အဖြေလွှာတိုင်းအား စာစစ်သူအဖွဲ့များက စစ်ဆေးပါသည်။ ၎င်းတို့သည် သက်ဆိုင်ရာ ဘာသာရပ်များ၌ ကျွမ်းကျင်သူများ ဖြစ်ပြီး တိကျသောအမှတ်ပေးစည်းမျဉ်းအတိုင်း ဆောင်ရွက်ပါသည်။ ပေးထားသောအဆင့်များသည် မျှတမှုရှိစေရန် စာစစ်ခေါင်းဆောင်တို့က သေချာစွာ ကြီးကြပ်ကွပ်ကဲပါသည်။
ကျောင်းသားတစ်ဦးသည် ဆရာကခန့်မှန်းထားသော(သို့) တခြားနှိုင်းယှဉ်စရာ စွမ်းဆောင်မှုတို့နှင့် ကွဲလွဲနေသော အဆင့်များရရှိနေပါက ၎င်း၏ဖြေဆိုမှုကို အလိုအလျောက်ပြန်လည်စစ်ဆေးပြီး အများအားဖြင့် ပြန်လည်အမှတ်ပေးပါသည်။ လွတ်လွတ်ကျွတ်ကျွတ်မဟုတ်သော အဆင့်များကိုလည်း အဆင့်မှန်ကန်မှုရှိစေရန် ပြန်လည်၍အမှတ်ပေးပါသည်။
ကျောင်းသားတိုင်းအတွက် တရားမျှတမှုရှိစေရန် စာမေးပွဲအဖြေလွှာစစ်ဆေးမှုလုပ်ငန်းစဉ်ကို သေချာစွာစီစဉ်ထားခြင်း ဖြစ်ပါသည်။ သို့သော် သင့်စာမေးပွဲရလဒ်သည် သင့်စွမ်းဆောင်မှုနှင့်မကိုက်ညီပါက သင့်အဖြေလွှာကို ပြန်လည်စစ်ဆေးပေးဖို့တောင်းဆိုနိုင်ပါသည်။
Remark ကိုတောင်းဆိုခြင်း
သင်သည် ကျောင်းသားတစ်ဦးဖြစ်ပြီး သင့်ရဲ့စာမေးပွဲရလဒ်များသည် မှန်ကန်မှုမရှိဟု ယူဆပါက သင်၏ဆရာ နှင့် ဆွေးနွေးသင့်ပါသည်။ သင့်ဆရာက Remark ကိုတောင်းဆိုရန် သဘောတူပါက ရလဒ်များထုတ်ယူပြီးနောက် ဗြိတိသျှကောင်စီအား အမြန်ဆုံးဆက်သွယ်ရန် လိုအပ်ပါသည်။ Remarking အတွက် ၀န်ဆောင်ခပေးသွင်းရပါသည်။
ပြင်ပစာဖြေသူတစ်ဦး ဖြစ်ပါက ရလဒ်များရပြီးနောက် ဗြိတိသျှကောင်စီ နှင့် အမြန်ဆုံးဆက်သွယ်ရန်လိုအပ်ပါသည်။
ပြန်လည်စစ်ဆေးခြင်းပြီးသည့်နောက်တွင် သင်၏အဆင့်နှင့် ရမှတ်များသည် လျော့နည်းသွားခြင်း၊ ပြောင်းလဲမှုမရှိခြင်း (သို့) များသွားခြင်းတို့ ဖြစ်နိုင်သည်ကို သတိပြုပါ။ သင့်အဆင့်သည် မြင့်သွားပါက ၀န်ဆောင်ခအပြည့်အ၀ကို ပြန်လည်ရရှိမှာဖြစ်ပါသည်။
ဆရာမများနှင့် စာမေးပွဲတာဝန်ရှိသူများသည် remarking ကိုမတောင်းဆိုမီ စာဖြေသူထံသဘောတူညီမှုကို ရယူရမှာဖြစ်ပါ သည်။ နောက်ထပ်အချက်အလက်များ သိရှိလိုပါက ဗြိတိသျှကောင်စီ ကို ဆက်သွယ်ပါ။