The Teaching Knowledge Test (TKT) သည် တခြားဘာသာစကားပြောဆိုသောသူများကို အင်္ဂလိပ်စာသင်ကြားရာ၌ အောင်မြင်မှုရရှိရန် လိုအပ်သောကျွမ်းကျင်မှုများကို စစ်ဆေးပါသည်။ အသက်အရွယ်အုပ်စုအမျိုးမျိုး နှင့် စွမ်းရည်အမျိုးမျိုးရှိသော ဆရာများနှင့် သင့်တော်ပါသည်။ ရယူနိုင်သော စစ်ဆေးမှုမော်ဂျူး (module) အမျိုးမျိုးရှိပါသည်။

ဘယ်သူတွေက TKT ကို ဖြေသင့်ပါသနည်း။

TKT သည် သင်၏ ဘာသာစကားသင်ကြားခြင်းစွမ်းရည်များကို သက်သေပြသော နိုင်ငံတကာက လက်ခံသည့် အရည်အချင်းပင် ဖြစ်ပါသည်။ ဆရာအသစ်ဖြစ်သည့်အတွက် သင့်ယုံကြည်မှုနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်လိုလျှင် (သို့) အတွေ့အကြုံရှိပြီးသားဆရာဖြစ်သော်လည်း သီးခြားဘာသာရပ်တစ်ခုခု၌ အထူးပြုလိုလျှင် (သို့) ယခုမှ အင်္ဂလိပ်စာကို ပထမဦးဆုံး စသင်သူဖြစ်နေလျှင် TKT ကို ဖြေသင့်ပါသည်။

CELTA (သို့) Delta ကဲ့သို့သော အင်္ဂလိပ်စာသင်ကြားခြင်းဆိုင်ရာ နောက်ထပ်အရည်အချင်းအတွက် ဆက်လက်လေ့လာရန် TKT သည် ကောင်းသောအခြေခံကိုလည်း ပေးပါသည်။

TKT စစ်ဆေးမှုခံယူရန် မည်သည့် တရားဝင် အင်္ဂလိပ်စာအရည်အချင်းကိုမှ မလိုအပ်ပါ။

မည်သည့် module များ ရရှိနိုင်ပါသလဲ။

TKT module များကို အတွဲလိုက်သော်လည်းကောင်း၊ တစ်ခုချင်းသော်လည်းကောင်း ရွေးချယ်နိုင်ပါသည်။

အဓိက module (Core modules) 1-3

  • TKT Module 1: Background to language teaching
  • TKT Module 2: Planning for language teaching
  • TKT Module 3: Classroom management

အထူးကျွမ်းကျင်မှုပြု  module များ (Specialist modules)           

  • TKT Knowledge about language (KL)
  • TKT Content and Language Integrated Learning (CLIL)
  • TKT Young Learners (YL)

မော်ဂျူးတစ်ခုစီတွင် မေးခွန်း အခု(၈၀)ပါဝင်ပြီး အချိန်မိနစ်(၈၀)ကြာပါသည်။

စစ်ဆေးမှုခံယူပြီးနောက် (၂)ပတ်အကြာတွင် ရလဒ်များကို ရယူနိုင်ပါသည်။ အောင်/ရှုံးမရှိပါ။ သင်၏ ရလဒ်ကို Band score ဖြင့် ဖော်ပြပါသည်။ Band 1 သည် အားအနည်းဆုံးဖြစ်ပြီး သင့်တွင် ထိုဘာသာရပ်နှင့် သက်ဆိုင်သော အသိပညာနှင့် ကျွမ်းကျင်မှုတို့သည် အကန့်အသတ်ရှိကြောင်း ဖော်ပြနေပါသည်။  Band 4 သည် အားအကောင်းဆုံးဖြစ်သည်။ သင်၏ ကျယ်ပြန့်သောအသိပညာနှင့် ကျွမ်းကျင်မှုတို့ကို ဖော်ပြပါသည်။

See also

မျှဝေပါ