©

Mat Wright

ယူကေမှာပညာသင်ကြားစဉ် သင်ပျော်မွေ့နိုင်၊ အသစ်အသစ်များ လေ့လာနိုင်၊ မိတ်ဆွေဖွဲ့နိုင်မည့် နည်းလမ်းများစွာ ရှိပါသည်။

ယူကေမှ သင့်အား အံ့သြဖွယ်ကောင်းပြီး မမေ့နိုင်သော၊  အခြားနိုင်ငံများနှင့် မတူသော ကျောင်းသူ/သားဘ၀ အတွေ့အကြုံကို ပေးပါသည်။

ယူကေမှာပညာသင်ကြားစဉ်ကာလမှာအကျိုးအရှိဆုံးဖြစ်စေရန်လုပ်ပါ

ယူကေမှာစူးစမ်းဖွေရှာပါ

ယူကေတွင် သမိုင်း၊ ယဉ်ကျေးမှု၊ ရင်သပ်ရှုမောဖွယ် ကျေးလက်ဒေသများအပြင် ကမ္ဘာ့ထိပ်တန်း ခေတ်သစ်အနုပညာ၊ ဒီဇိုင်း၊ ယဉ်ကျေးမှု၊ ဖက်ရှင်၊ အားကစားများနှင့် ပေါကြွယ်ဝလှပါသည်။

Study UK ဝက်ဗ်ဆိုဒ် မှာ နောက်ထပ်ရှာဖွေပါ။ (အင်္ဂလိပ်ဘာသာစကားသာ)

ယူကေယဉ်ကျေးမှုမှအကောင်းဆုံးရစေရန်လုပ်ဆောင်ပါ။

ယူကေမှာ ရှိတ်စပီးယား၊ ကမ္ဘာနှင့်ချီပြီးကျော်ကြားသော တေးသရုပ်ဖော်ပြဇာတ်(musicals)များ၊ ခေတ်သစ်အကများ စသည်ဖြင့် ရိုးရာပြဇာတ်၊ ခေတ်သစ် ပြဇာတ်များ ကပြအသုံးတော်ခံနေသော ဇာတ်ရုံများနှင့် သက်ဝင်လှုပ်ရှားနေသော အနုပညာဖျော်ဖြေရေး အမွေအနှစ်များ ရှိပါသည်။

Study UK ဝက်ဗ်ဆိုဒ် မှာ နောက်ထပ်ရှာဖွေပါ။ (အင်္ဂလိပ်ဘာသာစကားသာ)

အားလပ်ရက်နှင့်ပွဲတော်ပြက္ခဒိန်

တစ်နှစ်ပတ်လုံး ကမ္ဘာတစ်ဝှမ်းမှ ကျော်ကြားသော ပွဲတော်များ၊ ဒေသပွဲတော်များ၊ အများပြည်သူ အားလပ်ရက် များမှာ ပျော်မွေ့လျက် ယူကေ၏ အနှစ်သာရနှင့် ပြည့်ဝသော သမိုင်းနှင့် ခေတ်သစ် ယဉ်ကျေးမှုမှာ ထွေးရောယှက်တင် ပျော်ရွှင်လိုက်ပါ။

ဤနေရာတွင် အားလပ်ရက်နှင့် ပွဲတော်ပြက္ခဒိန်ကိုရှာဖွေပါ။ (အင်္ဂလိပ်ဘာသာစကားသာ)

ယူကေ ရာသီဥတုနှင့် အ၀တ်အစား

ယူကေရာသီဥတုကို ကြိုတင်မှန်း၍မရနိုင်ပါ။ သို့သော်လည်း မည်သည့်ရာသီဥတုဖြစ်စေ မှန်ကန်သောအ၀တ်အစား၊ မှန်ကန်သော ခံယူချက်နှင့်ဆိုလျှင် ယူကေမှာ သင်ပျော်မွေ့နိုင်မည်ဖြစ်ပါသည်။

Study UK ဝက်ဗ်ဆိုဒ် မှာ နောက်ထပ်ရှာဖွေပါ။ (အင်္ဂလိပ်ဘာသာစကားသာ)

ယူကေမှ အစားအသောက်များ - ထိပ်တန်းအကြံပြုချက်များ

ယူကေမှာ ရနိုင်မည့် အစားအသောက်မျိုးစုံကို သုံးဆောင်ပါ။

တက္ကသိုလ်တက်စဉ် ဈေးဝယ်ထွက်ခြင်း၊ ချက်ပြုတ်ခြင်း၊ အပြင်ထွက်စားခြင်းတို့အတွက် ထိပ်တန်း အကြံပြုချက် (၉)ချက်ကို Study UK ဝက်ဗ်ဆိုဒ် မှာ ရှာဖွေပါ။ (အင်္ဂလိပ်ဘာသာစကားသာ)

မည်သည့်ဘာသာစကားများပြောပါသလဲ

ယူကေတစ်ဝှမ်း အင်္ဂလိပ်စကား ပြောဆိုကြသော်လည်း ဒေသတွင်း တရားဝင်ဘာသာစကား တစ်ခုတည်းမဟုတ်ပါ။ လန်ဒန် တစ်မြို့တည်းတွင် ဘာသာစကား(၃၀၀)ကျော်ပြောသည်ကို ကြားရပါမည်။

Study UK ဝက်ဗ်ဆိုဒ် မှာ နောက်ထပ်ရှာဖွေပါ။ (အင်္ဂလိပ်ဘာသာစကားသာ)

ကိုးကွယ်သောဘာသာအားလုံးကြိုဆိုပါသည်

ယူကေသည် ဘာသာစုံကိုးကွယ်ပြီး အခြားကိုးကွယ်သော ဘာသာများအားကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုသော လူ့ဘောင်တစ်ခု ဖြစ်ပါသည်။

Study UK ဝက်ဗ်ဆိုဒ် မှာ နောက်ထပ်ရှာဖွေပါ။ (အင်္ဂလိပ်ဘာသာစကားသာ)