ကွန်ပြူတာဖြင့်ဖြေဆိုနိုင်သော ACCA စာမေးပွဲ (ACCA on-demand CBE) ဖြင့် အဆင်သင့်ဖြေဆိုနိုင်မည့် ACCA Qualification များ

အခြေခံအဆင့်ဆုများအတွက် ပထမဆုံးစာမေးပွဲခုနှစ်ခုကို CBE (ကွန်ပြူတာဖြင့်ဖြေဆိုနိုင်သောစာမေးပွဲ) များဖြင့် စိတ်ကြိုက်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ACCA Qualification ထဲမှာပါတဲ့ စီးပွားရေးနှင့် နည်းပညာ (BT)၊ စာရင်းအင်းစီမံခန့်ခွဲမှု (MA)၊ ဘဏ္ဍာရေးစာရင်းကိုင် (FA)၊ ကော်ပိုရိတ်နှင့် စီးပွားရေးဥပဒေ (LW-ENG) နှင့် ကော်ပိုရိတ်နှင့် စီးပွားရေးဥပဒေ (LW-GLO) တို့ကို CBE ဖြင့်ဖြေဆိုနိုင်မှာပါ။

  • ACCA FIA စာမေးပွဲအတွက်စာရင်းပေးသွင်းရန်  နေရာကိုနှိပ်ပါ။
  • စာမေးပွဲ နေ့စွဲ၊ စာမေးပွဲကြေး နှင့် ဖြေဆိုရန်နေရာ ကိုရှာဖွေရန် နေရာကိုနှိပ်ပါ။

(၁) အခြေခံအဆင့် စာရင်းကိုင်ပညာ (Foundation in Accountancy - FIA)

ACCA ရဲ့ အခြေခံအဆင့် စာရင်းကိုင်ပညာရပ်ဆိုင်ရာမှာ Qualification ပေါင်းများစွာပါဝင်ပြီး ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုနဲ့ အစီရင်ခံခြင်းဆိုင်ရာ အသိပညာတွေကို လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း ခိုင်ခိုင်မာမာ နားလည်တတ်ကျွမ်းဖို့အတွက် ရည်ရွယ်ဖန်တီးပေးထားတာဖြစ်ပါတယ်။

ဒီ Qualification တွေဟာ မတူကွဲပြားတဲ့ ပညာအရည်အချင်းနဲ့ အတွေ့အကြုံရှိသူတွေအတွက် ရည်ရွယ်ထားပြီး GCSE အဆင့် (Level 2) ကနေ တက္ကသိုလ်ဘွဲ့အဆင့် (Level 4) ပထမနှစ် အထိ အဆင့်တက်ကာ သင်ယူနိုင်မှာဖြစ်ပါတယ်။ FIA အတွက် အနိမ့်ဆုံးဝင်ခွင့်လိုအပ်ချက်တွေ သတ်မှတ်ထားတာမျိုးမရှိပါဘူး။

British Council Myanmar ကနေ FIA အတွက် ကမ်းလှမ်းထားတဲ့ Qualification တွေကတော့

  • FA1 Recording Financial Transactions
  • MA1 Management Information
  • FA2 Maintaining Financial Records
  • MA2 Managing Costs and Finance
  • FBT Business and Technology
  • FFA Financial Accounting
  • FMA Management Accounting

FIA ရဲ့ လိုက်လျောညီထွေရှိတဲ့ ဝင်ခွင့်လိုအပ်ချက်တွေကြောင့် ပညာအရည်အချင်းအတွက် တရားဝင်အထောက်အထားများမလိုအပ်ဘဲ ဘယ်သူမဆိုဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ စာသင်၊ စာကျက်တာတွေနဲ့ အချိန်အတော်ကြာဝေးကွာနေသူတွေအဖို့တော့ Level 2 ကနေ စတင်ဖို့အကြံပေးလိုပါတယ်။

ဒီ Qualification တွေဟာ ဘဏ္ဍာရေးဆိုင်ရာအတွက် အလုပ်ရှာဖွေနေသူသာမက မိမိတို့ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ မသက်ဆိုင်လည်း စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်တဲ့အရည်အချင်းကို ဖြည့်တင်းချင်သူတွေအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကိုသာ နားလည်ထားမယ်ဆို ကဏ္ဍအသီးသီးမှာ အရေးတကြီးဆုံးဖြတ်ချက်များ ချမှတ်ရမဲ့လုပ်ငန်းစဉ်များကို ထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးနိုင်ပြီး စီးပွားရေးရလဒ်တွေကို တစ်ဆစ်ချိုးပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ အလုပ်ရှင်တွေဆိုရင်လည်း ဘဏ္ဍာရေးဆိုင်ရာကို ခိုင်ခိုင်မာမာနားလည်စေပြီး စီးပွားရေးလုပ်ငန်းမှာ ကြုံတွေ့လာရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း ပိုမြင့်မားလာစေမှာပါ။

ခြုံငုံပြီးပြောရမယ်ဆိုရင် FIA ဟာ စာရင်းကိုင်ခြင်းဆိုင်ရာ နဲ့ ဘဏ္ဍာရေးဆိုင်ရာတို့အတွက် အဖိုးတန်အခြေခံအုတ်မြစ်တစ်ခုကို ချမှတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် နယ်ပယ်အမျိုးမျိုးနဲ့ ကဏ္ဍအမျိုးမျိုးမှာ လက်တွေ့အသုံးချနိုင်ပြီး မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။

(၂) ACCA Qualification များ

  • Business and Technology (BT)
  • Management Accounting (MA)
  • Financial Accounting (FA)
  • Corporate and Business Law (LW-ENG) & Corporate and Business Law (LW-GLO)

အသေးစိတ်အချက်အလက်များ