တစ်သီးပုဂ္ဂလစာမေးပွဲဖြေဆိုရန်မှတ်ပုံတင်ခြင်း

  • မှတ်ပုံတင်ခြင်းဖောင်ကိုဖြည့်ပါ - စာရင်းသွင်းရန်
  • စာမေးပွဲ စာရင်းပေးသွင်းရန်ကာလ၊ စာမေးပွဲရက် နှင့် စာမေးပွဲကြေးများကို နေရာတွင် ကြည့်ရှုနိုင်ပါသည်။
  • လျှောက်ထားသူအနေဖြင့် မှတ်ပုံတင်ခြင်းပြီးဆုံးသည့်အခါ “မှတ်ပုံတင်ခြင်းပြီးဆုံးကြောင်း အသိအမှတ်ပြုစာ” နှင့်အတူ ငွေပေးချေခြင်းဆိုင်ရာလမ်းညွှန်ချက်များကို အီးမေးလ်မှတစ်ဆင့် လက်ခံရရှိပါမည်။
  • စာမေးပွဲကြေးများကို စာရင်းပေးသွင်းပြီး  (၂)ရက်အတွင်း ပေးချေရပါမည်။
  • စာမေးပွဲဖြေဆိုကြေးကို လက်ခံရရှိပြီးသည့်အခါ လျှောက်ထားသူများသည် မှတ်ပုံတင်ခြင်းကို အတည်ပြုပြီးကြောင်းအီးမေးလ်ကို ၇၂ နာရီအတွင်း လက်ခံရရှိပါမည်။
  • စာမေးပွဲ ဖြေဆိုရန် နေရာ နဲ့ အချိန်ဇယား အချက်အလက်များကို စာမေးပွဲမဖြေဆိုမီ (၂)ရက် အလိုတွင် အီးမေး ထပ်မံပေးပို့သွားပါမည်။

 

 ငွေပေးချေမှု 

စားမေးပွဲဆိုင်ရာ ငွေပေးချေမှုများအတွက်

  • နီးစပ်ရာ AYA ဘဏ် မှသော်လည်းကောင်း၊ 
  • အင်တာနက်ဘဏ်စနစ် ဖြင့်သော်လည်းကောင်း၊ 
  • AYA မိုလ်ဘိုင်းဘဏ်စနစ် ဖြင့်သော်လည်းကောင်း၊
  • AYA Pay ဖြင့်သော်လည်းကောင်း၊
  • ရန်ကုန်ဗြိတိသျှကောင်စီကမ်းနားလမ်းရုံး သို့ လူကိုယ်တိုင် ဘဏ်ကတ်ဖြင့် လည်းကောင်း  ငွေပေးချေနိုင်ပါသည်။

 

ACCA စင်တာများမှတစ်ဆင့်မှတ်ပုံတင်ခြင်း

  • စာမေးပွဲဖြေဆိုမည့် လျှောက်ထားသူတစ်ဦးချင်းစီတိုင်း တောင်းဆိုထားသည့်အချက်အလက်များကို ရယူနိုင်ရန် သက်ဆိုင်ရာပညာရေးထောက်ပံ့သူများကို ဆက်သွယ်ရန်လိုအပ်ပါသည်။
  • ACCA စင်တာများမှ British Council ၏ B2B Customer Service အဖွဲ့အား အောက်ဖော်ပြပါ အီးမေးလ်မှတစ်ဆင့် ဆက်သွယ်ရန်လိုအပ်ပါသည်။
  • ACCA စင်တာများမှ စာမေးပွဲဖြေဆိုမည့်သူများစာရင်းကို British Council မှပေးပို့ထားသော Excel Spreadsheet တွင် ဖြည့်စွက်ပေးပို့ရမည်ဖြစ်ပါသည်။ ဖြေဆိုမည့်သူများ၏ အချက်အလက်များဖြစ်သည့် ACCA ကျောင်းသားမှတ်ပုံတင်နံပါတ်၊ ကျောင်းသားအမည်စာလုံးပေါင်း၊ မွေးနေ့၊ နိုင်ငံသားမှတ်ပုံတင်နံပါတ်နှင့် ဖြေဆိုမည့်ဘာသာရပ်များကို မှန်ကန်တိကျစွာပေးပို့ရပါမည်။
  • British Council ဘက်မှ လိုအပ်တဲ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ပြီး ငွေပေးချေရန်အတွက် အသေးစိတ်အချက်အလက်များကို ပြန်လည်ပို့ဆောင်ပေးပါမည်။
  • ငွေပေးချေမှုကို လက်ခံရရှိပြီးတဲ့အခါ ACCA စင်တာဆီသို့  ငွေလက်ခံရရှိမှုအထောက်အထားကို အီးမေးလ်မှတစ်ဆင့် လက်ခံရရှိပါမည်။

 

ဆက်သွယ်ရန်အီးမေးလ်နှင့် ဖုန်းနံပါတ်

အကူအညီများ ရယူလိုပါက ဖုန်းနံပါတ် +959 940070099 (သို့မဟုတ်) enquiries@mm.britishcouncil.org သို့ ရုံးချိန် (မနက် ၉ နာရီမှ ညနေ ၅ နာရီ) အတွင်း အချိန်မရွေးဆက်သွယ်နိုင်ပါသည်။

 

ပြန်အမ်းငွေတောင်းခံရန်မူဝါဒများ

မည်သည့်အခြေနေမျိုးတွင်မဆို စာမေးပွဲရက်များကို ပြောင်းရွှေလို့ရနိုင်မည်မဟုတ်ပါ။ ပြန်အမ်းငွေတောင်းဆိုလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်နိုင်ပါသည်။ သင့်အနေဖြင့် ပြန်အမ်းငွေတောင်းခံလွှာနှင့်အတူ လိုအပ်တဲ့စာရွက်စာတမ်းများ ပူးတွဲတင်ပြပေးရန် လိုအပ်ပါသည်။ ပြန်အမ်းငွေတောင်းခံချက်ကို စာမေးပွဲဖြေဆိုမည့်ရက်မတိုင်ခင် အနည်းဆုံးရုံးဖွင့်ရက် (၁) ရက်အလိုမှာ ပေးပို့လျှောက်ထားရပါမည်။ သင်ဟာ စာမေးပွဲကြေးမှ စီမံခန့်ခွဲမှုအခကြေးငွေ နှစ်ဆယ့်ငါးရာခိုင်နှုန်း (25%) နှုတ်ပြီး ပြန်အမ်းငွေအဖြစ် လက်ခံရရှိမည်ဖြစ်ပါသည်။ ပြန်အမ်းငွေကိစ္စများကို ဆောင်ရွက်ရန် (၄) ပတ်မှ (၆) အထိ ကြာမြင့်နိုင်သည်ကို သတိပြုပါ။

See also

မျှဝေပါ