မန္တလေးမြို့ တွင်အပတ်စဉ် ကျင်းပပေးသည့် IELTS on Computer စာမေးပွဲများကိုယာယီရပ်ဆိုင်းထားပါသည်။စာမေးပွဲစစ်ဆေးပေးသည့်ဌာနမှ စာမေးပွဲပြန်လည်ဖြေဆိုနိုင်မည့် ရက် နှင့်အချိန်ကိုပြန်လည်အကြောင်းကြားပေးသွားပါမည်။
ဗြိတိသျှကောင်စီ နဲ့အတူ IELTS ကိုအကောင်းဆုံးပြင်ဆင်လိုက်ပါ။ကွန်ပျူတာနဲ့ ဖြေဆိုရသော IELTS စာမေးပွဲများအတွက် ၁ရက် မှ ၅ရက် အတွင်း ရလဒ်ကိုသိရှိနိုင်ပါပြီ။
မြန်မာနိုင်ငံရှိ ဗြိတိသျှကောင်စီသည် IELTS စာမေးပွဲများကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တို့တွင် အစဉ်မပြတ်ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ တရားဝင်စာမေးပွဲစင်တာများတွင် စာရွက်ဖြင့် ဖြေဆိုရသော IELTS နှင့် ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS များပြုလုပ်ပေးတာကြောင့် သင့်အတွက် မည်သည့်စာမေးပွဲသည် အကောင်းဆုံးဖြစ်သည်ကိုရှာဖွေ ရွေးချယ်ပါ။
လက်ရှိတွင် ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS စာမေးပွဲများနှင့်အဖြေလွှာစာရွက်ဖြင့်ဖြေဆိုရသော IELTS စာမေးပွဲများကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင်ဖြေဆိုနိုင်ပါသည်။
IELTS အွန်လိုင်း စာမေးပွဲ ကိုရွေးချယ်၍လည်း မိမိနေအိမ် (သို့) မိမိကြိုက်နှစ်သက်ရာ အင်တာနက်ကောင်းမွန်သော မည်သည့်နေရာတွင်မဆို IELTS Acadamic ကိုဖြေဆိုနိုင်ပါသည်။
မြန်မာနိုင်ငံ အတွင်းရှိ IELTS စာမေးပွဲကြေးများ
စာမေးပွဲအမျိုးအစား | စာမေးပွဲကြေး | စာရင်းပေးရန် |
---|---|---|
IELTS on Computer (Academic) - in a test centre | ၈၀၅,၀၀၀ ကျပ် | |
IELTS on Paper (Academic) - in a test centre | ၇၅၉,၀၀၀ ကျပ် | |
IELTS on Computer (General Training) - in a test centre | ၈၀၅,၀၀၀ ကျပ် | |
IELTS on Paper (General Training) - in a test centre | ၇၅၉,၀၀၀ ကျပ် | |
IELTS Academic Online - မိမိ နေအိမ် (သို့) ကြိုက်နှစ်သက်ရာ အင်တာနက်ကောင်းမွန်သော မည်သည့်နေရာတွင်မဆို ဖြေဆိုနိုင်ပါသည် | ၁၉၀ ဒေါ်လာ | |
IELTS for UKVI on Computer (Academic) - in a test centre | ၇၇၈,၀၀၀ ကျပ် | စာရင်းပေးရန် |
IELTS for UKVI on Paper (Academic) - in a test centre | ၇၇၈,၀၀၀ ကျပ် | စာရင်းပေးရန် |
IELTS for UKVI on Computer (General Training) - in a test centre | ၇၇၈,၀၀၀ ကျပ် | စာရင်းပေးရန် |
IELTS for UKVI on Paper (General Training) - in a test centre | ၇၇၈,၀၀၀ ကျပ် | စာရင်းပေးရန် |
IELTS Life Skills (A1, A2 and B1) - in a test centre | ၅၆၆,၀၀၀ ကျပ် |
IELTS စာမေးပွဲကြေးများသည် ကြိုတင်အသိပေးမှုမရှိပဲ ပြောင်းလဲသတ်မှတ်နိုင်ပါသည်။
*IELTS Online (Academic) စာမေးပွဲသည် Regional IELTS စာစစ်ဌာနမှတိုက်ရိုက် ဝန်ဆောင်မှုပေးသည့်စာမေးပွဲဖြစ်ပါသဖြင့် စာမေးပွဲကြေးအား အမေရိကန်ဒေါ်လာဖြင့် သက်ဆိုင်ရာစာစစ်ဌာနသို့ တိုက်ရိုက် ပေးဆောင်ရပါမည်။ မိမိ အသုံးပြုသောဘဏ်အလိုက် ငွေလွှဲအပ်နှုန်းထား ပြောင်းနိုင်ပါသည်။
IELTS On Computer/On Paper (Academic,General Training,Life Skills,UKVI) စာမေးပွဲကြေးများကို AYA မိုလ်ဘိုင်းဘဏ်စနစ် (သို့) AYA Pay (သို့) နီးစပ်ရာ AYA ဘဏ်များမှ တဆင့်သော်လည်းကောင်း၊ ရန်ကုန် ကမ်းနားလမ်း ဗြိတိသျှကောင်စီရုံ၌ ဘဏ်ကတ်ဖြင့်သော်လည်းကောင်းလာရောက်ပေးချေနိုင်ပါသည်။
စာမေးပွဲကြေးတွင် ပြင်ဆင်မှုအတွက် material များ၊ လေ့ကျင့်ခန်းများ အခမဲ့ပါရှိပါသည်။
မြန်မာနိုင်ငံ အတွင်းရှိ IELTS စာမေးပွဲကြေးများသည် ကြိုတင်အသိပေးမှုမရှိပဲ အပြောင်းအလဲဖြစ်နိုင်ပါသည်။ယူကေထံ ပြောင်းရွှေ့နေထိုင်ရန် ဗီဇာလျှောက်ထားခြင်းဖြစ်လျှင် ယူကေဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး (UKVI)အတွက် IELTS စာမေးပွဲကို ဖြေဆိုရန်လျှောက်ထားရမည်။