City and Guilds သည် အသက်မွေးဝမ်းကျောင်းမှုပညာနှင့် သင်တန်းများကို ပေးရာတွင် ဦးဆောင်မှု ပြုလျက်ရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ၄င်းသည် အမျိုးမျိုးသော ပညာရပ်နယ်ပယ်၌ရှိသော သင်တန်းပေးသူများ၊ အလုပ်ရှင်များနှင့် သင်တန်းသားများကို ယခုခေတ်လုပ်ငန်းခွင်၏ လိုအပ်ချက်များကို ရင်ဆိုင်နိုင်ရန် ၀န်ဆောင်မှုများပေးပါသည်။

City and Guilds အရည်အချင်းအကြောင်း

City and Guilds အရည်အချင်းများကို အလုပ်ရှင်များက လွန်စွာမှ တန်ဖိုးထားကြပါသည်။ ၄င်းက လူတစ်ယောက်ချင်းစီ၏ ကျွမ်းကျင်မှုနှင့် စွမ်းရည်များကို ထိုသူ၏ သက်မွေးမှုလုပ်ငန်းကို ဒီထက်ပို၍ အကျိုးပြုစေရန် ကမ္ဘာတစ်ဝှမ်းရှိ သင်တန်းစင်တာပေါင်း ၁၀,၀၀၀ ကျော်မှ စာမေးပွဲများ ကျင်းပပေးခြင်းဖြင့် ပို၍ တိုးတက်လာအောင် အထောက်အပံ့ပေးနေပါသည်။

ရရှိနိုင်သော City and Guild ပညာအရည်အချင်း အမျိုးအစားများကို သိနိုင်ရန်နှင့် ကျောင်းသားများ၊ ဆရာများ၊ အလုပ်ရှင်များနှင့် အစိုးရအဖွဲ့များအတွက် အပိုအမှီအငြမ်းများရရှိနိုင်ရန် City and Guilds ဝက်ဗ်ဆိုဒ် ကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Certificate၊ Diploma နှင့် Advanced Diploma ဟူ၍ စာမေးပွဲ အဆင့် (၃) ဆင့်ရှိပါသည်။

City and Guilds စာမေးပွဲများကို ဗြိတိသျှကောင်စီ မှတဆင့် ဖြေဆိုနိုင်ပါသည်။ အောက်ဖော်ပြပါ မှတ်ပုံတင် တင်ပုံတင်နည်းအဆင့်ဆင့်အတိုင်းသာ ဆောင်ရွက်ပါ။

စာမေးပွဲရက်များနှင့် စာဖြေဌာနများ

ကျွန်ုပ်တို့သည် City and Guilds စာမေးပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့များ၌ ကျင်းပပေးပါသည်။ စာမေးပွဲများကို  တစ်နှစ်လျှင် (၂)ကြိမ် - ဇွန်လနှင့် ဒီဇင်ဘာလများတွင် ကျင်းပပေးပါသည်။

စာရင်းသွင်းပုံသွင်းနည်း

တရားဝင်ခွင့်ပြုခြင်းခံထားရသော City and Guilds စင်တာများက စာမေးပွဲအတွက် မှတ်ပုံတင်ခြင်းနှင့် အခကြေးငွေပေးချေခြင်းတို့ကို ဆောင်ရွက်၍ ဗြိတိသျှကောင်စီမှ City and Guilds နှင့်အတူ စာမေးပွဲစီမံခန့်ခွဲခြင်းကို ပြုလုပ်ပါသည်။ 

စာမေးပွဲရက်တွင် သင်၏ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား (သို့) ပတ်(စ်)ပို့ကို ယူဆောင်လာရန် မမေ့ပါနှင့်။ ထိုသို့ မယူလာပါက စာမေးပွဲဖြေဆိုခွင့်ရမည် မဟုတ်ပါ။

မျှဝေပါ