Boothee photography

ကျွန်ုပ်တို့၏ စာကြည့်တိုက်နှင့် သတင်းဌာနသည် ယူကေနိုင်ငံနှင့်ပတ်သက်၍ သင် သိရန်လိုသောအရာအားလုံးကိုရှာဖွေတွေ့ရှိနိုင်ရန် အကောင်းဆုံး စတင်ရန်နေရာဖြစ်ပါသည်။ သင်သည် မြောက်များလှသော စာအုပ်များ၊ ရုပ်ရှင်ကားများကို နှစ်သက်ခံစားနိုင်မည့်အပြင် သင်၏ အင်္ဂလိပ်စာ တိုးတက်စေရန်ပြုလုပ်ခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြု ယူကေစာမေးပွဲများကို ဆက်လက် ဖြေဆိုရာတွင် အထောက်အကူရမည် ဖြစ်သည်။ 

ကျွန်ုပ်တို့၏ အသင်းဝင်များသည် စာအုပ်ပေါင်း ၃၀,၀၀၀ ကျော်၊ ဒီဗွီဒီပေါင်း ၃,၀၀၀ နှင့် လူကြိုက်များသော ယူကေသတင်းစာများ၊ မဂ္ဂဇင်းများနှင့် ဂျာနယ်များ၊ ဘီဘီစီမှ တိုက်ရိုက်ထုတ်လွင့်သော ရုပ်သံသတင်းများနှင့်အတူ အခကြေးငွေပေးစရာမလိုသည့် wi-fi အင်တာနက်ဝန်ဆောင်မှုလည်းရရှိမည် ဖြစ်သည်။ ငယ်ရွယ်သော လေ့လာသူများအတွက် တစ်နိုင်ငံလုံးတွင် အပြည့်စုံဆုံးသော ကလေးစာကြည့်တိုက်လည်း ရှိနေပါသည်။ စာကြည့်တိုက်ရှိ စာအုပ်များအား အွန်လိုင်း catalogue မှတဆင့် ဝင်ရောက် စစ်ဆေးကြည့်နိုင်ပါတယ်။

စာကြည့်တိုက်အသင်းဝင်များနှင့် သင်ကြားရေးဌာနရှိ ကျောင်းသားများအတွက် ဖွင့်လှစ်ပေးထားသည့် Self Access Center သည် ရန်ကုန်မြို့တွင် အပြည့်စုံဆုံးသော ဘာသာစကားလေ့လာရေးစင်တာဖြစ်သည်။ နားထောင်ခြင်း သင်ခန်းစာများနှင့်အတူ အင်္ဂလိပ်သဒ္ဒါ၊ ဘာသာစကား စွမ်းရည်များနှင့် Cambridge တက္ကသိုလ်စာမေးပွဲ ပြင်ဆင်ခြင်းတို့နှင့် သက်ဆိုင်သည့် ရည်ညွှန်းစာအုပ် ၅၀၀၀ ကျော်ထားရှိပါသည်။

အသင်းဝင် အမျိုးအစားများ

စာကြည့်တိုက်တွင် ဆက်သွယ်အသင်းဝင်ရန် လွယ်ကူပါသည်။ သင့် လိုအပ်ချက်များနှင့် အဆင်ပြေဆုံးဖြစ်မည့် အောက်ပါ အသင်းဝင်အမျိုးအစားတစ်ခုကိုသာ ရွေးချယ်လိုက်ပါ။

တစ်ဦးချင်း အသင်းဝင်ခြင်း

  • တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ်သို့မဟုတ် စာနယ်ဇင်း ၅ အုပ်ငှားရမ်းနိုင်ပါသည်။ 
  • ဒီဗွီဒီ ၅ ချပ်နှင့် အသံစီဒီ ၂ ချပ် တို့ကိုငှားရမ်းနိုင်ပါသည်။
  • Self-access Centre နှင့် အခမဲ့ wi-fi အသုံးပြုနိုင်ပါသည်။

တစ်ဦးချင်းအသင်းဝင်ကြေး - တစ်နှစ်လျှင် ၃၀,၀၀၀ ကျပ်

Teaching Center ကျောင်းသား/သူများ အသင်းဝင်ခြင်း (အခမဲ့) (**သင်ကြားရေးဌာနမှ ကျောင်းသားအားလုံးသည် စာကြည့်တိုက်သို့ အခမဲ့အသင်းဝင်နိုင်ပြီး Self-access Centre နှင့် အင်တာနက်ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပါသည်။)

မိသားစု အသင်းဝင်ခြင်း

  • စာအုပ် ၁၅ အုပ်နှင့် ဒီဗွီဒီ ၃ ချပ်တို့ကို တစ်ကြိမ်လျှင် ၂ ပတ်ကြာ ငှားရမ်းနိုင်ပါသည်။
  • အသံစီဒီချပ် ၂ ချပ် ငှားနိုင်ပါသည်။
  • လူသုံးယောက်အထိ စာကြည့်တိုက်ကို အသုံးပြုနိုင်ပါသည်။
  • အခမဲ့ wi-fi နှင့် ကလေးများ အသုံးပြုသည့် နေရာတို့ကို အသုံးပြု၍ အင်တာနက်ဆက်သွယ်မှု ရယူလိုက်ပါ။

မိသားစုအသင်းဝင်ကြေး - တစ်နှစ်လျှင် ၅၀,၀၀၀ ကျပ်

အွန်လိုင်း အသင်းဝင်ခြင်း

အွန်လိုင်း အသင်းဝင်ကြေး - တစ်နှစ်လျှင် ၃ဝ,ဝဝဝ ကျပ် (၂၀၁၉ စက်တင်ဘာ ၃၀ရက်မတိုင်ခင် အသင်းဝင်ပြီး discount ၁၀၀၀၀ကျပ် ရယူပါ။)

LIBRARY PLUS အသင်းဝင်ခြင်း

  • တစ်ကြိမ်လျှင် ၂ ပတ်ကြာ စာအုပ်သို့မဟုတ် စာနယ်ဇင်း ၅ အုပ်ငှားရမ်းနိုင်ပါသည်။ 
  • ဒီဗွီဒီ ၅ ချပ်နှင့် အသံစီဒီ ၂ ချပ် တို့ကိုငှားရမ်းနိုင်ပါသည်။
  • Self-access Centre နှင့် အခမဲ့ wi-fi အသုံးပြုနိုင်ပါသည်။
  • ဒစ်ဂျစ်တယ် မှီငြမ်းစရာများကို အပြည့်အဝအသုံးပြုနိုင်မည်။ အသေးစိတ် လေ့လာပါ။

Library Plus အသင်းဝင်ကြေး - တစ်နှစ်လျှင် ၅ဝဝဝဝ ကျပ်

မည်သို့ အသင်းဝင်ရမည်နည်း

ဘယ်လိုအသင်းဝင်အဖြစ် ရွေးချယ်မှုက ကိုယ်နှင့်အကိုက်ညီဆုံးဖြစ်သည်ကို ဆုံးဖြတ်ပြီးပါက  စာကြည့်တိုက်တွင် အသင်းဝင်ရန် အောက်ပါအချက်များသာ သင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ 

  • ဤနေရာ တွင်အွန်လိုင်း အသင်းဝင်လျှောက်လွှာ ဖြည့်စွက်ပါ။ ထို့နောက် ငွေပေးချေရန် အညွှန်းပါဝင်သော အီးမေးလ်တစ်စောင် သင့်ထံသို့ ရောက်ရှိပါမည်။ ဗြိတိသျှကောင်စီ စာကြည့်တိုက်သို့ လာရောက်၍ အသင်းဝင်လျှောက်လွှာ ဖြည့်စွက်မည်ဆိုပါကလည်း စာကြည့်တိုက် ဝန်ထမ်းများနှင့် လုပ်အားပေးဝန်ထမ်းများမှ သင့်အား ကူညီရန် အသင့်ရှိနေပါသည်။ ဗြိတိသျှကောင်စီအဆောက်အဦးထဲသို့ ဝင်ရောက်ရန် စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ ယူဆောင်လာရန် မေတ္တာရပ်ခံအပ်ပါသည်။
  • ဗြိတိသျှကောင်စီသင်ကြားရေးဌာန၏ သင်တန်းသားဖြစ်ပါက ငွေသွင်းထားသည့်ပြေစာယူဆောင်လာရပါမည်။

ငွေပေးချေခြင်းအား AYA ဘဏ်မှ ငွေလွှဲခြင်းဖြစ်စေ၊ စာကြည့်တိုက်ဖွင့်ချိန်အတွင်း MPU ကဒ်၊ Visa ကဒ်၊ MasterCard တို့ဖြင့်ပေးချေခြင်းဖြစ်စေ၊ ဧရာဝတီဘဏ် Mobile banking Bill payment (ဘေလ်ငွေပေးချေမှုစနစ်)နှင့်  ဖြစ်စေ ပေးသွင်းနိုင်ပါသည်။ 

စာကြည့်တိုက်အကြောင်း မိတ်ဆက်ခြင်း

ဗြိတိသျှကောင်စီစာကြည့်တိုက် သုံးစွဲနည်း မိတ်ဆက်ခြင်းများကို ပုံမှန် ကျင်းပလျက်ရှိပါသည်။ ရက်နှင့် အချိန်များကို ဒီနေရာမှာ ကြည့်ရှုပါ။

စာကြည့်တိုက်အကြောင်း မိတ်ဆက်ခြင်းပွဲများကို အသင်းဝင်များသာမက အသင်းဝင်မဟုတ်သေးသူများပါ တက်ရောက်နိုင်ပြီး ဗြိတိသျှကောင်စီစာကြည့်တိုက်ဖုန်း +၉၅ ၁ ၃၇ဝ၉၃၃ (လိုင်းခွဲ ၃၃၁၆) သို့ဆက်သွယ်၍ဖြစ်စေ library.enquiries@mm.britishcouncil.org သို့ အီးမေးလ် ပို့၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါသည်။ ဗြိတိသျှကောင်စီအဆောက်အဦးထဲသို့ ဝင်ရောက်ရန် စာကြည့်တိုက်အသင်းဝင်ကဒ်ပြား (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ ယူဆောင်လာရန် မေတ္တာရပ်ခံအပ်ပါသည်။

စာကြည့်တိုက်အကြောင်း မိတ်ဆက်ပွဲကို လာရောက်ပြီး အောက်ပါတို့ကို လေ့လာလိုက်ပါ။

  • မိမိကိုယ်တိုင် စာအုပ်ငှားခြင်း/အပ်ခြင်း လုပ်ဆောင်နိုင်သော RFID machine အသုံးပြုနည်း
  • စာအုပ်များ မည်သို့ စဉ်ထားပုံ
  • Self-access Centre အသုံးပြုနည်း
  • အွန်လိုင်းပေါ်ရှိ မှီငြမ်းစရာများ/အရင်းအမြစ်များ အသုံးပြုနည်းများနှင့် အခြား အသုံးဝင်သော အချက်အလက်များ

စာကြည့်တိုက် ဖွင့်ချိန်များ

တနင်္လာနေ့ မှ တနင်္ဂနွေနေ့ - နံနက် ၈:၃၀ နာရီမှ ည ၇ နာရီခွဲ (စာကြည့်တိုက်အသင်းဝင်မည့်သူများ ည ၇နာရီ နောက်ဆုံးထား လာရောက်ပြီး အသင်းဝင်နိုင်ပါသည်။)

အခြားသော ၀န်ဆောင်မှုများ - ပထမထပ်နှင့် စာကြည့်တိုက်ထဲတွင် ကော်ဖီဆိုင်ရှိသည်။ 

နေရာနှင့် ဆက်သွယ်ရန် အသေးစိတ်အချက်များ

လိပ်စာ - ၇၈၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
(https://goo.gl/maps/g34RteDUmi23UtNNA)
ဖုန်း - ၉၅ (၁) ၃၇၀၉၃၃၊ ၃၇၀၉၄၄၊ ၃၇၀၈၂၉၊ ၃၇၀၈၃၀ (လိုင်းခွဲ ၃၃၁၆)
Digital library hotline - ၉၅ (၉) ၇၇၇၀၀၁၈၃၀
အီးမေးလ် - library.enquiries@mm.britishcouncil.org

လှုပ်ရှားမှုများ၊ ပွဲများ

ကျွန်ုပ်တို့မှ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ ပြပွဲများ စသည့် အခမ်းအနားများကို တစ်နှစ်တာကာလပတ်လုံး ပုံမှန်စီစဉ်ကျင်းပလျက်ရှိပါသည်။ မကြာမီ ကျင်းပမည့် လှုပ်ရှားမှုများ၊ ပွဲများကို ဤနေရာတွင် ကြည့်နိုင်ပါသည်။