©

Mat Wright

ကမ္ဘာတစ်ဝှမ်း သင်မည်သည့်နေရာကိုသွားသည်ဖြစ်စေ ယူကေ ပညာရေးက တံခါးဖွင့်ပေးနိုင်ပါသည်။ လုပ်ငန်းစတင်လုပ်ကိုင်သောအခါတွင် အလုပ်ရှင်များမှ မိမိအားအသိအမှတ်ပြုစေလိုသော ဘွဲ့ရများအတွက် တစ်မူထူးခြားစေပြီး အနာဂတ်တွင် သင့်အရည်အချင်းရှိသမျှ ဖြစ်နိုင်ခြေများ ဖြစ်လာစေရေး ကူညီပေးရာတွင် ယူကေပညာရေးထက် ပိုကောင်းသော နေရာများ မရှိပါ။

စိတ်တံခါးကိုဖွင့်လိုက်ပါ

ယူကေမှာ နေထိုင်ရခြင်းသည် ကျောင်းသူ/သားအမြောက်အများအတွက် ဘ၀အပြောင်းအလဲဖြစ်စေသော အတွေ့အကြုံဖြစ်ပါသည်။ နေရာတိုင်းတွင် အရင်းအမြစ်နှင့် ကျွမ်းကျင်မှုမျိုးစုံ စိတ်တံခါးကို ပွင့်စေမည့် စိန်ခေါ်မှုအဖုံဖုံတို့ကြောင့် တစ်ကိုယ်ရေတစ်ကာယရော လုပ်ငန်းခွင်ပိုင်းပါ ဖွံ့ဖြိုးစေမည့် အရာအားလုံး ယူကေ မှာတွေ့နိုင်ပါသည်။

အလုပ်ရှင်များလိုချင်သော ကျွမ်းကျင်မှုရှိပါစေ

QS စစ်တမ်းအရ ကမ္ဘာတစ်ဝှမ်းမှ အလုပ်ရှင်များသည် အလုပ်ခန့်အပ်ရာတွင် ယူကေဘွဲ့များကို အလွန်တန်ဖိုးထားကြပြီး ယူကေတက္ကသိုလ်များက ထိပ်တန်းအဆင့်တွင် သတ်မှတ်ခံရကြောင်း တွေ့ရှိရပါသည်။

လုပ်ငန်း-တက္ကသိုလ်ပေါင်းစည်းသင်ကြားသော ကမ္ဘာ့ထိပ်တန်းနိုင်ငံ (၅)နိုင်ငံမှာ အပါအ၀င်ဖြစ်သော ယူကေမှာ သင်ကြုံလာရမည့် ဘ၀အတွက် အဆင်သင့်ဖြစ်စေရန် လက်တွေ့လုပ်ငန်းခွင်လေ့ကျင့်မှုများအား ပုံစံသတ်မှတ်ပေးထားပါသည်။ လုပ်အားပေးရန် အခွင့်အလမ်းများ၊ အလုပ်သင်ဘဝနှင့် တက္ကသိုလ်အဖွဲ့အစည်းများအတွင်း လှုပ်ရှားမှုစသည်ဖြင့် ကျောင်းပြီးသောအခါ တစ်ပန်းသာစေရန် အာမခံချက် ပေးထားပါသည်။

ဆက်သွယ်ရေးကျွမ်းကျင်သူဖြစ်ပါစေ

ယူကေတစ်ခွင် ဘာသာစကားရာချီပြီး ပြောဆိုကြသော်လည်း သင်အများဆုံးပြောရမည့် ဘာသာစကားမှာ အင်္ဂလိပ်စကားဖြစ်ပါသည်။ ကမ္ဘာ့အသုံးအများဆုံး ဘာသာစကားတစ်ခုဖြစ်သော အင်္ဂလိပ်စကားနှင့် ထိတွေ့ရခြင်းဖြင့် အခြေချနေထိုင်ရန် လွယ်ကူစေပြီး ပညာသင်ကြားရင်း သင့်အင်္ဂလိပ်စကားကို သဘာဝကျကျ ဖွံ့ဖြိုးစေရန် ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းပြီးလျှင် မည်သည့်နေရာမဆို အသိအမှတ်ပြုခံရမည့် ဆက်သွယ်ရေးကျွမ်းကျင်မှု၊ မိမိကိုယ်မိမိယုံကြည်စိတ်ချမှုများနှင့် သင် ပြန်လည်ထွက်ခွာသွားမည် ဖြစ်ပါသည်။

ကြီးကျယ်မြင့်မြတ်မှုနောက်ထက်ချပ်မကွာ လိုက်ပါပါ

လူ့သမိုင်းတွင် အကြီးကျယ်ဆုံး အတွေးအခေါ်ပညာရှင်များက ယူကေကို အလေးထား ရွေးချယ်ခဲ့ပါသည်။ ကမ္ဘာ့ခေါင်းဆောင်လေးဦးတွင် တစ်ဦးက ယူကေမှာ ပညာသင်ကြားခဲ့ဖူးပြီး (၂၀၁၅)ဗြိတိသျှကောင်စီ သုတေသနအရ နိုင်ငံရပ်ခြား ပညာသင်သွားဖူးသော နိုဘယ်ဆုရှင်များ၏ ၃၈ရာခိုင်နှုန်းသည် ယူကေတွင် သင်ကြားကြကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အောင်မြင်မှု ကြီးကြီးမားမားရရန် အိပ်မက်များမက်နေလျှင် ယူကေက သင့်အတွက် နေရာမှန်ဖြစ်ပါသည်။

မျှဝေပါ