Cambridge English Qualifications: Business Preliminary ကို Business English Certificate Preliminary (BEC Preliminary) ဟုလည်း ခေါ်ဆိုပါသည်။ Cambridge English Qualifications Business Certificates ၃-ခု တွင် ပထမဆုံးဖြစ်ပါသည်။ ထိုအရည်အချင်းကို ရခြင်းဖြင့် နေ့စဉ်လက်တွေ့လုပ်ငန်းခွင်အနေအထားတွင် အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်ကြောင်း အလုပ်ရှင်အားပြသနိုင်ပါသည်။ Cambridge English Qualifications: Preliminary (PET) နှင့်အဆင့်တူသော်လည်း လုပ်ငန်းခွင်အနေအထားများကို ဦးတည်ထားပါသည်။
အရည်အချင်းအဆင့် - Intermediate- B1 (Common European Framework) အရ
မည်သူတို့ဖြေဆိုသင့်ပါသနည်း။
သင့်အင်္ဂလိပ်စကားနှင့် သင့်လုပ်ငန်းကို တိုးတက်စေလိုလျှင် ဒီစာမေးပွဲကို ဖြေဆိုသင့်ပါသည်။
BEC Preliminary အတွက်လေ့လာခြင်းဖြင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းခွင် အနေအထားများတွင် လိုအပ်သည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှု အခြေခံကောင်းပေးနိုင်ပါသည်။
စာမေးပွဲဖြေဆိုရန်အတွက် -
- တယ်လီဖုန်းပြောစကား အတိုအထွာများ၊ အထွေထွေလုပ်ငန်းခွင်ဆွေးနွေးမှုများ လိုက်နိုင်ရပါမည်။
- မှာကြားခြင်း၊ အထွေထွေမေးမြန်းမှုများဖြေကြားခြင်းစသည့် လုပ်ငန်းခွင်ဆောင်ရွက်မှုများ ဆွေးနွေးရပါမည်။
- စီးပွားရေးစာတို၊ အီးမေးလ်အတိုများ ချက်ကျလက်ကျရေးရပါမည်။
စီးပွားရေးအင်္ဂလိပ်စာ စာမေးပွဲသုံးပိုင်းရှိပါသည်။ အရေး၊အဖတ်စွမ်းရည်နှင့် နားထောင်မှုစွမ်းရည်များကို တစ်နေ့တည်းဖြေဆိုရပါမည်။ စကားပြောစစ်ဆေးရန် တစ်နေ့တည်း သို့မဟုတ် နောက်တစ်နေ့ ပြန်လာရပါမည်။ စကားပြောအပိုင်းကို စစ်ဆေးသူ နှစ်ယောက် သို့မဟုတ် တစ်ယောက်၊ တခါတရံ အခြားဖြေဆိုသူနှစ်ယောက်တို့နှင့် ဖြေဆိုရပါမည်။
|
အရေး၊အဖတ်စွမ်းရည် |
နားထောင်မှုစွမ်းရည် |
စကားပြောစွမ်းရည် |
အချိန် |
၁ နာရီ ၃၀ မိနစ် |
၄၀ မိနစ် |
၁၂ မိနစ် |
အမှတ်(ရာနှုန်း) |
၅၀% |
၂၅% |
၂၅% |