©

Mat Wright

နိုင်ငံတကာကျောင်းသူ/သားများအတွက် ထိပ်တန်းရွေးချယ်စရာ ဖြစ်ရခြင်းမှာ ကမ္ဘာ့အသိအမှတ်ပြု တက္ကသိုလ်များကြောင့်ချည်း မဟုတ်ပါ။ သင့်ပညာသင်ကာလတွင် မြန်မြန်ဆန်ဆန်နှင့် အကျိုးအရှိဆုံး ဖြစ်စေနိုင်ရေး ပံ့ပိုးပေးရန် တိတိကျကျ ပုံဖော်ချမှတ်ထားပါသည်။

ရိုးရာမှအစ နောက်ဆုံးပေါ်အဆုံး မည်သည်ကို လေ့လာလိုသည်ဖြစ်စေ - သင်ရလိုသော အကောင်းဆုံး အလုပ်အတွက် လိုအပ်သော နားလည်မှု၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများ ပေးစွမ်းနိုင်သော သင်တန်း တစ်ခုခုတော့ တွေ့မည်မှာ သေချာပါသည်။

 ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ခြင်း

ယူကေသင်တန်းအများစုမှာ  ပြုပြင်ပြောင်းလဲနိုင်ရန် လုပ်ထားပါသည်။ သင်နှင့်လုံးဝကိုက်ညီမည့် အတွေ့အကြုံရရှိစေရန် အထူးပြု သင်ကြားရင်း သင်နှင့် အစအဆုံး လုံးဝလိုက်ဖက်သော သင်တန်း အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်စေနိုင်မှာ ဖြစ်ပါသည်။

အချိန်တိုအတွင်းအရည်အချင်းပြည့်ပါစေ

ယူကေမှ ဘွဲ့လွန်သင်တန်းများသည် အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ နိုင်ငံများက သင်တန်းများထက် ပိုမိုတိုတောင်းပါသည်။ MBA သင်တန်းအတော်များများကို တစ်နှစ်အပြတ်သင်ပေးပါသည်။ ငွေကုန်ရသည်မှာလည်း ပိုမိုထိုက်တန်ပြီး သင့်ဗဟုသုတကို လက်တွေ့ဘ၀တွင် အမြန်ဆုံး စတင်အသုံးချစေနိုင်မှာ ဖြစ်ပါသည်။

 ခွဲခြားတွေးခေါ်ပါ

မိမိတို့ပညာရေးစနစ်က သင်ရွေးချယ်ထားသော ဘာသာရပ်တစ်ခုထဲတွင် နစ်မြောနေစေခြင်း မဟုတ်ပါ။ သင့်ကို ကွဲကွဲပြားပြား တွေးခေါ်တတ်စေရန် ပုံစံချထားပါသည်။ မေးခွန်းမေးရန်၊ ဆရာ/မ၊ ကျောင်းသူ/သားများနှင့် ငြင်းခုံရန်၊ လေ့လာမှု၊ ပို့ချချက်၊ နှီးနှောဖလှယ်ပွဲ ဆန်းသစ်သော နည်းပညာမြင့် သင်ကြားရေး စသည်တို့ကို ပေါင်းစပ်ပြီး မိမိပင်ကိုယ်အတွေးကို ဖော်ဆောင်နိုင်စေရန် ပညာသင်ကာလတစ်လျှောက်လုံး သင့်ကို အားပေးသွားမည်ဖြစ်ပါသည်။

အလုပ်အကိုင်အခွင့်အလမ်းရယူပါ

ရည်မှန်းချက်မြင့်မားသော စိတ်တူကိုယ်တူ ယူကေနှင့်နိုင်ငံရပ်ခြားမှ ကျောင်းသူ/သားများနှင့် သင့်ကိုဆက်သွယ် ပေးသည့်အပြင် လုပ်ငန်းခွင်လောကထဲ ပထမခြေလှမ်းစတင်ရန် ယူကေသင်တန်းများမှ နည်းလမ်းမျိုးစုံ ပေးထားပါသည်။ အလုပ်နေရာချပေးခြင်း၊ အလုပ်သင်အဖြစ်သွင်းပေးခြင်း၊ လုပ်ငန်းခွင်လက်မှတ်ရရှိရေး အခွင့်အလမ်းပေးခြင်းတို့ဖြင့် လုပ်ငန်းခွင် လှေကားထစ်ကို သင်စိတ်ချလက်ချတက်စေနိုင်ရန် မိမိတို့မှ လုပ်ဆောင်ပေးထားပါသည်။

မျှဝေပါ