အရေးနှင့် ရုပ်ရှင်အဖွဲ့အစည်းများကို ပေါင်းစည်းပေးခဲ့ပါသည်။ ဤပွဲတော်သည် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း၍ ပြုလုပ်ခဲ့ပြီး သူမ၏ မွေးနေ့ဖြစ်သော ဇွန်လ (၁၉) ရက်နေ့တွင် ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။
နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ နှင့် အာရှမှ မှတ်တမ်းရုပ်ရှင်ပေါင်း ၁၀၀ ရာကျော်ကို ရန်ကုန်မြို့ ရုပ်ရှင်ပြပွဲတွင် အကြိမ် ၂၅၀ နီးပါးပြသပြီး၊ နိုင်ငံတဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတို့တွင်လည်း ခြောက်လကြာ မှတ်တမ်းရုပ်ရှင်ပြမှုကိုလည်း ပြုလုပ်ပါသည်။
လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ဗြိတိသျှကောင်စီသည် ရုပ်ရှင်ပွဲတော်ကို ဆက်တိုက် ပံ့ပိုးပေးခဲ့ခြင်း နှင့် ၂၀၁၆ ခုနှစ်တစ်နှစ်လုံး ကျင်းပပြုလုပ်မည့် လေးကြိမ်မြောက် ခရီးသွားရုပ်ရှင်ပွဲတော်ကို ပံ့ပိုးသော အဓိကပံ့ပိုးသည့်အဖွဲ့များမှ တစ်ခုအဖြစ် ပါဝင်ခွင့်ရခြင်းကိုလည်း ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။