သင်သည် ဘာသာစကားစွမ်းရည်များကို အကောင်းဆုံးဖြစ်အောင် လေ့ကျင့်လိုသူပဲဖြစ်ဖြစ်၊ သင်ဟာကျောင်းသား (သို့) ကျွမ်းကျင်ပညာရှင်တစ်ဦးပဲဖြစ်ဖြစ် သင်နှင့်သင့်တော်သော စာမေးပွဲ ကျွန်ုပ်တို့မှာရှိပါသည်။ ဘယ် General English အရည်အချင်းတွေက သင့်အတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ရှာပါ။

Cambridge English: Key (KET) and Key for Schools (KETfS)

Cambridge English :Key ။ ၎င်းကို Key English Test (KET) ဟုလည်း ခေါ်ပါသည်။ ၎င်းသည် Cambridge English  နယ်ပယ်တွင် အနိမ့်ဆုံးအဆင့်ရှိသော General English စာမေးပွဲဖြစ်ပါသည်။ ၎င်းစာမေးပွဲက နေ့စဉ် ဖြစ်ရိုးဖြစ်စဉ်အခြေအနေတိုင်း၌ အခြေခံအင်္ဂလိပ်စကားဖြင့် သင်ပြောဆိုဆက်ဆံနိုင်ကြောင်းကိုဖော်ပြပါသည်။ 

Cambridge English :Key for Schools (KETfS) သည် Cambridge English : Key နှင့်အဆင့်တူပြီး နိုင်ငံတကာ ကလက်ခံသော တူညီသည့် လက်မှတ်ကိုပေးပါသည်။ တစ်ခုတည်းသော ခြားနားချက်ကတော့ စာမေးပွဲ၌ပါဝင်သော အကြောင်းအရာများသည် ကျောင်းသားများ၏ စိတ်ဝင်စားမှုနှင့် အတွေ့အကြုံများကို ဦးတည်ထားပါသည်။

အရည်အချင်းအဆင့် (Level of qualification) = Common European Framework ၏ A2 

ဒီစာမေးပွဲကို ဘယ်သူတွေဖြေသင့်ပါသလဲ။

အင်္ဂလိပ်စာကို နာရီပေါင်း(၂၅၀)မျှ သင်ယူပြီး(သို့) လေ့ကျင့်ပြီး အခြေခံအင်္ဂလိပ်စကားကို ပြောနိုင်၊ ရေးနိုင်၊ နားလည်နိုင်ပါက KET ကိုဖြေသင့်ပါသည်။ ၎င်းစာမေးပွဲသည် အနာဂတ်တွင် အလုပ်(သို့) ပညာသင်ယူရန် သင်၏အင်္ဂလိပ်စာ စွမ်းရည်များ ပိုမိုတိုးတက်အောင် ပြုလုပ်ရာတွင် ပထမအဆင့်ဖြစ်ပါသည်။ ဤစာမေးပွဲဖြေဆိုရန် သင့်အနေဖြင့်-

  • သင့်အကြောင်းနှင့် အခြားသူများအကြောင်းကို အမေး၊ အဖြေပြုလုပ်နိုင်ရန်
  • ဖြည်းဖြည်းနှင့် ရှင်းလင်းပြတ်သားစွာပြောသော ကြေညာချက်များနှင့် ညွှန်ကြားချက်များကို နားလည်နိုင်ရန်
  • သင်ဖတ်ဖူး(သို့)ကြားဖူးသော အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ သင့်ထင်မြင်ချက်ကို တခြားသူ အားပြောပြနိုင်ရန် လိုအပ်ပါသည်။ 

စာမေးပွဲ၏ပုံစံ 

စာမေးပွဲတွင်ကဏ္ဍသုံးခုပါဝင်ပါသည်။ အဖတ်၊ အရေးနှင့်အကြားစစ်ဆေးမှုများကို တစ်ရက်တည်းနှင့် အပြီးစစ်ဆေးပါသည်။ အပြောစစ်ဆေးမှုခံယူရန် နောက်တစ်ရက် ပြန်လာရန်လိုပါလိမ့်မည်။ အပြောစွမ်းရည်စစ်ဆေးမှုကို စစ်ဆေးသူ(၂)ဦးအပြင် တခြားစာဖြေသူတစ်ဦးနှင့် အတူခံယူရပါမည်။

KET / KETfS Reading and Writing Listening Speaking
ခွင့်ပြုချိန် ၁ နာရီ ၁၀ မိနစ် ၃၀ မိနစ် ဖြေဆိုသူ နှစ်ယောက်တွဲ တစ်တွဲလျှင် ၈-၁၀ မိနစ်
အမှတ် (စုစုပေါင်းရမှတ်၏ ရာခိုင်နှုန်း) ၅၀ ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်း

Cambridge English: Preliminary (PET) and Preliminary for Schools (PETfS)

Cambridge  English : Preliminary ၊ ၎င်းကို Preliminary English Test (PET) နှင့် Preliminary English Test for Schools (PETfS) ဟုလည်းခေါ်ပါသည်။ ၎င်းစာမေးပွဲက နေ့စဉ်ဖြစ်ရိုးဖြစ်စဉ် အခြေအနေများ၌ သင်သည် အင်္ဂလိပ်စကားဖြင့် ပြောဆိုဆက်ဆံနိုင်ကြောင်းကို ဖော်ပြပါသည်။ Professional English အရည်အချင်းအတွက် လေ့လာသင်ယူ လိုပါက ဤစာမေးပွဲမှ အခြေခံကောင်းကောင်းရရှိနိုင်မှာ ဖြစ်ပါသည်။ 

အရည်အချင်းအဆင့် (Level of qualification) = Common European Framework ၏ B1

ဤစာမေးပွဲကို ဖြေဆိုရန်သင့်တော်သူများ

PET စာမေးပွဲကို ဖြေဆိုခြင်းသည် ခရီးသွားသောအခါ(သို့) အလုပ်အတွက် အင်္ဂလိပ်စကားပြောသူများနှင့် ပြောဆို ဆက်ဆံရာတွင် သင့်အင်္ဂလိပ်စာကို တိုးတက်အောင်ပြုလုပ်ပေးပါသည်။ - 

ဤစာမေးပွဲကို ဖြေဆိုနိုင်ရန် သင့်အနေဖြင့်

  • သင့်အကြိုက်များနှင့် မကြိုက်သောအရာများကို ဖော်ပြ၍ ၎င်းတို့ကို တခြားသူများနှင့် ဆွေးနွေးတတ်ရန်
  • ပြောကြားသော(သို့)ရေးသား၍ ဖော်ပြထားသော ကြေညာချက်များ၊ ညွှန်ကြားချက်များကို နားလည်ရန်
  • ကိုယ်ပိုင်စာ (Personal letter) ရေးခြင်း (သို့) အစည်းအဝေး(သို့) ဆွေးနွေးမှု တစ်ခုခုအတွက် မှတ်စု လိုက်ရေးတတ်ရန် လိုအပ်ပါသည်။ 

စာမေးပွဲလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံဆောင်ရွက်နည်း

ဤစာမေးပွဲတွင် ကဏ္ဍသုံးခုပါဝင်ပါသည်။ အဖတ်၊ အရေးနှင့် အကြားစွမ်းရည်စစ်ဆေးမှုများကို တစ်ရက်တည်း တွင်ပြုလုပ်ပါသည်။ အပြောစွမ်းရည်စစ်ဆေးမှုအတွက် နောက်တစ်ရက်၌လာရန် လိုနိုင်ပါသည်။ အပြောစစ်ဆေးမှု ကို စစ်ဆေးသူ(၂)ဦးနှင့် တခြားစာဖြေသူတစ်ဦးနှင့်အတူ ခံယူရပါမည်။ 

PET / PETfS Reading and Writing Listening Speaking 
ခွင့်ပြုချိန် ၁ နာရီ ၃၀ မိနစ် ၃၀ မိနစ် ဖြေဆိုသူ နှစ်ယောက်တွဲ တစ်တွဲလျှင် ၁၀-၁၂ မိနစ်
အမှတ် (စုစုပေါင်းရမှတ်၏ ရာခိုင်နှုန်း) ၅၀ ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်း

Cambridge English: First (FCE) and First for Schools (FCEfS)

Cambridge English : First” ၄င်းကို First Certificate in English (FCE) နှင့် First Certificate in English for Schools (FCEfS) ဟုလည်း ခေါ်ပါသည်။ ဤအင်္ဂလိပ်စာအရည်အချင်းသည် သင်သည် အင်္ဂလိပ်စကားပြောသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရန် (သို့) ပညာသင်ယူရန်အတွက် အင်္ဂလိပ်စကားကို ကောင်းကောင်းရေးနိုင် ပြောနိုင် ကြောင်းကို သက်သေပြပါသည်။

Level of qualification = Common European Framework ၏ B2 

ဤစာမေးပွဲကို ဖြေသင့်သူများ

အင်္ဂလိပ်စကားပြောရသော လုပ်ငန်း၌ အလုပ်လုပ်လိုသူများ၊ အင်္ဂလိပ်စကားပြောသော နိုင်ငံတစ်ခုခု၌ နေထိုင်လိုသူများ၊ အင်္ဂလိပ်လိုပို့ချသော အခြေခံအဆင့် (သို့) တက္ကသိုလ်အကြိုသင်တန်းများကို တက်လိုသူများ FCE စာမေးပွဲကို ဖြေဆိုသင့်ပါသည်။

FCE စာမေးပွဲဖြေဆိုရန် သင်သည်-

  • တိုတောင်းသောအစီရင်ခံစာများနှင့် အီးမေးလ်များ ရေးတတ်ရန်
  • အကြောင်းအရာတစ်ခုခုကို အင်္ဂလိပ်လို ရှင်းပြခြင်း (သို့) အသေးစိတ် ဆွေးနွေးတတ်ရန်
  • TV နှင့် သတင်းစာများ၌ပါသော အထွေထွေ အင်္ဂလိပ်စာကို နားလည်ရန် လိုအပ်ပါသည်။

စာမေးပွဲလုပ်ငန်းအဆင့်ဆင့်

FCE စာမေးပွဲတွင် ကဏ္ဍ(၅)ခု ပါဝင်ပါသည်။ အဖတ်၊ အရေး၊ အင်္ဂလိပ်စာ အသုံးချမှုနှင့် အကြားစာမေးပွဲများကို တစ်ရက်တည်းနှင့်အပြီး စစ်ဆေးပါသည်။ အပြောစွမ်းရည်စစ်ဆေးမှုသည် နောက်တစ်ရက်၌ ဖြစ်နိုင်ပါသည်။ အပြောစစ်ဆေးမှုကို စစ်ဆေးသူ(၂)ဦးနှင့် တခြားစာဖြေသူတစ်ဦးနှင့်အတူ ခံယူရပါသည်။

 FCE / FCEfs Reading Writing Use of English Listening Speaking
ခွင့်ပြုချိန် ၁ နာရီ ၁ နာရီ ၂၀ မိနစ် ၄၅ မိနစ် ၄၀ မိနစ် ၁၄ မိနစ်
အမှတ် (စုစုပေါင်းရမှတ်၏ ရာခိုင်နှုန်း) ၂၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း

Cambridge English: Advanced (CAE)

Cambridge English : Advanced - ၎င်းကို Cambridge Advanced Certificate in English (CAE) ဟုလည်း ခေါ်ပါသည်။ ဤအထွေထွေ အင်္ဂလိပ်စာအရည်အချင်းမှာ သင်သည် ကျွမ်းကျင်သော စီးပွားရေးဆိုင်ရာ ပုဂ္ဂိုလ်(သို့) ဘွဲ့ရလူတစ်ဦး၌ ရှိသင့်သော အင်္ဂလိပ်စာအဆင့်ရှိသော သူတစ်ယောက်ဖြစ်ကြောင်း ကိုဖော်ပြပေးပါသည်။ 

အရည်အချင်းအဆင့် (Level of qualification = Common European Framework ၏ C1

ဤစာမေးပွဲကို ဖြေဆိုသင့်သူများ

အတတ်ပညာဆိုင်ရာနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ အခြေအနေများတွင် သင်သည် အင်္ဂလိပ်လို ယုံကြည်မှုအပြည့် နှင့် ပြောဆိုဆက်ဆံနိုင်ကြောင်း ကို အလုပ်ရှင်များ(သို့) တက္ကသိုလ်များကို သက်သေပြလိုသောသူများ ဤစာမေးပွဲ ကိုဖြေသင့်ပါသည်။ ဤစာမေးပွဲဖြေဆိုနိုင်ရန် သင့်အနေဖြင့် -

  • ခက်ခဲရှုပ်ထွေးသော အစီရင်ခံစာများနှင့် e-mail များ ရေးခြင်းနှင့် အစည်းအဝေး (သို့) ပို့ချချက် တစ်ခုခုတွင် မှတ်စုများ လိုက်ရေးနိုင်ရန်
  • Englishစာနှင့်သက်ဆိုင်သော နက်နဲသည့်အကြာင်းအရာများအပေါ် တင်ဆက်မှုများ (Presentation) ပြုလုပ် နိုင်ရန်
  • ရသစာပေမှ စ၍ သတင်းစာများ၌ပါသော ထင်မြင်ချက်ဆောင်းပါများအဆုံး - အမျိုးမျိုးသော စာပိုဒ်များကို နားလည်ရန် လိုအပ်ပါသည်။

စာမေးပွဲလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံဆောင်ရွက်နည်း 

CAE စာမွေးပွဲတွင် ကဏ္ဍငါးခု ပါဝင်ပါသည်။ အရေး၊ အဖတ်၊ အင်္ဂလိပ်စာ အသုံးချမှုနှင့် အကြားစာမေးပွဲများကို တစ်ရက်တည်းနှင့်အပြီး ဖြေဆိုရမှာဖြစ်ပါသည်။ အပြောစစ်ဆေးမှုကိုတော့ နောက်တစ်ရက်တွင် ပြုလုပ်မှာ ဖြစ်ပါသည်။  အပြောစစ်ဆေးမှုကို စစ်ဆေးသူ (၂)ဦးနှင့် အခြားစာဖြေသူ တစ်ဦးနှင့်အတူ ဖြေရမှာဖြစ်ပါသည်။

 CAE Reading Writing Use of English Listening Speaking
ခွင့်ပြုချိန် ၁ နာရီ ၁၅ မိနစ် ၁ နာရီ ၃၀ မိနစ် ၁ နာရီ ၄၀ မိနစ် ဖြေဆိုသူ နှစ်ယောက်တွဲ တစ်တွဲလျှင် ၁၅ မိနစ်
အမှတ် (စုစုပေါင်းရမှတ်၏ ရာခိုင်နှုန်း) ၂၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း
မျှဝေပါ