ACCA (the Association of Chartered Certified Accountants) သည် စာရင်းကိုင် အတတ်ပညာရှင်များအတွက် ကမ္ဘာ့အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ စာရင်းကိုင်ပညာ၊ ဘဏ္ဍာရေးနှင့် စီမံအုပ်ချုပ်မှုနယ်ပယ်တို့တွင် အကျိုးကျေးဇူးရှိစေမည့် အသက်မွေးမှုလုပ်ငန်းများကို ရှာဖွေလျက်ရှိသော အသုံးချနိုင်မှု၊ စွမ်းရည်နှင့် ရည်မှန်းချက်ရှိသူတို့ကို လုပ်ငန်းနှင့် ဆက်စပ်မှုရှိသော ပထမတန်းစား ရွေးချယ်မှုအရည်အချင်းများကို ပေးပါသည်။
ACCA သည် နိုင်ငံပေါင်း (၁၇၀) တွင် အဖွဲ့ဝင်ပေါင်း ၁၅၄,၀၀၀ ခန့်နှင့် ကျောင်းသားအယောက် ၄၃၂,၀၀၀ ရှိပြီး စာရင်းကိုင်ပညာနှင့် စီးပွားရေးတို့တွင် အောင်မြင်သော သက်မွေးမှုလုပ်ငန်းများရရှိရန် ၄င်းတို့၏ ကျွမ်းကျင်မှုများ တိုးတက်အောင် အကူအညီပေးပါသည်။ ACCA ၏ တာဝန်မှာ
- ကမ္ဘာအနှံ့ရှိ လူသားများကို အခွင့်အရေးနှင့် လက်လှမ်းမီနိုင်မှုများအပြင် စာရင်းကိုင်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သက်မွေးမှုလုပ်ငန်းများ၌ရှိသော ၄င်း၏အဖွဲ့ဝင်များကို လုပ်ငန်း တစ်လျှောက် အကူအညီပေးရန်။
- အတတ်ပညာ၊ ကျင့်ဝတ်နှင့် အုပ်ချုပ်မှုဆိုင်ရာ အမြင့်ဆုံးအဆင့်အတန်းကို ရယူပြီး မြှင့်တင်ရန်။
- လူထု၏ စိတ်ဝင်စားမှုကို လမ်းဖွင့်ပေးရန်။
- ဤအတတ်ပညာ၌ ကမ္ဘာ့ဦးဆောင်သူဖြစ်ရန် တို့ဖြစ်ပါသည်။