Cambridge English Qualifications စာမေးပွဲများကို ကွန်ပျူတာဖြင့် ဖြေဆိုနိုင်ပါသည်။ ကွန်ပျူတာကီးဘုတ်ကို အသုံးပြုကာ စာမေးပွဲအားသက်တောင့်သက်သာ ဖြေဆိုလိုသူများအတွက် လက်ရေးဖြင့်ရေးဖြေဖြေဆိုခြင်းအစား ကွန်ပျူတာဖြင့် ဖြေဆိုခြင်းသည် လုံးဝသင့်တော်သောရွေးချယ်မှုတစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့သည် Cambridge English Qualifications: Pre A1 Starters, A1 Movers, A2 Key, B1 Preliminary, B2 First နှင့် C1 Advanced စာမေးပွဲများကို ရန်ကုန်မြို့ ဗြိတိသျှကောင်စီ ကမ်းနားလမ်း စာစစ်ဌာနတွင် ကွန်ပျူတာဖြင့် ဖြေဆိုနိုင်ရန် ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။
ကွန်ပျူတာဖြင့် ဖြေဆိုခြင်း (Digital version) နှင့် စာရွက်ဖြင့် ဖြေဆိုခြင်း (Paper-based version) များတွင် စာမေးပွဲ အကြောင်းအရာ၊ အချက်အလက်များ များညီတူဖြစ်ပြီး၊ ရရှိမည့်သင်တန်းလက်မှတ်သည်လည်း တူညီပါသည်။
စာမေးပွဲဖြေဆိုအောင်မြင် ပါကလည်း ရွေးချယ်ထားသည့် စာမေးပွဲအမျိုးအစားကို ဖော်ပြခြင်းမရှိပဲ တရားဝင်လက်မှတ်ကို သင်ရရှိမည်ဖြစ်ပါသည်။
မှတ်ချက်– Speaking အပိုင်း သည် ကွန်ပျူတာဖြင့်မဟုတ်ပါ။ ယင်းSpeaking ကို စာစစ်သူ (examiner) တစ်ဦးနှင့် တခြားစာမေးပွဲဖြေဆိုသူတစ်ဦးနှင့်အတူ သီးသန့်ဖြေဆိုရမည်ဖြစ်ပြီး၊ ပုံမှန်အားဖြင့် Speaking စစ်ဆေးသည်နေ့သည် အခြား Readling, Writing,Listening စာမေးပွဲဖြေဆိုသည့်နေ့နှင့် မတူညီတတ်ပါ။
ကွန်ပျူတာဖြင့် ဖြေဆိုခြင်း၏အကျိုးကျေးဇူးများ
- စာမေးပွဲနေ့ မတိုင်ခင် (၆) ရက် အတွင်း စာရင်းပေးသွင်းနိုင်ခြင်း
- စာမေးပွဲနေ့မှ ၅ ရက်မှ ၁၀ ရက်အတွင်း ရလဒ်ထွက်ရရှိခြင်း
- စာမေးပွဲနေ့မှ ၆ ပတ်အတွင်း အောင်လက်မှတ်ကို လာရောက်ထုတ်ယူနိုင်ခြင်း
- စာရင်းပေးသွင်းခြင်းအတွက် နောက်ကျကြေးမရှိခြင်း
စာမေးပွဲဖြေဆိုစဉ်တွင်
- ကီးဘုတ်ဖြင့်စာရိုက်ခြင်းကို နှစ်သက်သူ/ကျွမ်းကျင်သူများအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်
- Writing တွင် စကားလုံးရေ Count ပြပါသည်။
- မှတ်စုရေးသားနိုင်ရန်အတွက် စာရွက်တစ်ရွက် ပေးထားမည်ဖြစ်သည်။
- Screen ပေါ်တွင် စာသားများကို highlight ပြုလုပ်နိုင်ပါသည်။
- Listening အပိုင်းအတွက် နားကြပ်များကို တစ်ဦးချင်း ပေးထားမည်ဖြစ်သည်။
- မည်သည့်အပိုင်းမဆို စာမေးပွဲ ကြာချိန် ပြသသော timer ကို မိမိ Screen အပေါ် တွင်မြင်ရပါသည်။
- အချိန်ကုန်မည့် ၁၀ မိနစ် နှင့် ၅ မိနစ်အကြို သတိပေးသည့် Notification မိမိ Screen ပေါ်တွင် ပြသပေးပါသည်။
Cambridge English Qualifications Digital (Computer-Based) ဖြေဆိုပုံနှင့် ရင်းနှီးအောင် စာမေးပွဲဖြေဆိုပုံအကြောင်းကို တိကျစွာ နားလည်နိုင်ရန်အတွက် သင်ကြားမှုပြသသော ဗီဒီယိုလမ်းညွှန် (tutorial video) ကို ကြည့်ရှုရန် အကြံပြုပါသည်။ ထိုဗီဒီယိုတွင် စာမေးပွဲနည်းပညာအသုံးပြုပုံနှင့် ဖြေဆိုပုံများကို လေ့လာနိုင်ပါသည်။