ယူကေ၏ ပညာရေးဂုဏ်သတင်းမှာ ကမ္ဘာနှင့်ချီပြီး ကျော်ကြားပါသည်။ ရာစုနှစ်ချီပြီးရခဲ့သော အမွေအနှစ်အပေါ် တည်ဆောက်ထားသော မိမိတို့၏ ပညာရေးချဉ်းကပ်ပုံဖြင့် နိုင်ငံတကာအဆင့်အမြင့်ဆုံး တက္ကသိုလ်များမှတဆင့် နောက်ဆုံးပေါ်သင်ကြားရေး သီအိုရီများကို အမြဲတမ်းလိုလို အသုံးချ သင်ကြားပေးလျက်ရှိပါသည်။
ကမ္ဘာ့အဆင့်မီတက္ကသိုလ်များ
ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များအဆင့်အတန်းသတ်မှတ်ချက် စတင်ကတည်းက ယူကေတက္ကသိုလ်များသည် အင်အားကောင်းကောင်းနှင့် နေရာကောင်းများ ယူခဲ့ပါသည်။ ၂၀၁၈-ခုနှစ်မှာ တိုင်းမ်(စ)အဆင့်မြင့်ပညာရေးကမ္ဘာ့အဆင့်သတ်မှတ်ချက် (Times Higher Education World Rankings) က ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်(၁၀)ခုအနက် ယူကေတက္ကသိုလ်သုံးခုကို ထည့်သွင်းဂုဏ်ပြုခဲ့ပါသည်။ ထိပ်တန်းတက္ကသိုလ်နှစ်ခုဖြစ်သော အောက်စဖို့တက္ကသိုလ် နှင့် ကင်းဘရစ်ခ်ျတက္ကသိုလ် အပါအ၀င်ဖြစ်ပါသည်။ ဤကဲ့သို့ မြင့်မားသောအရည်အသွေးကို နိုင်ငံတစ်ဝှမ်း တွေ့ရှိနိုင်ပြီး ထိပ်တန်းတက္ကသိုလ် (၅၀) တွင် ယူကေတက္ကသိုလ် (၇) ခု၊ ထိပ်တန်းတက္ကသိုလ် (၂၀၀) တွင် ယူကေတက္ကသိုလ် (၃၂) ခုပါဝင်ပါသည်။
အစိုးရ၏အရည်အသွေးအာမခံချက်
ယူကေရှိ အဆင့်မြင့်ပညာရေးကျောင်း (၁၆၂) ကျောင်းကို အစိုးရမှ စံချိန်စံညွှန်း တင်းတင်းကြပ်ကြပ် သတ်မှတ်ပေးထားသည့်အတွက် သင့်အနေနှင့် အကောင်းဆုံးသင်ကြားမှု၊ ပံ့ပိုးမှုနှင့် အရင်းအမြစ်များ ရနိုင်ကြောင်း သိရှိနိုင်ပါသည်။
နှစ်စဉ်နှစ်တိုင်း ဘွဲ့အပ်နှင်းနိုင်သော 'အသိအမှတ်ပြု' တက္ကသိုလ်၊ ကောလိပ်စာရင်းအပြည့်အစုံ ထုတ်ပြန်ပေးခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိကျောင်းများ၏ အရည်အသွေးကို လွယ်လင့်တကူ နှိုင်းယှဉ်ကြည့်နိုင်ပြီး ၄င်းတို့၏ အရည်အချင်းများကို နိုင်ငံရပ်ခြားမှာပင် ယုံကြည်စိတ်ချစေနိုင်ပါသည်။
သတ်မှတ်ထားသည့် အရည်အချင်းမှတ်ပုံတင် (The Register of Regulated Qualifications) တွင် အသိအမှတ်ပြုဘွဲ့ပေးသည့်အဖွဲ့အစည်း၊ အင်္ဂလန်မှ သတ်မှတ်ထားသည့် အရည်အချင်း (Ofqual) ၊ ဝေးလ် (ဝဲလခ်ျအစိုးရ) နှင့် အိုင်ယာလန် မြောက်ပိုင်း (အသက်မွေးဝမ်းကျောင်းပညာအရည်အချင်းအတွက် Ofqual နှင့် အခြားအရည်အချင်းများအတွက် CCEA သတ်မှတ်ချက်) အကြောင်းအသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။ Scottish အရည်အချင်းသတ်မှတ်ချက်များအတွက် Scottish Credit and Qualifications Framework website ၌ဝင်ရောက်ကြည့်ရှုပါ။
ကမ္ဘာ့ထိပ်တန်းသုတေသန
ယူကေ ပညာရေး၏ အရည်အသွေး တစ်သမတ်တည်း မြင့်မားနေမှုကြောင့် နိုင်ငံတကာ ကျောင်းသူ/သားများမှ ယူကေကို နှစ်သက်မြဲနှစ်သက်နေပြီး ကမ္ဘာ့သုတေသန၏ စာမျက်နှာတွင် နေရာယူစေနိုင်ခဲ့ပါသည်။ သိပ္ပံနှင့် သုတေသနမှာ ကမ္ဘာ့အဆင့် (၂) ရှိပြီး ယူကေ၏ သုတေသန ၅၄ ရာခိုင်နှုန်းက ကမ္ဘာ့ထိပ်တန်းဖြစ်ပါသည်။ သုတေသန နယ်ပယ်အလိုက် ကိုးကားမှုပြုရာတွင် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျာမနီ၊ ဂျပန်နှင့် ဘရာဇီးတို့ထက် ထိရောက်မှု ပိုမိုမြင့်မားသောကြောင့် ယူကေမှာပညာသင်ခဲ့လျှင် ကမ္ဘာ့အတော်ဆုံးလူ၊ အကောင်းဆုံး နည်းပညာများနှင့် သင်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သေချာပါသည်။